
(၃၃) ကြိမ်မြောက် သာမန်တနင်္ဂနွေ နိုဝင်ဘာ ၁၅၊ ၂၀၂၀

(၃၃) ကြိမ်မြောက် သာမန်တနင်္ဂနွေ နိုဝင်ဘာ ၁၅၊ ၂၀၂၀ အနန္တတန်ခိုးတော်ရှင် ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူရဲ့ ချစ်မြတ်နိုးခြင်းခံရတဲ့ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊ လူသားတို့ရဲ့ နှစ်သိမ့်ခြင်းအရှင်၊ ကယ်တင်ရှင် ယေဇူးခရစ်တော်နာမတော်၌ သင်တို့ကို ကျွန်ုပ် နှုတ်ခွန်းဆက်ပါတယ်။ ဒီတစ်ပတ်မှာတော့ ကျွန်ုပ်တို့ဟာ စိတ်သက်သာရာ ရစေတဲ့ အကြောင်းတွေ၊ သတင်းကောင်းတွေနဲ့ စုရုံးရောက်ရှိလာကြပါပြီ။ ကျွန်ုပ်တို့နိုင်ငံမှာ ရွေးကောက်ပွဲကို ငြိမ်းငြိမ်း ချမ်းချမ်း ကျင်းပနိုင်ခဲ့တဲ့အတွက်လည်း ကျွန်ုပ်တို့ဝမ်းမြောက် ကြရပါတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်က စိတ်ကူးအိပ်မက် အဖြစ်သာ ရှိနေခဲ့တဲ့ ဒီမိုကရေစီဟာ အခုဆိုရင်တော့ ကျွန်ုပ်တို့အားလုံးရဲ့နှလုံးသားထဲမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေပါပြီ။…









