
အပြင်းစား ယုံကြည်ခြင်း 13 Sunday 2021

အပြင်းစား ယုံကြည်ခြင်း +++++++++++++++ ဒီတစ်ပတ်ဧဝံဂေလိကျမ်း ရှင်မာကု (၅ း ၂၁ – ၄၃)မှာ သခင်ယေဇူးက တရားဇရပ်မှုး ဂျိုင်းရုရဲ့ သမီးငယ်လေးကို အသက်ပြန်ရှင် စေခြင်းနှင့် သွေးသွန်နာစွဲကပ်နေတဲ့ အမျိုးသမီးကို ရောဂါပျောက်ကင်းစေတဲ့အကြောင်းကို ထောက်ရှုရပါတယ်။ တချို့သော သူတွေအတွက် ယုံကြည်ဖို့အတွက် သက်သေအထောက်ထားတွေ လိုအပ်တယ်။ ယုံကြည်ဖို့အတွက် တွေ့မြင်ဖို့လည်း လိုတယ်လို့ ဆိုကြတယ်။ တရားဇရပ်မှုးနှင့် ရောဂါသည် အမျိုးသမီးတို့အတွက်တော့ ယုံကြည်ဖို့အတွက် ဘာမှ တွေ့မြင်စရာ မလိုခဲ့ပါဘူး။ ဘုရားရှင်ရဲ့ တန်ခိုးလက္ခဏာ ကို မြင်တွေ့ဖို့အတွက်သာ…









