
ဇွန်လ(၂၂)#ဘက်သလေဟိမ်မြို့ရှိယေဇူး_ရွှေနှလုံးတော်။

ဇွန်လ(၂၂)#ဘက်သလေဟိမ်မြို့ရှိယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ ဘက်သလေဟိမ်မြို့မှ ငါ၌ရှိသောနှလုံးတော်ကားကလေးသူငယ်၏ နှလုံးဖြစ်၏။ ဘုရား၏နှလုံး တော်လည်းဖြစ်ပေသတည်း။ ငါသည် သူငယ်တော်အဖြစ်နှင့် ရှေ့အစဉ်အလာကို မျှော်ကြည့်သောအခါ ငါ၏နွားစား ခွက်သို့လာ၍ ဒူးထောက်ကြမည့်ကလေးများကိုတွေ့ဘိ၏။ ငါသည်လူလားမြောက်သောအရွယ်ဖြင့် ဤလောက၌ ပေါ်ထွန်းနိုင်တော်မူ၏။ သို့သော်လည်း ငါသည်ဤကဲ့သို့ပေါ်ထွန်းခဲ့ပါလျှင် ကလေးသူငယ်တို့သည် ငါပေးလိုသော ပုံစံတော်ကို ရကြမည်မဟုတ်ပေ။ ငါဖွားမြင်ရာနွားစားခွက်သို့ ချည်းကပ်ပြီးလျှင် တကိုယ်ကောင်းစိတ် မရှိအပ်ကြောင်းကိုသင်ကြားပါလော။ ငါသည်နန်းတွင်း၌ ဖွားမြင်ခြင်းကိုခံနိုင်၏။ သို့ရာတွင်ဆင်းရဲသောသူတို့သည် ငါ့အပါးသို့ချဉ်းကပ်ဝံ့မည်မဟုတ် ကြောင်း ငါ့ထံသို့ တယောက်မကျန်လာရောက်၍ ဖူးမျှော်နိုင်ကြရန် ငါသည်စည်းစိမ်ခံစားခြင်းအားလုံးကို ပယ်ရှားခဲ့ ၏။ မရှိနွမ်းပါးဆင်းရဲသားတို့အား မည်သို့ချစ်ခင်အရေးယူပြုစုရမည်ကို…









