rvamyanmar

rvamyanmar

ကျမ်းစာသင်တန်း အပိုင်း (၁) – ” ယုံကြည်ခြင်း “

ကျမ်းစာသင်တန်း အပိုင်း (၁) ဒီတစ်ပတ် ကျမ်းစာသင်တန်း ပို့ချခြင်း ကဏ္ဍမှာ ” ယုံကြည်ခြင်း ” ခေါင်းစဉ်ဖြင့် #ရှင်ယောဟန် ၁း၁ ကိုအခြေပြု၍ Rev. Fr. Augustine Win Myint ကနေ ပို့ချပေးသွားမှာဖြစ်ပါတယ် ။ ဤအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ည (7:00) နာရီ အချိန်တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ် ။ ရိုက်ကူး – ပင်ကီ တည်းဖြတ် – ပေါလ် # rvapastoralcare #BibleClass #Faith

ဘာသာရေး အမေးအဖြေကဏ္ဍ အပိုင်း ( ၁ )

ဘာသာရေး အမေးအဖြေကဏ္ဍ အပိုင်း ( ၁ ) ဒီတစ်ပတ် ဘာသာရေး အမေးအဖြေကဏ္ဍ မှာ ” ခရစ်တော်သည် တိဘက်ပြည်သို့ကြွ၍ တိဘက်ပြည်ရှိ ဗုဒ္ဓဘာသာဝင်ဆရာတော်ကြီး တစ်ပါးထံ တပည့်ခံယူခဲ့သည်ဟူသည့် အကြောင်းကို မှန်မမှန်သိရှိနိုင်ရန် သမိုင်းအထောက်အထားများနှင့် ဖြေကြားပေးပါဆိုတဲ့ ” မေးခွန်းကို Rev. Msgr. Dominic Jyo Du ကနေ ဖြေကြားပေးသွားမှာဖြစ်ပါတယ် ။ ဒီအစဉ်အစဉ်ကို အပတ်စဉ် စနေနေ့ ည (7:00)နာရီ အချိန်တွင် ထုတ်လွှင့် ပေးသွားမှာဖြစ်ပါတယ် ။ ရိုက်ကူး/တည်းဖြတ်…

ဘုရားစကားသင်ကြားခြင်းအစီအစဉ် အပိုင်း (၁)

ဘုရားစကားသင်ကြားခြင်းအစီအစဉ် အပိုင်း (၁) ကလေးများအတွက် ဘုရားစကားသင်ကြားခြင်းအစီအစဉ် ဒီတပတ် ဘုရားစကားသင်ကြားခြင်းအစီအစဉ်မှာ ” ကယ်တင်ရှင် ယေဇူး ဖွားမြင်တော်မူခြင်း ” အကြောင်း ကို ဖာသာရ် ဩဂတ်စတင်း ဝင်းမြင့် ကနေ သင်ကြားပေးသွားမှာဖြစ်ပါတယ် ။ ကလေးသူငယ်များအတွက် ဘုရားစကားစာမေးပွဲစစ်ခြင်းနှင့် ဆုပေးခြင်းအစီအစဉ်များလည်းပါဝင်မှာဖြစ်ပါတယ် ။   ဒီအစီအစဉ်ကို အပတ်စဉ် ကြာသပတေးနေ့ ည ( 7:00) နာရီအချိန်တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ် ။

” ဘုရားရှာခြင်း – အပိုင်း- ၂၉ “

အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၂၉ ” ကိုတင်ဆက်ပေးသွားမှာပါ။

ကာဒီနယ်ချားလ်စ်ဘို  ၏ (၂၇)ကြိမ်မြောက်သာမန်တနင်္ဂနွေ ဩဝါဒ

ကာဒီနယ်ချားလ်စ်ဘို  ၏ (၂၇)ကြိမ်မြောက်သာမန်တနင်္ဂနွေ ဩဝါဒ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့… ယေဇူးကိုယ်တော်ကို သခင်ဘုရားအဖြစ် မိမိရဲ့နှုတ်နဲ့ သက်သေခံကြတဲ့ သူတိုင်း ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ကောင်းချီးမင်္ဂလာအပေါင်း ခံစားကြရပါစေ။ ယခု ကာ လဟာ ကိုဗစ် ကပ်ရောဂါရဲ့ ဒုတိယလှိုင်းဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့ ကာလ ဖြစ်ပါတယ်။ သန်းပေါင်းများစွာသောလူတွေ၊ အထူးသဖြင့် ဆင်းရဲ ငတ်မွတ်ခြင်းဘေးကိုပါ ခံစားနေကြတဲ့သူတွေ အဖို့ကတော့ ကြောက်ရွံ့ စိတ်၊ စိုးရိမ်ထိတ်လန့်စိတ်တွေကြီးစိုးတဲ့ကာလလို့လည်း ဆိုနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီကာလဟာ စည်းလုံးညီညွတ်မှုကို ပြရမယ့်ကာလ၊ မိမိတို့ရဲ့သဒ္ဓါရက်…

အောက်တိုဘာ စိပ်ပုတီးလ၊

အောက်တိုဘာစိပ်ပု တီးလ၊ စိပ်ပုတီးလ သမိုင်း အောက်တိုဘာစိပ်ပုတီးလကို၊ ရ ဟန်းမင်းကြီးပီအုစ့် (၅) မှ၊ (၁၅၇၃) ဧပြီလ (၃၀) ရက်နေ့၌ သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ဤသို့ သတ်မှတ်ရခြင်း၏၊ ရည်ရွယ်ချက်မှာခရူးဆိပ်စစ်ပွဲအတွင်းအပြင်းထန်ဆုံးဖြစ်ခဲ့သောလက်ပန်တိုအ ရပ်တိုက်ပွဲ၌တူရာကီများနှင့်ခရစ်ယာန်တို့ကြားစစ်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲ၌ အရေးနိမ့်ဖွယ်ကြုံနေခဲ့ရာ၊ စပ်ပုတီး စိပ်၍အမိမယ်တော် ၏ကြားဝင်ထပ်ဆင့်ဆုတောင်းပေးကိုခံယူ၍ဘုရားရှင်အားတောင်းလျှောက်ရာမှတိုက် ပွဲသည်အောင်မြင်ခဲ့ သည်ကိုအမှတ်ရပြီး၊ ကျေးဇူးတော်တင်ရန်ဖြစ်ပါသည်။ ထို့နောက်ရဟန်းမင်း ကြီးကလေးမင်းလက်ထက်(၁၇၁၆) ခုနှစ်၌ ကမ္ဘာပေါ်ရှိကက်သလစ်အသင်းတော်ကြီးတစ်ခုလုံးသို့အသိပေးကြေငြာလိုက်ပါတော့သည်။ စိပ်ပုတီးစိပ်ခြင်း၊ ဖြစ်ပေါ်ပြောင်းလဲလာမူ၏၊ သမိုင်းသည်ရှည် လျားလှပါသည်။ အကြောင်မှာ၊ ဆာလံကျမ်း အခန်းကြီးပေါင်း (၁၅၀) ရှိသည်ကိုအကြောင်းပြုပြီး၊ အစကနဦးဍ်၊…

” သဘာဝပတ်ဝန်းကျင်နှင့် လူသားများ ”

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်မှာ ” သဘာဝပတ်ဝန်းကျင်နှင့် လူသားများ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက်/တည်းဖြတ်- ဝီလျံဇော်နိုင်ဦး Photos Credit : Google Images Source: Laudato Si #rvapastoralcare #Environment #ClimateChange #LaudatoSi

အောက်တိုဘာ(၂) #ကျွန်ုပ်ရဲ့ကိုယ်စောင့်သကြား

အောက်တိုဘာ(၂) #ကျွန်ုပ်ရဲ့ကိုယ်စောင့်သကြား Memorial of the Holy Guardian Angel ဘဝမှာ စိုးရိပ်ပူပန်ဖူူးသလား။ ကြောက်ဖူးသလား။ သောကတွေနဲ့ စိတ်နာဖူးသလား။ တကယ်တော့ ဘုရားသခင်က ကျွန်ုပ်တို့ကိုဘယ်တော့မှ မမေ့ပါဘူး။ စိတ်ထိခိုက်အောင်လည်း လုပ်မှာမဟုတ်ပါဘူး ဆိုတာ လူတိုင်းယုံကြည်နိုင်တယ်။ ဘဝမှာ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်သောက တွေနဲ့ တွေ့ကြုံနိုင်ပေမယ့် ဘုရားသခင်က ကျွန်ုပ်တို့ကို စောင့်ရှောက်ဖို့ ကိုယ်စောင့်သကြား (သကြားတမန်) တစ်ပါးစီကို အမြဲတမ်း တာဝန်ပေးထားပါတယ်။ သမ္မာကျမ်းစာထဲ မှာ “သင်တို့သည် ဤသူငယ် တို့တွင် တစ်ဦး…

စိန့်ထရေဇားပွဲနေ့

# စိန့်ထရေဇားပွဲနေ့ အောက်တိုဘာ(၁): ရဟန္တာထ​ရေဇား၏ လမ်းစဉ်ကိုလိုက်​ကျင့်​ရင်း သူမ၏နာမည်ကိုခံယူသူများနှင့်​အသင်းဂိုဏ်းများအားလုံးကို Happy Feast Day to you All! လို့ နှုတ်ဆက်လိုက်​ပါတယ်​။ ကျွန်ုပ်တို့ ခရစ်​ယာန်​တွေ အားလုံးရဲ့ အဓိကပန်းတိုင်က​ ရဟန္တာ ဖြစ်ဖို့ပါ။ ဘယ်လိုလူတွေကို ရဟန္တာလို့ ခေါ်တာလဲ။ လောက​မှာ သူတို့ယုံကြည်တဲ့အတိုင်း ပါရမီတွေနဲ့ နေထိုင်ပြီး သေဆုံးတဲ့ တစ်နေ့ ကောင်းကင်​နိုင်​ငံမှာ ဘုရားရှင်​နဲ့အတူ စံစားနေကြသူတွေကို ရဟန္တာ လို့ခေါ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ကျွန်ုပ်တို့ အတုယူ စံပြုထိုက် သူတွေ…