
ကာဒီနယ်ချားစ်ဘို ၏ ခရစ်တော်ဘုရင်ပွဲတော်နေ့ကြီးဩဝါဒ တရားတော်

ကာဒီနယ်ချားစ်ဘို ၏ ခရစ်တော်ဘုရင်ပွဲတော်နေ့ကြီးဩဝါဒ တရားတော် နိုဝင်ဘာ ၂၂၊ ၂၀၂၀ ခရစ်တော်၌ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊ ခရစ်တော်ဘုရင်ရဲ့ကောင်းချီးတော်အားလုံး သင်တို့အပေါ် သက်ရောက်ပါစေ။ ကိုယ်တော်ရှင် ရဲ့ အနန္တတန်ခိုးတော်ကြောင့် သင်တို့ရဲ့နှလုံးသားနဲ့ မိသားစုတွေဟာ ငြိမ်းချမ်းမှုကို ခံစားကြရပါစေ။ ကိုယ်တော်ရှင်ရဲ့နူးညံ့တဲ့လက်တော်ကြောင့် သင်တို့အားလုံး ကုသခြင်းကျေးဇူးကို ခံစားကြရပါစေ။ ကိုယ်တော်ရှင်ရဲ့တရားမျှတမှု ကြောင့် သင်တို့အားလုံး ကြီးပွားချမ်းသာခြင်းကို ခံစားကြရပါစေ။ အာဒ်ဝင်တူးကာလကို မဝင်ရောက်ခင်မှာ အသင်းတော်ဟာ ခရစ်တော်ကို ဘုရင်တစ်ပါးအနေနဲ့ ဖော်ပြလာပါတယ်။ ရှင်ဘုရင်တွေဟာ တိုင်းနိုင်ငံကို ပိုင်စိုးပြီးတော့ စစ်အင်အားနဲ့…









