rvamyanmar

rvamyanmar

စိန့်ဘဲနာဒင်းပွဲနေ့ မေလ-(၂၀): 

စိန့်ဘဲနာဒင်းပွဲနေ့ မေလ-(၂၀): စိန့်ဘဲနာဒင်း St. Bernedine of Siena ဟာ ၁၅-ရာစုမှာ အီတလီနိုင်ငံရဲ့ ကက်သလစ် ယုံကြည်ခြင်းကို ပြန်လည်ရှင်သန်စေခဲ့လို့ “အီတလီနိုင်ငံရဲ့ တမန်တော်” အဖြစ် လူသိများပါတယ်။ အထက်တန်စားအလွှာ မျိုးရအိုးသိုင်းအဝိုးက မွေးလာတဲ့ စီယနာမြို့မှ စိန့် ဗဘဲနာဒင်းဟာ ၁၃၈၀ခုနှစ် စက်တင်ဘာလ ၈ရက်နေ့ မှာ မွေးဖွားသန့်စင်ခဲ့ပါတယ်။ အသက် (၇)နှစ်အရွယ်မှာ သူ့ရဲ့မွေးရင်း မိဘနှစ်ပါးစလုံး ကွယ်လွန်သွားခဲ့ပါတယ်။ ဘုရားတရားကြည်ညိုတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့ရသူပီပီ၊ ဘုရားတရားကြည်ညိုပြီး ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့ လူငယ်လေးဖြစ်လာခဲ့ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက…

မေလ (၂၁): #စိန့်ခရစ္စတိုဖာမဂါလားနစ် & #အပေါင်းအဖော်များပွဲနေ့

မေလ (၂၁): #စိန့်ခရစ္စတိုဖာမဂါလားနစ် & #အပေါင်းအဖော်များပွဲနေ့ စိန့်ခရစ္စတိုဖာမဂါလားနစ် St. Christopher Magallanes သည် တရားတော်အတွက် သူ၏အပေါင်းအဖော်များနှင့်အတူ အသတ်ခံရသည့် မက္ကဆီကိုနိုင်ငံမှ ဓမ္မအာဇာနည် တစ်ပါးဖြစ်သည်။ ၁၉၂၀ခုနှစ် ၀န်းကျင်တွင် မက္ကှဆီကိုတွင် ခရစ်စဒဲယို “Cristero” ကက်သလစ်ကျင့်ဆန်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံခြား သာသနာပြုများကို တားမြစ်ခဲ့သည့်အပြင် မစ္ဆားတရားများကိုလည်း တချို့နေရာများတွင် ပိတ်ပင်ခံခဲ့ရသည်။ စိန့်ခရစ္စတိုဖာမဂါလားနစ်သည် ဒေသခံ လယ်လုပ်သူများကို အစေခံ ကူညီခဲ့သည်။ ရဟန်းဖြစ်သင်ကျောင်းများကို ဖွင့်လှစ်ခဲ့သော်လည်း ကက်သလစ်အသင်းတော်ကို မုန်းတီးသည့် အစိုးရအဖွဲ့က ပိတ်ပင်တားမြစ်ခြင်း ခံခဲ့လေသည်။ ဖရန်စစ်စကင်…

ကမ္ဘာမြေကြီးအတွက်တောင်းဆု

ကမ္ဘာမြေကြီးအတွက်တောင်းဆု အားလုံးစုံကို တတ်နိုင်တော်မူသော အိုအဖဘုရားသခင်၊ ကိုယ်တော်သည် စင်္ကြာဝဠာကြီးအတွင်း နှင့် ဖန်ဆင်းခံ သတ္တဝါငယ်လေးများ အတွင်း၌ပင် တည်ရှိတော်မူပါသည်။ ဤဖြစ်တည်ခြင်းအားလုံးကို နူးညံ့သိမ်မွေ့ခြင်းဖြင့် ကိုယ်တော်သည် ထွေးပိုက်တော်မူသည်။ ဘဝနှင့် လှပခြင်းတရားတို့ကို ကာကွယ်နိုင်ကြရန် ကျွန်ုပ်တို့အပေါ်သို့ ကိုယ်တော်ရှင်၏ ကြီးမြတ်သောချစ်ခြင်းမေတ္တာတော်ကိုသွန်းလောင်းတော်မူပါ။ တဉီးတစ်ယောက်ကိုမျှ ထိခိုက်ခြင်းမပြုပဲလျှက် ၊ ညီအကိုမောင်နှမစိတ်ထား၍ ချစ်ခင်စွာ ယှဉ်တွဲနေထိုင်နိုင်ရန် ကျွန်ုပ်တို့စိတ်နှလုံးအား ငြိမ်သက်ခြင်းနှင့်ပြည့်ဝစေတော်မူပါ။ အိုနွမ်းပါးသူတို့၏ ဘုရားရှင်၊ ကိုယ်တော့် မျက်မှောက်တော်တွင် အဖိုးထိုက်လှသော၊ ဒီကမ္ဘာကြီးမှ အမေ့လျော့ခံရသူများ၊ စွန့်ပယ်ခံရသူများကို ကယ်တင်နိုင်သူများဖြစ်နိုင်ရန် ကျွန်ုပ်တို့ကို ကူညီမစတော်မူပါ။…

သဘာ၀ပတ်၀န်းကျင်စိမ်း လန်းစိုပြေရေးရက်သတ္တပတ်အတွက်ပုပ်ရဟန်းမင်း ကြီး ၏ပန်ကြားချက်

သဘာ၀ပတ်၀န်းကျင်စိမ်း လန်းစိုပြေရေးရက်သတ္တပတ်အတွက်ပုပ်ရဟန်းမင်း ကြီး ၏ပန်ကြားချက် ယခုနှစ်ပါစကားကာလဆဌမပတ်သည် ‘သဘာ၀ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးရက် သတ္တပတ်’ နှင့်တိုက်ဆိုင်နေသည်။ ဤ ရက်သတ္တပတ်သည်လာမည့်တနင်္ဂနွေနေ့အထိသတ်မှတ်ထား သည်။ ယခုနှစ်သည်ရဟန်းမင်းကြီးဖရန်စစ်မှထုတ်ဝေခဲ့သော ‘သဘာ၀ပတ် ၀န်းကျင်စိမ်းလန်းစိုပြေ ရေး’ စာအုပ်၏ (၅) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။ ဤနှစ်ပတ်လည်အချိန်အခါသမယ၌ရဟန်းမင်းကြီးက ယခုကိုဗစ် (၁၉) ရောဂါကပ်ဆိုးကြီးသင့် ရောက်နေချိန်နှင့်ဤနှစ်ပတ်လည်နေ့ ကျရောက်နေသောကြောင့်၊ ကျွန်ုပ်တို့၏ဘုံအိမ်ကိုအထူးဂရုပြု စောင့်ရှောက်ရန်လိုအပ်သည်ကိုပို၍သတိပြုမိလာသည်။ ထို့ကြောင့်လူသားတိုင်း သည်ဖန်ဆင်းခြင်းလုပ် ငန်းတော်ကိုအပြုသဘောဆောင်သည်စိတ်ထားများဖြင့်ပါ၀င်တည်ဆောက်ကြရန်တိုက်တွန်းသည်။ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးရက်သတ္တပတ်၏ဆောင်ပုဒ်မှာ ‘အရာအား လုံးသည်နွယ်ဆက်လျှက်ရှိသည်’ ဟုဖြစ်သည်။ ဤတစ်ပတ်တာကို မေလ (၁၆ မှ ၂၄) ရက်နေ့အထိဖြစ် သည်။…

မြန်မာစာလုံး “ဘုရား” ဆိုသည်မှာ

မြန်မာစာလုံး “ဘုရား” ဆိုသည်မှာ ဘုရားတည်ရှိတော်မူခြင်း အကြောင်းကို စဉ်းစား ရှာဖွေသူ ဒဿနိကပညာရှင်တိုင်းက အဆုံးအစွန်ပြည့်စုံသော သဘောတစ်ခု (သို့) အတိတ်၊ အနာဂတ် ပစ္စုပ္ပန်ဆိုသည့် ကာလသုံး ပါးမှလွတ်ကင်းသော၊ သင်္ခါရတရားမရှိသော၊ အစအဆုံးမရှိသည့် အနာဒိ၊ အနန္တအဖြစ်တော်ရှင်အယူအဆသည် လူ့အတွေး၌ အမြဲသန္ဓေတည်ပါသည်ဟု တညီတညွတ်တည်း မှတ်ချက်ချကြပါသည်။ ထိုအယူအဆကို မည်သည့်ယဉ်ကျေးမှုကမှ ချည်နှောင်မထားနိုင်ပါ။ မည်သည့်ယုံကြည်ရာဘာသာကမှ ကန့်သတ်မထားနိုင်ပါ။ မည်သည့်ခေတ်အခါ၊ ကမ္ဘာ့ရေမြေတောတောင်သဘာဝ ခြားနားမှုကမှ လျစ်လျူရှုမထားနိုင်ကြပါ။ ထိုလောကုတ္တရာမှ အထူးအလွန်ပြည့်စုံကြွယ်ဝတော်မူ ခြင်း အဖြစ်တော်ကို စမ်းသပ်နိုင်ရန် သိပ္ပံနည်းပညာသည် မစွမ်းပါပေ။…

မြန်မာစာလုံး “ဘုရား” ဆိုသည်မှာ

မြန်မာစာလုံး “ဘုရား” ဆိုသည်မှာ ဘုရားတည်ရှိတော်မူခြင်း အကြောင်းကို စဉ်းစား ရှာဖွေသူ ဒဿနိကပညာရှင်တိုင်းက အဆုံးအစွန်ပြည့်စုံသော သဘောတစ်ခု (သို့) အတိတ်၊ အနာဂတ် ပစ္စုပ္ပန်ဆိုသည့် ကာလသုံး ပါးမှလွတ်ကင်းသော၊ သင်္ခါရတရားမရှိသော၊ အစအဆုံးမရှိသည့် အနာဒိ၊ အနန္တအဖြစ်တော်ရှင်အယူအဆသည် လူ့အတွေး၌ အမြဲသန္ဓေတည်ပါသည်ဟု တညီတညွတ်တည်း မှတ်ချက်ချကြပါသည်။ ထိုအယူအဆကို မည်သည့်ယဉ်ကျေးမှုကမှ ချည်နှောင်မထားနိုင်ပါ။ မည်သည့်ယုံကြည်ရာဘာသာကမှ ကန့်သတ်မထားနိုင်ပါ။ မည်သည့်ခေတ်အခါ၊ ကမ္ဘာ့ရေမြေတောတောင်သဘာဝ ခြားနားမှုကမှ လျစ်လျူရှုမထားနိုင်ကြပါ။ ထိုလောကုတ္တရာမှ အထူးအလွန်ပြည့်စုံကြွယ်ဝတော်မူ ခြင်း အဖြစ်တော်ကို စမ်းသပ်နိုင်ရန် သိပ္ပံနည်းပညာသည် မစွမ်းပါပေ။…

သင်၏အရှင်ထာ၀ရဘုရားသခင်ကိုစုံစမ်းခြင်းမပြုရ။

သင်၏အရှင်ထာ၀ရဘုရားသခင်ကိုစုံစမ်းခြင်းမပြုရ။ ယေဇူးသခင်က အစေခံသည်မိမိ၏သခင်ထက်ကြီးမြတ်သည်မဟုတ်။ စေလျွတ်ခြင်းခံရသူသည် လည်းစေလွှတ်သောသူထက်ကြီးမြတ် သည်မဟုတ် ဟုမိန့်တော်မူပါသည်။ (ရှင်ယောဟန် ၁၃:၁၆၊ ၁၅:၂၀) ထို့အတူ သင်တို့သည်ငါ့ ကိုရွေးကောက်ခဲ့ကြသည်မဟုတ်။ ငါသည်သင်တို့ကိုရွေးကောက်ခဲ့ ခြင်းဖြစ်ပြီး၊ သင်တို့သည်သွား၍အသီးသီးကြလျက်သင်တို့၏အသီးသည်အစဉ်အမြဲတည်စေကြလော။ (ရှင်ယောဟန် ၁၅:၁၆) ယေဇူးသခင်၏တရားအရခရစ် ယာန်ဖြစ်လာခြင်းသည်မိ မိကိုယ်မိမိရွေး ကောက်ခဲ့ခြင်းလော။ သို့ မဟုတ်ဘုရားကရွေးကောက်ခြင်းလော့။ မိမိကိုယ်မိမိ စစ်မှန်သောခရစ်ယာန်ဟုခံယူသူများဆန်းစစ်သင့် လှပါသည်။ ထို့အတူမိမိသည် ဘုရားသခင်၏ခေါ်တော်မူခြင်းကိုခံရသူဖြစ်လျှင်မိမိသည်သင်လော၊ အစေ ခံ လော။ သခင်လော၊ ကျွန်လော။ ပြန်လည်ဆန်းစစ်ပါ။ မိမိ၏ဝိညာဉျရေးအသီး အပွင့်များသည်ယေ ဇူးသခင်ပွင့်သီးစေလိုသည့်အစဉ်အမြဲ တည်သောအသီးများ လော။…

” ဘုရားရှာခြင်း – အပိုင်း- ၉ “

အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၉ ” ကိုတင်ဆက်ပေးသွားမှာပါ။

ကြေးစားဘောလုံးသမားဘဝမှ ရဟန်းတစ်ပါးဖြစ်လာသူ Chase Hilgenbrinck

ကြေးစားဘောလုံးသမားဘဝမှ ရဟန်းတစ်ပါးဖြစ်လာသူ Chase Hilgenbrinck Chase Hilgenbrinck သည် အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ကွင်းစီမြို့တွင် ၁၉၈၂ ခုနှစ် ဧပြီလ ၂ ရက် နေ့တွင် မွေးဖွားခဲ့သူဖြစ်သည်။ ငယ်ရွယ်စဉ်ကတည်းက မိဘနှစ်ပါးမှ Chase တို့ ညီအစ်ကိုအား တနင်္ဂနွေနေ့ တိုင်း ဘုရားကျောင်းခေါ်သွားသည်။ ညီအစ်ကိုနှစ်ယောက်လုံးက မစ္ဆားတရားတွင် တရားထောက်လေ့ရှိသည်။ ငယ်ငယ်ကတည်းက ဘောလုံးကစားသည်ကို ဝါသနာပါသဖြင့် မိမိတက်ခဲ့ရသော စာသင်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများ၊ ကလပ်အသင်းများ၌ ပါ၀င်ယှဉ်ပြိုင် ကစားခဲရာ ထူးချွန်ဆုများ ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်…

St. John l, (Pope & Martyr) မေလ (၁၈) ရက်

St. John l, (Pope & Martyr) မေလ (၁၈) ရက် အမိအသင်းတော် ပထမမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ကို ဂုဏ်ပြုပွဲကျင်းပတဲ့နေ့ဖြစ်ပါတယ်။ သူ့ကို အီတလီနိုင်ငံ၊ တူကာစီမှာမွေးပြီး အေဒီ ၅၂၆ မေလ (၁၈)ရက်နေ့ မှာ ပျံလွန်တော်မူခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး အဖြစ် အေဒီ (၅၂၃-၅၂၆) ထိ တာဝန်ထမ်းခဲ့သူဖြစ်တယ်။ စိန့် ဂျွန်ဟာ ယုံကြည်ခြင်းအတွက် မိမိအသက်ကို အသက်စတေးခဲ့တဲ့ ဓမ္မအာဇာနည်လေ။ ယုံကြည်ခြင်းတစ်ခုအတွက်နဲ့ ခြောက်ရာစုတုန်းက ဒိဋ္ဌိအယူဝါဒကို ကျင့်သုံးတဲ့ ဂျာမနီဘုရင်က…