
အပြစ်မဲ့ သန္ဓေယူတော်မူသောသခင်မ ပွဲတော်ကြီး (ဒီဇင်ဘာလ ၈ ရက်နေ့)

အပြစ်မဲ့ သန္ဓေယူတော်မူသောသခင်မ ပွဲတော်ကြီး (ဒီဇင်ဘာလ ၈ ရက်နေ့) လူ့သမိုင်းအစကနဦးမှာကတည်းက ကျွန်စနစ်ဆိုတာ ရှိခဲ့ဖူးတယ်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ပွဲတွေတိုက်ကြလို့ အရေးနိမ့်ပြီး ရှုံးသွားတဲ့ နိုင်ငံက လူတွေကို အကျဉ်းသမားအဖြစ်၊ ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိတယ်။ လူကို လူလို့ မမြင်ဘဲ အဆင့်နိမ့်တဲ့ အစေခံ၊ ခိုင်းဖက် ရိုင်းရိုင်းပြောရရင် ကျွန်အဖြစ် သွတ်သွင်းလိုက်ကြတာပဲ။ လူတွေကို ကျွန်အဖြစ် ရောင်းကြ၊ ၀ယ်ကြ၊ အလဲလှယ် လုပ်ကြနဲ့ သက်မဲ့ရုပ်ကလေးတွေလို ကြိုးဆွဲရာ ကကြရတဲ့ဘဝတွေ။ အရုပ်ကမှ တော်သေးတယ်၊ ကြည့်ပျော် ရှုပျော်ရှိပါသေးတယ်။…








