
”သင်ယူလေ့လာခြင်း”

သီရိဂေဟာ အစီအစဉ် ဒီတပတ် သီရိဂေဟာ အစီအစဉ်မှာ ” သင်ယူလေ့လာခြင်း ” ဆိုတဲ့ခေါင်းစဉ် နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက် – Sr.Mary Dim (SFX) တည်းဖြတ် – ပေါလ် ********************************************************************************* အားလုံးဘဲမင်္ဂလာပါရှင်- အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါ တယ်။ဒီတပတ်တင်ဆက်ပေးမဲ့ခေါင်းစဥ်လေးကတော့”သင်ယူလေ့လာခြင်း” ဆိုတဲ့အကြောင်းအရာလေးနဲ့လူငယ်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်း။ မိတ်ဆွေလူငယ်များရှင်- ဘ၀ဆိုတာသင်ယူခြင်းပါဘဲ။သင်ယူခြင်းမှာအသက်အရွယ်၊အပိုင်းအခြင်းအမကန့်သတ်ထားပါဘူး။မိမိသင်ယူနိုင်လေလေပိုတက်မြောက်လေ၊ပိုအကျိုးရှိလေဖြစ်ပါတယ်။ဒါကြောင်းမိမိတို့သင်ယူထားတဲ့အရာတွေကိုအကောင်းဆုံးသင်ယူမှတ်သားပြီးသူတပါကိုလည်းမျှာေ၀ပေးပါ။ပိုတန်ဖိုးရှိလာမှာပါ။ ချစ်သောလူငယ်များရှင်- ဘ၀ဆိုတာသင်ယူခြင်းဖြစ်တဲ့အတွက်သင်ယူခြင်းကိုမရပ်တန့်လိုက်ပါနဲ့။ ကျွန်မတို့သင်ယူခြင်းတွေကိုနည်းအမျိုးမျိုးဖြင့်သင်ယူလေ့လာလိုရပါတယ်။နေ့စဥ်လုပ်ကိုင်ရေရတဲ့အတွေ့အကြုံအားဖြင့်၎င်းပတ်၀န်းကျင်ကနေ သော်၎င်းသင်ယူလိုရပါတယ်။ဒါအပြင်မိမိထက်အသက်ကြီးသူတွေဆီမှာ၎င်း ကိုယ်ထက်ကြီးမြတ်သူတွေထံမှာ၎င်းကိုယ်နဲ့တန်းတူညီတူတွေဆီမှာလည်းသင်ယူလိုရပါတယ်။လူတိုင်း၊အချိန်တိုင်း၊နေရာတိုင်းမှာလည်းသင်ယူစရာတွေရှိပါတယ်။ဘာကြောင့်လဲဆိုရင်သင်ယူခြင်းဟာသင့်ရဲ့တိုးတက်မှုဖြစ်နေတဲ့အတွက်ကြောင့်သင်ယူလေ့လာကြ ပါ။ ချစ်သောလူငယ်များရှင်- စိတ်ပိုင်းဆိုင်ရာတိုးတက်ဖို့အတွက်သင်ယူလေ့လာ ခြင်းတွေနဲ့ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွက်သင်ယူမှုတွေကိုအမြဲတမ်းအသစ်အသစ်တွေနဲ့သင်ယူလေ့လာဖို့လိုပါတယ်။လူငယ်များတို့အပင်တပင်ကြီးထွားဖွံဖြိုးလာဖို့အတွက် အဓိကဘာဖြစ်မလဲ။ရေသောက်မြစ်ဖြစ်ပါတယ်။ရေသောက်မြစ်ကိုနေ့တိုင်းရေလောင်း၊ပြုစုပေး၊မြေဩဇာထည့်ပေးမှာသာလျှင်အပင်ဟာဖွံဖြိုးကြီးထွားလာမယ်၊ေ၀ဆာလာ မှာဖြစ်ပါတယ်။၎င်းအားဖြင့်အပွင့်တွေအသီးတွေချွတ်ခူးရရှိမှာဖြစ်ပါတယ်။ဒါကြောင်းမို့လူငယ်တယာက်ရဲ့ဖွံဖြိုးလာမူဟာလေ့လာသင်ယူမှုပေါ်အခြေခံပါတယ်။လူငယ်များတွေလဲနည်းအမျိုးမျိုးဖြင့်သင်ယူရရှိတဲ့အရာတွေကိုပြန်အသုံးချပါ။လက်တွေ့မှာလည်း အကောင်အထည်ဖေါ်လုပ်ကြပါ။အဓိကမိမိကိုယ်၌ကသင်ယူလိုစိတ်ရှိလာပြီးဆိုရင်သင့်ရဲတိုးတက်မှုလမ်းကြောင်းတွေကိုတခြားသူတွေဘယ်နည်းနဲ့မှာကန့်သတ်တားဆီးလိုမရပါဘူး။စဥ်ဆက်မပြတ်သင်ယူခြင်းဖြင့်အသစ်သောတွေးခေါ်မူတွေရရှိမှာဖြစ်ပါတယ်။ဒါအပြင်အသစ်အသစ်တွေကိုလုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ရှင်။ သင်ယူလေ့လာသူတွေအတွက်ဆိုရင်မိနစ်တိုင်း၊စက္ကန့်တိုင်း၊နာရီ၊နေ့၊လ၊နှစ်တွေဟာသူတို့အတွက်အကျိုးရှိပါတယ်။ …









