rvamyanmar

rvamyanmar

စိန့်တိုရီဘီအူးစ်ဒဲလ်မိုဂရူဗီဂျို  St. Tirubius de Mogrovijo (1538-1606)

စိန့်တိုရီဘီအူးစ်ဒဲလ်မိုဂရူဗီဂျို  St. Tirubius de Mogrovijo (1538-1606) မတ်လ (၂၃) စိန့်တိုရီဘီအူးစ်ဟာ ၁၅၃၈-ခုနှစ် စပိန်နိုင်ငံမှာ မွေးဖွားပြီး ချမ်းသာတဲ့ မိသားစု ဖြစ်ပါတယ်။ တိုရီဘီအူးစ် ငယ်စဉ်ကတည်းက သူ့မိဘနှစ်ပါးဆီက ဝိညာဉ်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီး အစာရှောင်၊ ဆုတောင်းတတ်ဖုိ့ အမြဲသွန်သင် လမ်းပြပေးကြတယ်။ နောက်ပိုင်း သူကိုယ်တိုင်လည်း ကြိုးစား ကျင့်ကြံ အားထုတ်လာခဲ့ပြီး နေ့စဉ် စိပ်ပုတီးစိပ်ခြင်းနဲ့ မယ်‌ေတာ်သခင်မထံပြုအပ်တဲ့ ဆုတောင်းမေတ္တာတွေကိုလည်း ဆိုလေ့ရှိပါတယ်။ သူဟာ ဆလာမန်ကာ Salamanca တက္ကသိုလ်မှာ ဥပဒေပညာရပ်ကို လေ့လာခဲ့ပြီးတဲ့နောက်…

St. Catherine of Sweden (Virgin), စိန့်ကက်သရင်း (ကညာစင်) (1331 – 1381)

St. Catherine of Sweden (Virgin), စိန့်ကက်သရင်း (ကညာစင်) (1331 – 1381) #22 March 2021 ဆွီဒင်ဘုရင်၏ ကလေး (၄)ယောက် ကွန်ဗင့်ကျောင်း၌ ပညာသင်ကြားခဲ့ကြသည်။ ကက်သရင်းလည်း ရက်စ်ဘတ်ကွန်ဗင့်မှာ ပညာသင်ကြားခဲ့သည်။ အသက် ၁၄-နှစ်အရွယ်၌ လက်ထပ်ခဲ့သည်။ ဖခင်အား နာခံခြင်းအားဖြင့် ကက်သရင်းသည် လက်ထပ်ခြင်း လက်ခံခဲ့သည်။ ၁၃၄၉ -ခုနှစ်၌ ကက်သရင်းယောင်္ကျားဆုံးသွား၍ မုဆိုးမဖြစ်ရရှာသည်။ ရောမမြို့မှာ ဘုရားအမှုတော် ထမ်းကြသည်။ ၁၃၇၂-ခုနှစ်တွင် စိန့်ကက်သရင်းနှင့် စိန့်ဘရစ်ဂျစ်တာတို့နှစ်ယောက် ဂျေရုဇလင်သို့…

ကမ္ဘာ့ရေနေ့ WORLD WATER DAY! မတ်လ (၂၂)

ကမ္ဘာ့ရေနေ့ WORLD WATER DAY! မတ်လ (၂၂) “လူသားတိုင်းအတွက်သောက်သုံးနိုင် (သန့်ရှင်း)တဲ့ ရေရရှိရေးဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အခြေခံ လိုအပ်ချက် ဖြစ်ပါတယ်။” ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကျွန်ုပ်တို့ဟာ မြေမှုန့်ကနေလာပြီး ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာဟာ ကမ္ဘာ့ဒြပ်စင်တွေနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကျွန်ုပ်တို့အသက်ရှင်ဖို့ ကမ္ဘာ့လေကို ရှူရှိုက်ရင်း လန်းဆန်းမှုကို ရရှိကြတယ်ဆိုတာကို တစ်ခါတလေ မေ့လျော့ နေတတ်ကြပါတယ်။ အခမဲ့ ရရှိနေတဲ့ သဘာဝအရာ အားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းရင်းနဲ့ မိမိမှာ ပိုလျှံနေတာတွေကို တခြားသူတွေကို ဝေမျှလှူဒါန်းကာ နေ့စဥ် သောက်စရာရေ…

St. Nicholas De Flue, စိန့်နီကောလာစ်ဒေဖလူး (1417 – 1487)

St. Nicholas De Flue, စိန့်နီကောလာစ်ဒေဖလူး (1417 – 1487) #21 March 2021 စိန့်နီကောလာစ်သည် ဆွီဇာလန်ပြည်၌ မွေးဖွားသည်။ သူ့ဘဝ၌ ခရစ်ယာန်ကောင်းဖြစ်ကြောင်း ထင်ရှားစေသည်။ စစ်တပ်ဘဝ၌ ခရစ်တော်အား သက်သေခံသည်။ ကန်တွန်အတွက် စစ်တိုက်ရာ၌ အောင်မြင်မှုရသဖြင့် ကပ္ပတိန်ရာထူးပေးအပ်ခြင်း ခံရသည်။ သူသည် ဒေါရတီနှင့် လက်ထပ်ပြီး ကလေး(၁၀)ယောက် ရသည်။ နိုင်ငံတော်အတွက် အမှုထမ်းရာ လူများစိတ်ချ ယုံကြည်အားကိုးသူ ဖြစ်သည်။ ညတိုင်း ဘုရားထံ ဆုတောင်းမေတ္တာပြုလုပ်သည်။ လူများချစ်ခင်ခြင်းခံရသည်။ ၁၄၆၇…

စိန့်ကူးဘတ် နဲ့ စိန့်ဟားရ်ဘတ်

Saints Cuthbert & Herbert  မတ်လ(၂၀) #စိန့်ကူးဘတ်နဲ့စိန့်ဟားရ်ဘတ် ရဟန္တာ နှစ်ပါးဟာ အသင်းတော်မှာ အရေးပါတဲ့ နေရာမှာ ပါဝင်ကြပြီး ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်ုပ်တို့ဟာလည်း ကောင်းတဲ့ သူငယ်ချင်း ထားရှိကာ ကြိုးစားခြင်းအားဖြင့် ရဟန္တာ ဖြစ်နိုင်ပါတယ်။ #စိန့်ကူးဘတ် အကြောင်း လေ့လာကြပါစို့။ စိန့်ကူးဘတ်ဟာ အင်္ဂလိပ်လူမျိုး ဆရာတော်တစ်ပါးဖြစ်ပါတယ်။ Northumbria ဇာတိဖြစ်ကာ မိဘမဲ့ သိုးကျောင်းသား ဘဝကို ခက်ခဲစွာ ဖြတ်သန်းခဲ့တယ်။ လူငယ်ပီပီ မတရားတဲ့ မာစီယားဘုရင်အား တိုက်ခိုက်ရာမှာ ပါဝင်ခဲ့ကြောင်း…

ဒီတစ်ပတ် တနင်္ဂနွေကျမ်းစာက လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ တိုက်ဆိုင်လွန်းနေတယ်

ဒီတစ်ပတ် တနင်္ဂနွေကျမ်းစာက လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ တိုက်ဆိုင်လွန်းနေတယ် ဖတ်ရူပြီး ခွန်အားယူနိုင်ပါစေ ဂျုံစပါးစေ့က မြေပေါ်မှာကျပြီး ပျက်စီးသေဆုံးမှသာ အဆပေါင်းများစွာသော အသီးအနှံတွေကို ဖြစ်စေနိုင်တာပါလို့ ကိုယ်တော်က မိန့်ခဲ့တယ်။ အသက်ကို ဆုံးရှုံးပေးလိုက်တဲ့သူက အသက်ကို ပြန်ရတယ်တဲ့။ သေတယ်လည်း ပြောတယ် ရှင်သန်ခြင်းကလည်း ရှိနေတယ်။ ပျက်စီးတယ်လို့ပြောတယ် အသစ်ဖြစ်ပေါ်လာဦး မှာလို့လည်းဆိုတယ်။ လောကမှာ ခေါင်းနဲ့ပန်း အကြွေတစ်စေ့လို တစ်ခုထဲမှာ အမှန်တရား ၂ ခုရှိနေတာတွေ အများကြီးပါ။ အရှေ့ဆိုတာ ကိုယ်မျက်နှာမူတဲ့ အရပ်လို့ ခေါ်တယ်ဆိုရင် နောက်တစ်လှမ်းဆုပ်ပြီး ခေါင်းတစ်…

စိန့်ဂျိုးဇက် (သံဇူဇယ်) ပွဲနေ့ မတ်လ (၁၉)

စိန့်ဂျိုးဇက် (သံဇူဇယ်) ပွဲနေ့ မတ်လ (၁၉) St. Joseph (Spouse of the Blessed Virgin Mary) စိန့်ဂျိုးဇက် (သံဇူဇယ်)ကို မယ်တော်ရဲ့ခင်ပွန်းသည်၊ အလုပ်သမားများနဲ့ ဒုက္ခသည်တို့ကို စောင့်ရှောက်သူ၊ အသင်းတော်ကို ကာကွယ်စောင့်ရှောက်သူ၊ သန့်ရှင်းသောအိမ်ထောင်စုရဲ့ ပါရမီရှင်နဲ့ ဘုရားရှင်ရဲ့ အလိုတော်ကို တိတ်ဆိတ်စွာ လုပ်ဆောင် ကူညီတတ်သူစသည်ဖြင့် ဂုဏ်ပုဒ်အမျိုးမျိုးနဲ့ အတုယူ စံပြုထိုက်တဲ့ ရဟန္တာ တစ်ပါးဖြစ်ပါတယ်။ စိန့်ဂျိုးဇက်ဟာ သခင်ယေဇူးကို ထိန်းကျောင်းပေးတဲ့ဖခင်နဲ့ အမိမယ်တော်မာရီးယားရဲ့ ခင်ပွန်းသည် ဖြစ်ပါတယ်။ သမ္မာကျမ်းမှာ…

9+ သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်သောဘာသာရေးအယူအဆများ

ထိန်းသိမ်းကြစေ သဘာဝအမွေဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သော ဘာသာရေးအယူအဆများ ” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။#Religious #Enviroment #PopeFrancis

စိန့်စီရယ်လ် (ဂျေရုဆလင်မြို့မှဆရာတော်) မတ်လ (၁၈)

စိန့်စီရယ်လ် (ဂျေရုဆလင်မြို့မှဆရာတော်) မတ်လ (၁၈) စိန့် စီရယ်လ်ဟာ ၄ ရာစုက ဂျေရုဆလင်မြို့ရဲ့ ဂိုဏ်းချုပ် ဆရာတော်ကြီးတစ်ပါး ဖြစ်ပါတယ်။ အသင်းတော်ရဲ့ ဓမ္မပညာရှင် တစ်ပါးလည်း ဖြစ်ခဲ့ပါတယ်။ သူရေးသားခဲ့တဲ့ စာပေများက ခရစ်ယာန် ယုံကြည်ခြင်းကို ကျွမ်းကျင်စွာ ဖော်ပြနိုင်ခဲ့စာ‌ေပအဖြစ် ယနေ့တိုင် သတ်မှတ်‌ေနဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပြည့်စုံတဲ့ သမ္မာကျမ်းစာ အသိပညာနဲ့ အတွေ့ကြုံရှိတာ‌ေကြာင့် နားလည်မှု အလွဲခံရခြင်းနှင့် အတိုက်အခံကြား ခံနိုင်ရည်ရှိသူအဖြစ် လူသိများခဲ့တယ်။ အရှေ့ပိုင်း ကက်သလစ်များနဲ့ အရှေ့အော်သဒေါက် ခရစ်ယာန်များကလည်း မတ်လ…