rvamyanmar

rvamyanmar

စိန့်ဗင်းဆင်း (1350 – 1419) April (5)

စိန့်ဗင်းဆင်း (1350 – 1419) April (5) St. Vincent Ferrer စိန့်ဗင်းဆင်း၏ မိဘဆွေမျိုးများသည် ၁၂၃၈-ခုနှစ်တွင် ဆာဘွဲ့ရသူစာရင်းလုပ်ငန်း၌ ပါဝင်အမှုထမ်းသူများ ဖြစ်ကြသည်။ သူ့အသက် ၁၄-နှစ်အရွယ်၌ ဒဿနိက (ဖိလော်ဆော်ဖီပညာ) အောင်မြင်ခဲ့သည်။ ၃-နှစ်လောက်ကြာသော် ဒေါမိနစ်ကန် (Dominican) ရဟန်းဂိုဏ်းသို့ ဝင်ခဲ့သည်။ သူရဟန်း ဘုန်းတော်ကြီး ဖြစ်ပြီးနောက် ၁၃၈၄-ခုနှစ်၌ ကာသီဒြယ် (Cathedral) ကျောင်း၌ (Professor) စာချပုဂ္ဂိုလ် ဖြစ်လာသည်။ ၁၃၉၁-ခုနှစ်၌ ဘုရင်ဂျွန်(၁) (King John I) က…

စိန့်မာဂရက်_ကလိဒရို မတ်လ (၂၆)

စိန့်မာဂရက်_ကလိဒရို မတ်လ (၂၆) (St. Margaret Clitherow) တစ်ချိန်က ကက်သလစ် ဘာသာဝင် မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ကက်သလစ်ဘာသာတရားရဲ့ စစ်မှန်တဲ့ တရားတော်တွေကို နာကြားပြီးတဲ့နောက်မှာ သူမဟာ ယုံကြည်ခြင်းအတွက် သူမအသက်ကိုပေးခဲ့ရုံတင်မက ဘာသာတရားကို သွန်သင် လမ်းညွှန်ပေးတဲ့ ဘုန်တော်ကြီး များစွာရဲ့ အသက်ကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ အာဂအမျိုးသမီး တစ်ယောက်ရှိခဲ့ပါတယ်။ သူမဟာ စိန့် မာဂရက် ကလိဒရိုပဲ ဖြစ်ပါတယ်။ စိန့်မာဂရက် ကလိဒရိုကို ၁၅၅၅-ခုနှစ်က အင်္ဂန်နိုင်ငံက မီဒဲယ်တွန်(Middleton)” လို့ခေါ်တဲ့ မြို့လေးမှာ နေထိုင်ကြတဲ့…

စိန့်ဒီးစ်မားစ် (St. Dismas) မတ်လ (၂၅)

စိန့်ဒီးစ်မားစ် (St. Dismas) မတ်လ (၂၅) ကောင်းကင်သုခကိုခိုးယူနိုင်ခဲ့သူ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော သူခိုးဟာ စကားတစ်ခွန်းနှင့် ကောင်းကင်သုခချမ်းသာကိုတောင် ခိုးယူသွားခဲ့ပါတယ်။ လောကကြီးထဲမှာ သူခိုးပေါင်းမြောက်များစွာ၊ ဓားမြပေါင်း ရာချီရှိခဲ့ကြပြီး သူတို့တွေဟာ ခေတ္တခဏ လောကကြီးမှာ နေတဲ့အချိန်သာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကိုသာ ခိုးယူလုယက်နိုင်ကြတာပါ။ ဒီကနေ့ပွဲနေ့ရှင် စိန့်ဒီးစ်မားစ်ကတော့ လောကစည်းစိမ်ကို ခိုးခဲ့ယုံတင်မက ကောင်းကင်သုခကိုပါ ခိုးနိုင်ခဲ့ပါတယ်။ “အိုသခင်၊ ကိုယ်တော်၏ နိုင်ငံတော်သို့ ကြွဝင်‌လာသောအခါ၊ ကျွန်ုပ်ကို အောက်မေ့တော်မူပါ”လို့‌ေတာင်းဆိုပြီး‌ေပြာတဲ့အချိန်မှာ သခင်ယေဇူးက “”ယနေ့ ပါရ‌ဒီဇူးဘုံမှာ သင်နှင့်အတူငါရှိမယ်။” ဆိုတဲ့…

St. Oscar Romero

St. Oscar Romero (24 March 1980, El Salvador မှာ လုပ်ကြံခံခဲ့ရတဲ့ ကက်သလစ်ဆရာတော် ဓမ္မအာဇာနည်သူရဲကောင်း)Mission of the Church (against repression)  အသင်းတော်ရဲ့ မစ်ရှင်တာ၀န်က ဆင်းရဲနွမ်းပါးသူများနှင့် ရပ်တည်ဖို့ဖြစ်ပြီး တရားမျှတမှုအတွက် သူတို့နှင့်အတူ တိုက်ပွဲ၀င်ဖို့ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အသင်းတော်ဟာ သူ့ရဲ့ကယ်တင်ခြင်းကို ရရှိမှာပါ။ ယခုလို အသင်းတော်ရဲ့ မေတ္ကာရပ်ခံခြင်းဟာ ချမ်းသာပြီး သြဇာအာဏာရှိသူတွေရဲ့ နှလုံးသားတွေကို ပိုမိုခိုင်မာခြင်းမရှိစေဘဲ သူတို့ကို လမ်းမှန်ဘက်ပြောင်းလဲလာစေဖို့ ကျွန်ုပ်မျှော်လင့်ပါတယ်။ယခုပြောင်းလဲချိန်မှာ သင်တို့ဟာ အဓိကလုပ်ဆောင်နေတဲ့သူများဖြစ်ကြပါတယ်။ရက်စက်ကြမ်းကြုတ်မှုတွေရပ်တန့်သွားဖို့…

စိန့်ကက်သရင်း မတ်လ (၂၄)

စိန့်ကက်သရင်း  မတ်လ (၂၄) စိန့်ကက်သရင်းဟာ အမေတူသမီးလေးလို့ပြောရအောင် သူမက အမေနှင့်အတူ ရောမမြို့မှ ဓမ္မအာဇာနည်တွေရဲ့ ဓာတ်တော်မွေတော်တွေကို ဌာပနာထားရာ ရောမမြို့ကို ဘုရားဖူးသွားခဲ့သူ၊ အမေကော် သမီးလေးပါ ရဟန္တာမဖြစ်ပါတယ်။ ဒီအပြင် သူမဟာ မိဘများက စီစဉ်ပေးတဲ့ အိမ်ထောက်ဘက် ခက်ပွန်းသည်ကို သူမနဲ့အတူ ဘုရားတရားမှာ ကြုိးစားအားထုတ်ဖို့ လမ်းညွှန် ပေးနိုင်သူပါ။ ယခုခေတ် မိသားစု အတုယုသင့်တဲ့ ပုံဥပမာလေးကို သူမပြနိုင်ခဲ့တယ်။ ကက်သရင်းကို ၄-ရာစု အစပိုင်း အဖေ “အာလ်ဖို(Alfo)”နဲ့ အမေ ဆွီဒင်လူမျိုး “စိန့်…

မိမိကိုယ့်ကိုချစ်ခြင်း

အားလုံးပဲမင်္ဂလာပါအာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အားလုံးကိုပျော်ရွှင်သောနှစ်သစ်လေးဖြစ်ပါစေလိုနုတ်ဆက်လိုက်ပါတယ်။၂၀၂၁ခုနှစ်ရောက်လာပြီဆိုတော့ရည်မှန်းချက်အသစ်တွေ၊ပြောင်းလဲမှုအသစ်တွေ၊ချစ်ခြင်းမေတ္တာအသစ်တွေနဲ့နှစ်သစ်ကိုအစပြုကြရအောင်။ပြီးခဲ့တဲ့နှစ်မှာ မိမိကိုယ့်ကိုချစ်ဖို့၊ဂရုစိုက်ဖို့မေ့နေခဲ့မယ်ဆိုရင်လဲ အခုကစပြီးကျန်ရှိအချိန်ကာလေးကိုမိမိကိုယ့်ကိုပိုချစ်ကြစို့လားကွယ်။ဒီတစ်ပတ်အတွက်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကလည်း“မိမိကိုယ့်ကိုချစ်ခြင်း” ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဤဆောင်းပါးလေးကိုစာရေးဆရာမာကု(ဒဿန)ရေးသားခဲ့သော(လှုပ်ခတ်နေသောရှင်သန်ခွင့်လေးများ )စာအုပ်မှ ကိုးကားထားတာဖြစ်ပါတယ်ရှင်။ချစ်ခြင်းကို အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေမှာ စွဲလန်းခြင်း၊ချစ်ကြိုက်ခြင်း၊တပ်မက်ခြင်း၊ချစ်ခြင်းစုံမက်ခြင်းစသဖြင့်အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုထားပါတယ်။ မိတ်ဆွေလူငယ်မောင်မယ်များတို့ -မိမိကိုယ့်ကိုချစ်လိုက်ပြီးဆိုရင်ကျန်းမာသန်စွမ်းလာမယ်၊တွေ့ကြုံရမယ့်အခက်အခဲပြဿနာတွေကိုလည်းရင်ဆိုင်နိုင်မယ်၊ရင့်ကျက်တဲ့လူငယ်တစ်ယောက်ဖြစ်လာမှာြဖစ်ပါတယ်။မိမိကိုယ့်ကိုနားလည်လက်ခံနိုင်သူဖြစ်လာတဲ့အပြင်သူတစ်ပါး၊နီးစပ်သူတွေကိုလည်းနားလည်လက်ခံယုံကြည်လာမှာဖြစ်ပါတယ်။ဘ၀အတွေ့အကြုံကနေရင့်ကျက်မှုတွေ၊စိန်ခေါ်မှုတွေ၊ကောင်းမွန်တဲ့ရလဒ်တွေ၊ရရှိဖို့ရန်စွမ်းဆောင်နိုင်စွမ်းတွေ၊တိုးတက်မှုတွေရရှိဖို့မိမိကိုယ့်ကိုချစ်ခြင်းကများစွာအရေးပါ၊အရာရောက်ပါတယ်။ချစ်ခြင်းမေတ္တာဆိုတာမြင့်မြတ်တဲ့စိတ်ထားနဲ့သူတပါးကောင်းကျိုးအတွက်ပြင်းပြတဲ့ခံစားချက်ဖြစ်ပါတယ်။သူတပါးကောင်းကျိုးအတွက်ဦးစားပေး၊စဥ်စားပေးခြင်းအသက်ရှင်ပေးခြင်းတွေဟာချစ်မှန်တဲ့ချစ်ခြင်းမေတ္တာြဖစ်ပါတယ်။တနည်းအားဖြင့်သူတပါးပေါ်မှာစိတ်ထားမြင့်မြတ်ခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့မိမိကိုယ့်ကိုချစ်ခြင်းဟာအလွန်ကိုအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ တချို့တွေပြောတက်ကြပါတယ်၊မိမိကိုယ့်ကိုချစ်တာ၊ဂရုစိုက်လွန်တာ၊အရေးတယူလုပ်တာတွေကိုမြင်တဲ့သူကနင့်ကတော်တော်အတ္တဆန်တာပဲလိုပြောတတ်ကြတာကိုကြားဖူးပါတယ်။ဥပမာပြောရမယ်ဆိုရင် ငါက သိပ်လှတာပဲဆိုပြီမှန်တင်ခုံရှေ့မှာတနေကုန်ထိုင်ပြီးတော့ မိမိကိုယ့်ကိုချီးမွမ်းနေတာ ၊၀ါကြွားနေတာမျိုးကိုပြောချင်တာမဟုတ်ပါဘူး။အဲလိုမျိုးကမိမိကိုယ့်ကိုချစ်ခြင်းမဟုတ်ပါဘူးနော်။မိမိကိုယ့်ကိုချစ်ခြင်းဟာအတ္တဆန်ခြင်းမဟုတ်သလို၊၀ါကြွားခြင်းလည်းမဟုတ်ပါဘူးဆိုတာသိထားဖို့လိုပါတယ်။မိမိကိုယ့်ကိုချစ်ခြင်းဆိုတာယုံကြည်ခြင်း၊လက်ခံခြင်း၊မိမိကိုယ့်ကိုအားထားခြင်းဖြစ်ပါတယ်။ပြောချင်ဒါကတော့ မိမိကိုယ်ကိုပုတ်ခတ်ပြောဆိုပြစ်တင်မနေပဲမိမိရဲ့အားနည်းချက်အားသာချက်များကို လက်ခံနားလည်ပေးခြင်းဖြစ်ပါတယ်။ကျွန်မတို့တတွေဟာအနည်းနဲ့အများဆိုသလိုသူတပါးကိုမေတ္တာထား၊စေတနာထားနိုင်ဖို့ဆိုတာခက်ခဲတတ်ကြပါတယ်။ဒါကြောင့်သူတပါးကိုမေတ္တာထားချစ်နိုင်ဖို့ဆိုတာ မိမိကိုယ့်ကိုမချစ်ရင်မဖြစ်နိုင်ပါဘူး။ဒါကြောင့်မိမိမှာ မရှိတာကိုသူတပါးကို မပေးနိုင်သလိုပေါ့။မိမိကိုယ့်ကိုချစ်ခြင်းဆိုတာတနည်းပြောရမယ့်ဆိုရင်မိမိကိုယ့်ကိုယုံကြည်ခြင်းဖြစ်ပါတယ်။မိမိကိုယ့်ကိုမချစ်တဲ့သူဟာဆိုရင် မိမိကိုယ့်ကိုမယုံကြည်လိုပဲဖြစ်ပါလိမ့်မယ်။သော်တရှင်လူငယ်မောင်မယ်များတို့ – မိမိကိုယ့်ကိုချစ်ခြင်း၊ယုံကြည်ခြင်းတွေဟာဘ၀ရဲ့အခြေခံအုတ်မြစ်ဖြစ်သလို၀မ်းမြောက်၊ပျော်ရွှင်၊ကျေနပ်၊အားရခြင်း၊အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေဟာလည်းယုံကြည်ခြင်းဆိုတဲ့အုတ်မြစ်အပေါ်မှာ တည်ဆောက်ထားတာြဖစ်ပါတယ်။ဒါကြောင့်မို့ ချစ်သောလူငယ်မောင်မယ်များတို့လည်း မိမိကိုယ့်ကိုချစ်ခြင်းဟာဆိုရင် ဖြတ်သန်းရမယ့်ဘ၀တစ်လျှောက်လုံးမှာ ကောင်းမွန်တဲ့အကျိုးရလဒ်တွေရစေတဲ့အပြင် -ရင့်ကျက်မှု၊ယုံကြည်မှုတွေကိုတိုးစေပါတယ်ဆိုတာမမေ့ကြပါနဲ့နော်။စစ်မှန်တဲ့ပျော်ရွှင်မှုတွေကိုလည်းခံစားရမှာြဖစ်ပါတယ်။ဒါကြောင့်မို့ ချစ်သောလူငယ်မောင်မယ်များတို့လည်း၂၀၂၁ မှာ မိမိကိုယ့်ကိုပိုချစ်နိုင်ကြတဲ့သူများဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်။ အားပေးနားဆင်ကြည့်ရှုသူအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ စစ္စတာရ် မေရီဒိမ် ပါရှင်။