
ဖာသာရ် ဩဂတ်စတင်း တင်မောင်ထွန်း ၄ ကြိမ်မြောက် သာမာန်ရက်သတ္တပတ် တနင်္ဂနွေနေ့ ဩဝါဒ ဇန်နဝါရီလ ၃၁၊ ၂၀၂၁



ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” ပျော်ရွှင်မှုမှာ စည်းကမ်းရှိပါ ” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက်/တည်းဖြတ် – ဝီလျံဇော်နိုင်ဦး

ဘာသာရေးအမေးအဖြေ ကဏ္ဍအပိုင်း (၁၇) ကင်းမျှော်စင်အဖွဲ့က ယေဟောဝါသက်သေခံတွေက ဘယ်သူတွေလဲ။ ခရစ်ယာန်တွေဟုတ်ကြသလား” ဆိုတဲ့အကြောင်းကို Rev. Fr. Richard Hla Min Oo ကနေဖြေကြားပေးသွားမှာဖြစ်ပါသည်။ဒီအစီစဉ်ကိုအပတ်စဉ် စနေနေ့ည (၇းဝ၀) အချိန်တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါသည်။ရိုက်ကူး/တည်းဖြတ် – ပေါလ်

စိန့်အန်ဂျေလား_မေရီစီ (St. Angela Merici) ဇန်နဝါရီ (၂၇) သူမဟာ အူးရ်ဆူးလိုင်း သီလရှင်ဂိုဏ်း (Urauline Sisters)ကို တည်ထောင်ခဲ့တဲ့ ထင်ရှားသော ရဟန္တာမလေး တစ်ပါးဖြစ်ပါတယ်။ သူမကို ၁၄၇၄-ခုနှစ် အီတလီနိုင်ငံမှာရှိတဲ့ မြို့ငယ်လေးမှာ မွေးဖွားခဲ့ပြီး သူမငယ်စဥ်ကတည်းက သူမရဲ့ ညီမငယ်နဲ့ မိဘနှစ်ပါးကို ဆုံးရှုံးခဲ့တယ်။ ဒါကြောင့် သူမကို ချမ်းသာကြွယ်ဝတဲ့ သူမရဲ့ ဦးလေးနဲ့အတူ နေခဲ့ရပြီး အခြေခံ ပညာကိုတောင် သင်ခွင့်မရခဲ့ပေမဲ့ သူမသိသလောက်ကို လက်တွေကျင့်ကြံခဲ့ပါတယ်။ သူမကြီးပြင်းခဲ့တဲ့ ၁၆-ရာစုနှစ်မှာ လူ့အဖွဲ့အစည်းနဲ့ အသိုင်းအဝိုင်းတွေကြားမှာ ရုပ်ဝတ္ထုဆင်းရဲမှုအပြင် အသိဉာဏ်ဆင်းရဲမှု၊…

အားလုံးဘဲမင်္ဂလာပါ အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတပတ်တင်ဆက်ပေးမဲ့အကြောင်းအရာ လေးကတော့“လူမှုပေါင်းသင်းဆက်ဆံရေး”ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဤဆောင်းပါးအကြောင်းအရာများဟာစာရေးဆရာဦးတင်ဦးရဲ့စာအုပ်ထဲကကိုးကားထားတာဖြစ်ပါ တယ်။ သော်တရှင်များရှင်-“လူမှုပေါင်းသင်းဆက်ဆံရေး“ဟာလူနေမှုအသိုင်းအ၀ိုင်းမှာအရမ်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။တ ချို့လူတွေကအရေးမကြီးဘူးလိုတော့ပြောတက်ကြပါတယ်။လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့သူတစ်ယောက်ဟာဘယ်နေရာဒေသတွေရောက်ရောက်၊ဘယ်လိုလူမျိုးတွေနဲ့တွေ့တွေ့၊ဘယ်လိုအလုပ်အကိုင်တွေမှာဘဲဖြစ်ဖြစ်၊သူအတွက်တော့ခက်ခဲမှုမရှိလောက်ပါဘူး။ဘာကြောင့်လဲဆိုရင်ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်သူဖြစ်တဲ့အပြင်၊ပါးနပ်မှု၊အလိုက်သိမှုတွေရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ကျွန်မတို့အများစုဟာပေါင်းသင်ဆက်ဆံရေးကောင်းမွန်တဲ့သူဆိုရင်သဘောကျတယ်၊ခင်မင်ရင်နှီးချင်ကြတယ်၊မိတ်ဆွေဖွဲ့၊မိတ်ဆွေဖြစ်ချင်ကြပါတယ်။မင်းသား၊မင်းသမီးတွေဖြစ်ဖြစ်၊ဈေးရောင်းသူ၊၀ယ်သူတွေဖြစ်ဖြစ်ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူဆိုရင်အများစုကတော့အားပေးကြပါတယ်။သဘောကျတက်ကြပါတယ်။ပေါင်းသင်းဆက်ဆံရေးညံတဲ့သူတွေကြပြန်တော့မရင်းနှီးချင်ကြတော့ပါဘူး။ဒါအပြင်စည်းကမ်းမရှိသူ၊ကိုယ်ကျင့်တရားမကောင်းတဲ့သူကိုလဲဘယ်သူကမှာပေါင်းသင်းဆက်ဆံချင်မှာမဟုတ်ပါ။ဒါကြောင့်ပေါင်းသင်းဆက်ဆံရေးမှာကိုယ်ကျင့်တရားကောင်းချင်ဟာလဲအရေးကြီးအရာတစ်ခုဆိုတာလည်းသိထားရမှာဖြစ်ပါတယ်။ သော်တရှင်များရှင် လူဆိုတာတစ်ယောက်ထဲနေလိုမရ၊အဖွဲ့အစည်းအသိုင်းအ၀ိုင်းနဲ့နေရမှာဖြစ်ပါတယ်။ဒါကြောင့် မိမိဟာအသိုင်းအ၀ိုင်းအဖွဲ့အစည်းနဲ့နေရတာဖြစ်တဲ့အတွက်မိမိရဲ့ပတ်၀န်းကျင်ရှိပုဂ္ဂိုလ်တွေနဲ့ပြေလည်အောင်ဆက်ဆံဖို့ကလည်းလိုအပ်ပါတယ်။ပတ်၀န်းကျင်ဆိုတာအမျိုးမျိုးရှိတက်ပါသေးတယ်။ကျောင်းသားတစ်ယောက်အတွက်သူရဲ့ပတ်၀န်းကျင်ကအဓိကအားဖြင့် ဆရာ၊မ များအတန်းသူသူငယ်ချင်းများ အတန်းဖော်များ၊ဒါအပြင် မိဘများနှင့်မောင်နှမများ၊ဖြစ်ပါတယ်။ထိုအတူပါဘဲ အလုပ်သမားတစ်ယောက်ရဲ့ပတ်၀န်းကျင်ဟာအတူလုပ်တဲ့ဘ၀တူအလုပ်သမားတွေ၊ကုမ္ပဏီ၀န်းထမ်းတွေ၊ရုံးအလုပ်မှာဆိုလဲလုပ်ဖော်ကိုင်ဖက်တွေ၊အထက်တာ၀န်ခံအဆင့် ၊ကြီးကြပ်သူအဆင့်ဆင့် ၊ညွှန်ကြားရေးမှုချုပ်၊ရာထူးအဆင့်ဆင့်၊စသည့်ဖြင့်ရှိကြပါတယ်။ရပ်ကွက်ထဲမှာလဲရပ်ကွက်လူမှုပတ် ၀န်းကျင်တွေစသည့်အမျိုးမျိုးရှိကြပါတယ်။လူငယ်တွေအနေနဲ့ဘယ်ပတ်၀န်းကျင်မျိုးကိုရောက်ရှိနေပါစေမိမိရောက်ရှိတဲ့ပတ်၀န်းကျင်မှာမိမိနဲ့ထိတွေ့ရမဲ့သူများနှင့်ဆက်ဆံမှာဆက်ဆံရေးပြေပြစ်ကောင်းမွန်ဖို့လိုပါတယ်။မိမိနေထိုင်တဲ့ပတ်၀န်းကျင်ဖြစ်ဖြစ်၊၊အဖွဲ့အစည်းအသိုင်းအ၀ိုင်းအတွင်းမှာ ဆက်ဆံရေးကောင်းကိုမထူထောင်နိုင်၊ဆက်ဆံရေးပြေပြစ်မှုမရှိရင်အဲဒီအဖွဲ့အစည်းအတွင်းမှာအခြေအနေမကောင်း၊ရလဒ်ကောင်းထူးထောင်နိုင်မှာမဟုတ်သလိုဖန်းတီးနိုင်မှာလဲမဟုတ်ပါဘူး။အလားတူပါဘဲကျွန်မတို့တဦးစီးအနေနဲ့လည်းမိမိနဲ့ထိတွေ့ဆက်ဆံရတဲ့ပတ်၀န်းကျင်မှာဆက်ဆံရေးကောင်းမထူ ထောင်နိုင်ဘူးဆိုရင်ဘ၀အောင်မြင်မှုတိုးတက်မှုရနိုင်မှာမဟုတ်ပါဘူး။ဆက်ဆံရေးပြေပြစ်ဖို့ဆိုတာလုပ်ငန်းတစ်ခုလုပ်ဖို့ဘဲဖြစ်ဖြစ်၊အလုပ်၀င်ဖို့ရန်လျှောက်လွှာတင်တဲ့အခါဖြစ်ဖြစ်၊တဦးနဲ့တဦးဆက်ဆံရေး ဟာအရမ်းကိုအရေးကြီးပါတယ်။တချို့ကဆက်ဆံရေးမကောင်းလိုအလုပ်မရလိုက်တာ၊အလုပ်ခန့်မခံရတာဟာအမှန်ဘဲဖြစ်ပါတယ်။လူငယ်တွေအနေနဲ့ဘယ်အဖွဲ့အစည်းမှာဘဲဖြစ်ဖြစ်၊ဘယ်လိုမျိုးပတ်၀န် ကျင်းအသိုင်းအ၀ိုင်းကြားမှာဘဲဖြစ်ဖြစ်၊နယ်မြေဒေသမတူညီတဲ့နိုင်ငံရပ်ခြားတွေမှာအလုပ်အကိုင်လုပ် နေကြတဲ့လူငယ်များစွာရှိကြပါပြီ။ဒီလိုစိတ်ဓာတ်အခံ၊အတွေးအခေါ်တွေ၊အယူအဆတွေဟာတဦးနဲ့တ ဦးမတူညီနိုင်ကြပါဘူးဆိုတာသိထားဖို့လိုပါတယ်။မိမိရဲ့ပတ်၀န်းကျင်မှာမိမိနဲ့မတူတဲ့သူတွေကိုလည်း တွေရမယ်၊ဆက်လက်ဆက်ဆံနေရအုံးမယ်ဆိုတာကိုအမှန်အတိုင်းပထမဦးစွာလက်ခံထားဖို့လိုပါတယ်။ ကိုယ်ပတ်၀န်းကျင်ရှိသူတွေနဲ့မိမိနဲ့မတူနိုင်တာတွေကိုသဘာ၀လိုဘဲခံယူထားနိုင်မှမိမိနဲ့သဘောထားခြင်းမတူတာကိုနားလည်သည်းခံသွားနိုင်မှာဖြစ်ပါတယ်။အဲလိုနားလည်သည်းခံစိတ်မထားနိုင်ဘူးဆိုရင် တော့တဦးနဲတဦးဟာထိတွေ့တိုင်းမှာပဋိပက္ခဖြစ်နေမယ်ဆိုရင်မိမိရဲ့လုပ်ငန်း(သို့)ရည်မှန်းချက်_မျှော်မှန်းချက်တို့မှာလဲအောင်မြင်စရာအခွင့်အလမ်းမရှိသလောက်ဖြစ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်သောလူငယ်များအနေနဲ့ဆက်ဆံရေးကောင်းရလိုလျှင်မတူတာတွေကိုနားလည်းသည်းခံ၊လိုက်လျှော့တက် သောစိတ်ထားမျိုးထားနိုင်တဲ့၊အလေ့အကျင့်ပုံစံလိုထူထောင်ယူကြရမှာဖြစ်ပါတယ်။လူအများနဲ့ဆက်ဆံရာမှာလည်းမိမိဘက်ကိုဦးစားပေးမကြည့်ဘဲတပါးသူဘက်ကိုလည်းကြည့်တက်ဖို့လိုပါတယ်။တခါတရံမိမိဆန္ဒကိုမဖြည့်ပေးလိုမဟုတ်ဘဲဖြည့်ဆည်းပေးချင်ပေးမဲ့လည်းသူမှာအခက်အခဲရှိနေတာမျိုးရှိနေ တက်ပါတယ်။ နားလည်းပေးတက်ဖို့လိုပါတယ်။လူတွေနဲ့ဆက်ဆံရာမှာသူမှာရှိနေတဲ့အားနည်းချက်၊ချွတ်ယွင်းချက်၊မကောင်းတဲ့စရိုက်လက္ခဏတွေကိုမြင်အောင်ကြည့်တက်ဖို့လိုပါတယ်။အသိအမှတ်ပြုပေးဖို့လည်းလိုပါတယ်။မိမိအကြောင်းကိုသူတပါးအားအမှန်အတိုင်းနားလည်အောင်ပြောပြ ထားဖို့လိုပါတယ်။ဒါကြောင့်ကျွန်မတို့အချင်းချင်းဆက်ဆံရေးမှာအချင်းချင်းနားလည်နိုင်မှာသာလျှင်ပြေလည်နိုင်မှာဖြစ်လိုနားလည်ပေးခြင်းဟာဆက်ဆံရေးမှာအရေးပါအရာရောက်ပါတယ်။ဆက်ဆံရေး ကောင်းတဲ့သူ၊နားလည်ပေးတက်သူတွေမှာအပေါင်းအသင်းမရှာပါဘူး။ အနာဂတ်ကိုအလှဆင်ပေးကြမဲ့လူငယ်များရှင်-လူငယ်များလည်းဘယ်အဖွဲ့အစည်း၊အသိုင်းအ၀ိုင်းတွေ မှာဘဲဖြစ်ဖြစ်စည်းကမ်းရှိပြီး၊ကိုယ်ကျင့်တရားကောင်းတဲ့သူ၊ဘ၀အောင်မြင်အတွက်ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ဖို့လိုအပ်ပါတယ်။အခုတင်ဆက်ပေးတဲ့ကြောင်းအရာလေးဟာသော်တရှင်များအတွက်အထောက်အကူဖြစ်စေမဲ့လိုလဲမျှော်လင့်မိပါတယ်ရှင်။ဒီတပတ်အတွက်လူငယ်အစီအစဥ်လေးကိုဒီလောက်နဲ့ဘဲရပ်နားပါရစေ။နားဆင်ကြည့်ရှုအားပေးကြတဲ့သော်တရှင်များအားလုံးကိုဘုရားရှင် ကောင်းကြီးပေးပါစေ။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မက စစ္စတာရ်မေရီဒီမ်ပါရှင်။

#St. Timothy (စိန့်တီမောတေ), (Bishop and Martyr) #26 January 2021 သူသည် စိန့်ပေါလ်၏အချစ်ဆုံးတစ်ယောက်ဖြစ်သည်။ ယုံကြည်ရာ၌ စိန့်ပေါလ်၏အချစ်ဆုံးသားဖြစ်သည်။ အာရှမိုင်းနား လစ်တြာမြို့မှာမွေးဖွားသည်။ ဖခင်သည် ဇင်ဒေဦးလူမျိုးဖြစ်ပြီး မိခင်မှာဇေဒေဦးဂျူးလူမျိုးဖြစ်သည်။ အေဒီ (၄၇)ခုနှစ်၌ စိန့်ပေါလ်၏တရားဒေသနာဟောကြားခြင်းကြောင့် အသက်(၁၅)နှစ်အရွယ်ကစ၍ ဝါသနာပါခဲ့သည်။ သူ၏ဝါသနာကို စိန့်ပေါလ်ကသိရှိရာ သူ၏ခရီးသွားဖော်အဖြစ် ရွေးချယ်သည်။ ဖီလားစ်မြို့ကို တာဝန်ယူပြီး ဂျေရုဇလင်မြို့သို့ အမြဲသတင်းပို့ရန်ဖြစ်သည်။ ဂျူးနှင့်ဇင်ဒေဦးလူမျိုးပေါင်းသော (ကပြား) မိဘမှမွေးဖွားခြင်းကြောင့် ယုဒလူမျိုးများအား ဟောကြားရန် စိန့်ပေါလ်ကရွေးချယ်ခြင်းဖြစ်သည်။ (၁၃)နှစ်ကြာသော် ရောမအကျဉ်းထောင်မှာကျခဲ့သည်။ အကျဉ်းထောင်မှ…


စိန့်မာရီအဲန်ကော်ပ် (Saint Marianne Cope) ဇန္နဝါရီလ (၂၃): (၁၉) ရာစုအချိန်ကာလသည် ဟာဝိုင်ရီတွင် အနာကြီးရောဂါသည်များကိုသာမက ရောဂါသက်သာပြီး အမာရွတ်ရှိ နေကြသည်ကိုပင် အထိတ်တလန့်ြဖစ်နေခဲ့သော ရာစုဖြစ်ခဲ့သည်။ ဆေးပညာဆိုင်ရာ ဗဟုသုတ နည်းပါး ခဲ့ခြင်းကြောင့် ဖြစ်နုိင်သည်။ ထိုအခြေအနေကို အကောင်းဆုံး ကိုင်တွယ်ရန်အတွက် ဘုရားသခင်စေလွှတ်ပေးခဲ့သူမှာ နောင်တစ်ချိန်တွင် မိုလိုခိုင်းမှ မာသာရ်မာရီအဲန် ပင်ဖြစ်သည်။ သူမ၏ သတ္တိဖြင့် လူအများ ဖယ်ကျင်းခံဘ၀ ရောက်နေကြသည့် ဟာဝိုင်ရီမှ ဝေဒနာသည်တို့၏ ဘဝပေါင်းများစွာကို မ ထင်မှတ်အောင် ပြောင်းလဲမြှင့်တင်ပြီး စွဲထူပေးနိုင်ခဲ့သည်။…

ထိန်းသိမ်းကြစေ သဘာဝအမွေ ” သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် ကြွေးမြီများ ” ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝပတ်ဝန်းကျင် အစီအစဉ်မှာတော့ ” သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် ကြွေးမြီများ ” ခေါင်းစဉ်ဖြင့် တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက်/တည်းဖြတ် – ဝီလျံဇော်နိုင်ဦး #rvapastoralcare #Environment #NaturalResource
