rvamyanmar

rvamyanmar

ဘာသာရေးအမေးအဖြေ ကဏ္ဍအပိုင်း (၁၆)

ဘာသာရေးအမေးအဖြေ ကဏ္ဍအပိုင်း (၁၆)ကာနာမြို့လက်ထပ်ပွဲမှာနဲ့ လက်ဝါးကားတိုင်ခြေရင်းမှာ မာရီးယားကို အချင်းအမျိုးသမီးလို့ သခင်ယေဇူးခေါ်လိုက်ခြင်းက ငေါက်ငမ်းခြင်းလား ဘေးဖယ်နေဖို့ပြောလိုက်ခြင်းလား ” ဆိုတဲ့အကြောင်းကို Rev. Fr. Richard Hla Min Oo ကနေဖြေကြားပေးသွားမှာဖြစ်ပါသည်။ ဒီအစီစဉ်ကိုအပတ်စဉ် စနေနေ့ည (၇းဝ၀) အချိန်တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါသည်။ ရိုက်ကူး/တည်းဖြတ် – ပေါလ်

သမီးဆီကို ပေးတဲ့ ‘‘စာတစောင်’’

A Letter ဒီနေ့မှာ မိခင်အနေနဲ့ အိမ်ထောင်ရှင်မဖြစ်သွားတဲ့ သမီးကို အိမ်ထောင်တခုမှာ သင်ယူစရာ တွေ သိထားသင့်တာတွေကို သင်ပေးရအောင်ပါဆိုတဲ့ အကြောင်း မိခင်က သမီးဆီကို ပေးတဲ့ ‘‘စာတစောင်’’အဖြစ် တင်ပြပေးသွားချင်ပါတယ်။ မိခင်ဘဝဆိုတာ သားသမီးတွေကို လူလားမြောက်အောင် မွေးမြူထိန်းကျောင်းရတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်လှပါဘူး။ အထူးသဖြင့် အိမ်ထောင်ရေးမှာ အောင်မြင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ကောင်းမွန်တဲ့ အိမ်ထောင်သည် ဘဝရရှိဖို့ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ အကြံကောင်းတွေကို မိခင်တိုင်း သေချာပေါက် သမီးကို ပေးကြမှာ မလွဲပါဘူး။ အခုကျွန်မက…

ဒုတိယသာမန်တနင်္ဂနွေနေ့ ကာဒီနယ်ချားစ်ဘို၏ ဩဝါဒ

ဒုတိယသာမန်တနင်္ဂနွေနေ့ ကာဒီနယ်ချားစ်ဘို၏ ဩဝါဒ ဇန်နဝါရီ ၁၇၊ ၂၀၂၁ ခရစ်တော်၌ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊           ယေဇူးသခင်ရဲ့ ကောင်းချီးတော်နဲ့ ငြိမ်းချမ်းခြင်းမင်္ဂလာ သင်တို့အားလုံးအပေါ် သက်ရောက်ပါစေ။ ကမ္ဘာကြီးကို ကုသဖို့၊ အချင်းချင်းပြန်လည်သင့်မြတ်ဖို့၊ ကျွန်ုပ်တို့အားလုံးနဲ့သက်ဆိုင်တဲ့ ကမ္ဘာကြီး အဖို့ ဆက်လက်ပြီးတော့ ဆုတောင်းပေးကြပါစို့။           ခရစ္စမတ်နဲ့ မင်းသုံးပါးပွဲတွေ ကျင်းပပြီးတဲ့နောက်မှာ ကျွန်ုပ်တို့ဟာ ဝတ်ပြုခြင်းနှစ်ရဲ့ သာမန် ကာလကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဘုရားသခင်ရဲ့မျက်မှောက်မှာတော့ “သာမန်အရာ”ဆိုတာ ဘာမှ မရှိပါဘူး။ ကျွန်ုပ်တို့ကို ဘုရားသခင်က “သာမန်လူသား”ရယ်လို့ မရှုမြင်ပါဘူး။ ဝတ်ပြုကိုးကွယ်ခြင်းရဲ့…

ဘာသာရေးအမေးအဖြေ ကဏ္ဍအပိုင်း (၁၅)

ဘာသာရေးအမေးအဖြေ ကဏ္ဍအပိုင်း (၁၅) ဒီတစ်ပတ်အမေးအဖြေကဏ္ဍ မှာတော့ “ကိုယ်ဝန်ဖျက်ချထားတဲ့ သန္ဓေသားရဲ့ တစ်ရှုးကနေရတဲ့ ဆဲလ်လိုင်းတွေနဲ့ ဖော်စပ်ထားတဲ့ ကိုှဗစ်ကာကွယ်ဆေး ကိုထိုးနှံခြင်းက ကိုယ်ဝန်ဖျက်ချခြင်းအမှုမှာ ပါဝင်နေစေသလား ” ဆိုတဲ့အကြောင်းကို Rev. Fr. Richard Hla Min Oo ကနေဖြေကြားပေးသွားမှာဖြစ်ပါသည်။ ဒီအစီစဉ်ကိုအပတ်စဉ် စနေနေ့ည (၇းဝ၀) အချိန်တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါသည်။ ရိုက်ကူး/တည်းဖြတ် – ပေါလ်

ကာဗွန်ထုတ်လွှတ်မှု လျော့ချပေးကြပါ

 ထိန်းသိမ်းကြစေ သဘာဝအမွေ ” ဒီတစ်ပါတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” ကာဗွန်ထုတ်လွှတ်မှု လျော့ချပေးကြပါ ” ခေါင်းစဉ်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက် / တည်းဖြတ် – Wiliam Zaw Naing Oo #rvapastoralcare #CO2 #WorldWarming

ရဟန်း၀တ်ကော်လံ (သို့) ရိုမန်ကော်လံ

ရဟန်း၀တ်ကော်လံ (သို့) ရိုမန်ကော်လံ မေး။ ကက်သလစ်ဘုန်းတော်ကြီးတွေရဲ့လည်ပင်း မှာ ပတ်ဆင်လေ့ရှိတဲ့ နှစ်လက်မခန့်အဖြူပြားကြီးက ဘာလဲမသိလို့ ရှင်းပြပေးပါ။ ဘယ်အချိန်က စတင်၀တ်ဆင်လေ့ရှိကြတယ်ဆိုတဲ့ သမိုင်းလည်း သိပါရစေ။ ဖြေ။ ဟုတ်ကဲ့။ ကက်သလစ်ဘုန်းတော်ကြီးများရဲ့ လည်ပင်းမှာ ပတ်ဆင်လေ့ရှိတဲ့ နှစ်လက်မခန့်အဖြူပြားကြီးကို ရဟန်း၀တ်ကော်လံ (Clerical Collar) ဒါမှမဟုတ် ရိုမန်ကော်လံ (Roman Collar)လို့ ခေါ်ပါတယ်။ ကက်သလစ်အသင်းတော်ထဲမှာ ရှေးခေတ်ကာလမှစပြီး ယနေ့ခေတ်ထိအောင် ရဟန်းအမျိုးစားများနှင့် ၎င်းတို့၏သင်္ကန်း၀တ်ရုံများလည်း တိုးတက်ပြောင်းလာခဲ့တာတွေ ရှိပါတယ်။ အဲဒီတိုးတက်ပြောင်းလဲမှုတွေနဲ့အတူ အခုလို ၀တ်စားဆင်ယင်မှုလည်း ပြောင်းလဲလာခဲ့တာ ရှိပါတယ်။…

တန်ဆေးလွန်ဘေး

အာလုံးဘဲမင်္ဂလာပါ အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့”တန်ဆေးလွန်ဘေး”  ဆိုတဲ့ခေါင်းစဥ်လေးဘဲဖြစ်ပါတယ်ရှင်။ သော်တရှင်များရှင် -တန်ဆေးလွန်ဘေး ဆိုတဲ့စကားပုံမှာ ရှေးလူကြီးပညာရှိများ၏အမြော်အမြင်ကြီးစွာနဲ့ထားရှိခဲ့တဲ့ဆိုရိုးစကားတစ်ရပ်ဖြစ်ပါတယ်။လူလောကကြီးမှာလူတိုင်းသူတိုင်းဘေးအန္တရာယ်တို့နဲ့၀ိုင်ရံလျှက်ရှိကြပါတယ်။ဒါကြောင့်မို့အရာရာတိုင်းကိုနှိုင်းနှိုင်းချိန်ချိန်သုခမိန်ဆိုတဲ့သောစကားအရဘေးအန္တရာယ်မကျရောက်မီနှင့်မတွေ့ရှိရအောင်လုံလ၀ိရိယဖြင့်ရှောင်ရှားနိုင်စွမ်းရှိရမှာဖြစ် ပါတယ်။ဒါပေမဲ့တချို့လူတွေကတော့နှိုင်းဆတွေဆတဲ့ဥာဏ်ကိုမသုံးဘဲအရာရာမှာတဖက်စွန်းရောက်ပြုလုပ် တက်လိုဆင်းရဲဒုက္ခရောက်တက်သူတွေရှိသလို၊အရာရာကို‌‌‌‌ေ၀ဖန်ပိုင်းခြားသုံးသပ်ပြီးတော့နေထိုင်တဲ့သူတွေ လည်းရှိကြပါတယ်။ သော်တရှင်များရှင် -ဥပမာပြောရမယ်ဆိုရင် ပစ္စည်းဥစ္စာရှာဖွေခြင်း၊ အလှအပကိုရှေ့တန်းတင်ခြင်း၊အရက်သေစာသောက်သုံးခြင်း၊ စီကရက်သောက်သုံးခြင်း၊ကွမ်း၊ဆေးလိပ်၊ခိုင်နီတွေစသည့် မူးယစ်စေတဲ့အရာတွေဟာလူတွေရဲ့စိတ်မကောင်းရာဘက်သို့ယိမ်းယိုင် စေတဲ့အရာတွေပေါ့။ဒါအပြင် မိသားစုတိုင်းမှာလည်းစာ၀တ်နေရေးအဆင်ပြေစေရန်အတွက်ဥစ္စာရှာဖွေရတယ်၊နေစရာအိမ်မြေရာရှိဖို့၊ရန်နှင့် သန့်ရှင်းသပ်ရပ်စွာအခွင့်အခါကိုလိုက်ပြီး၀တ်ဖို့အ၀တ်အထည့်၊လက်၀တ်ရတနာရရှိဖို့၊အာဟာရပြည့်ပြည့်၀၀မှန်မှန်ကန်ကန်စားသောက်နိုင်ဖို့စသည့်တို့ရရှိဖို့ရန်အတွက်စုဆောင်းရ၊ရှာဖွေရပါတယ်။အထက်ဖေါ်ပြခဲ့တဲ့အရာ တွေရရှိဖို့ရန်အတွက်မိမိတို့ဟာရိုသားဖြောင့်မတ်ခြင်းစိတ်နဲ့ပစ္စည်းဥစ္စာများကိုရှာဖွေဖို့လိုပါတယ်။မိမိစုဆောင်း ထားတာ‌တွေပြည့်စုံလုံလောက်ပြီးဆိုရင် မိမိတို့ပြုလုပ်မဲ့စီးပွားရှာဖွေရေးကို မှန်ကန်စွာနဲ့တိုးတက်အောင် လုပ်တက်ဖို့ကအရေးကြီးလှပါတယ်။ တချို့ကျတော့လည်းပိုရလေ၊လိုလေ၊ပို၍လောဘက်တက်ပြီးတော့ ရိုသားတာ၊မရိုသားတာ၊တရားဥပဒေနဲ့ငြိစွန်တာ၊မငြိစွန်တာတွေမရွေးချယ်နိုင်၊မနှိုင်းချိန်တော့ပဲ နောက်ဆုံးမှာဥစ္စာကြေးငွေနောက်တကောက်ကောက်ပြေးလိုက်ရင်နဲ့သိက္ခာကျဆုံးခြင်းတွေ၊အသက်ဆုံးရခြင်း တွေနဲ့ ရင်ဆိုင်နေရတဲ့သူတွေလည်းရှိနေကြတာအမှန်ပါ။အသောမတက်နိုင်တဲ့လောဘကြောင့် ပျက်စီးကြရတာဖြစ်ပါတယ်။ သော်တရှင်များတို့   -ဒါတွေမကသေးပါဘူး အရက်သေစာသောက်သုံးခြင်း ၊စသည့်လူကိုမူးယစ်ဆေးတဲ့မူးယစ်ဆေး၀ါသုံးစွဲခြးင်း ကလည်းလူကိုဘာအကျိုးမှာမပေးတဲ့အပြင် ကျန်းမာရေးတွေပါထိခိုက်စေပါတယ်။၊နောက်ဆက်တွဲဖြစ်တဲ့၊စီးပွားရေးပါထိခိုက်လာရုံမက ဘဲ၊နောက်ဆုံးရောဂါရအသက်ပါဆုံးရှုံးကြရတာဖြစ်ပါတယ်။ဒါတွေဟာလူကိုဒုက္ခပေးမှန်သိရက်နဲ့လူတွေဟာမဆင်မခြေမပြုပြင်ဘဲဆက်ပြီးမိုက်ရူးရဲဆန့်စွာဖြင့်ဆက်လုပ်နေကြတယ်။မကောင်းဒုစရိုက်နွံထဲမှာဘဲပျော်နေကြတယ်။ရုန်းမထွက်ကြဘူး။သူတို့အတွက်တော့သနားစရာပေါ့။တန်ဆေးလွန်ဘေးဆိုတာမသိ၊သတိမရှိကြသူတွေ ပေါ့။ခု‌ခတ်လူငယ်အမျိုးသမီးတွေလည်း-အလှအပကိုဦးစားပေးတက်ကြတာတွေ့ရတယ်။မိမိနဲ့လိုက်ဖက်မှန်မသိ ဆင်မြန်းကြတယ်။လိုတာထက်ပိုတာတွေတွေ့ရတယ်။တခါတလေမှာပြင်လွန်တော့နဂိုမူလရှိတဲ့အလှတွေတောင်ပျောက်ကွယ်သွားတက်ပါတယ်။ပြင်ဆင်ရာမှာလည်းဘောင်မလွန်ဖို့အရေးကြီးပြန်ပါတယ်။နဂိုရှိမှနကိုင်းထွက်ဆိုတဲ့စကားပုံအတိုင်းနဂိုရှိတဲ့အလှကိုပြင်ဆင်တက်မှာသာလျှင်ပိုမို၍လှပတင့်တယ်တဲ့လူငယ်လေးတွေဖြစ်လာမှာ ဖြစ်ပါတယ်။လူတွေရဲ့အလှအပဟာ…

2021အတွက်ရည်မှန်းချက်တွေချမှတ်ခြင်းနှင့်စိတ်ကောင်းရှိသူတွေမှာတွေ့ရတတ်တဲ့အချက်များ

ဒီကနေ့မှာတော့၂၀၂၁အတွက်ရည်မှန်းချက်တွေချမှတ်ခြင်းနှင့်စိတ်ကောင်းရှိတဲ့သူတွေမှာတွေ့ရတတ်တဲ့အချက်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။အခုဆိုရင်၂၀၂၁နှစ်ဆန်းပြီးဖြစ်ပါတယ် ဒီအချိန်မှာကျမတို့အတွက်ရည်းမှန်းချက်တွေချမှတ်ဖို့ရန်အခါအခွင့်သင့်ပါတယ်။လူအများစုကတော့ရည်မှန်းချက်တွေချမှတ်ဖို့ယုံကြည်မှုမရှိကြပါဘူး။ဘာဖြစ်လို့လဲဆိုတော့သံဓိဌာန်တွေရည်မှန်းချက်တွေချမှတ်တာဟာဖျောက်ဖျက်ဖို့ဖြစ်လာမှာလို့ပြောကြတာကြောင့်ပါ။