rvamyanmar

rvamyanmar

စိန့်ဂျိုးဇက်အသင်းဂိုဏ်းဝင် သီလရှင် (၄) ပါး၏ သာသနာပြုခရီး (၂၅) နှစ်ပြည့် ငွေစင်ဂျူဘီလီပွဲကျင်းပ။

စိုန့်ဂျိုးဇက်အသင်းဂိုဏ်းဝင် သီလရှင်(၄)ပါး၏ သာသနာပြုခရီး (၂၅)နှစ်ပြည့် ငွေစင်ဂျူဘီလီပွဲကို မန္တလေးကက်သလစ်သာသနာ၊ ပြင်ဦးလွင်မြို့၊ဆင်လမ်းကျွေးရွာ၊ စိန့်ဂျိုးဇက် တရားရိပ်သာတွင် (၂၂.၁.၂၀၂၆) ကြာသပတေးနေ့ နံနက် ၁ဝ:ဝဝ နာရီအချိန်၌ မော်လမြိုင်ဂိုဏ်းအုပ်သာသနာ၊ ဆရာတော်ကြီး Maurice Nyunt Wai မှမစ္ဆားတရားဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ မစ္ဆားတရား၌ ဆရာတော်ကြီး Maurice Nyunt Wai မိန့်ကြားသည်မှာ “အရာရာတိုင်းအတွက်ကျေးဇူးတင်တတ်တဲ့အခါမှာ အရာရာတိုင်းသည် အကောင်းဘက်ပြောင်းလဲ သွား တတ်ပါတယ်။ အပြုံးအတွက်သာမက အမုန်းခံရတဲ့အတွက်လည်းကျေးဇူးတင်ရမယ် အရှေ့က ပေးတဲ့ ပန်းစည်းအတွက်ရော အနောက်ကထိုးတဲ့ဓားအတွက်ပါကျေးဇူးတင်ရမှာဖြစ်ပါတယ်။ အရာ အားလုံး အတွက်…

ဘုရားသခင်၏ အချိန်နာရီကို ယုံကြည်ကိုးစားခြင်း။

ယေဇူးခရစ်တော်သည် သူ၏သာသနာပြုလုပ်ငန်းကို ယောဟန် အဖမ်းခံရသည့် “မှောင်မိုက် သောကာ လ” ၌ စတင်ခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီးက ထောက်ပြးကာ ကျွန်ုပ်တို့သည် အပြောင်း အလဲတစ်ခု လုပ် ရန် “အကောင်းဆုံးအချိန်” ကို စောင့်ဆိုင်းနေတတ်သော်လည်း အောက်ပါအတိုင်း လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းခဲ့သည် – • ကြောက်ရွံ့မှု၊ ဝေခွဲမရဖြစ်မှု သို့မဟုတ် မသာယာသော အခြေအနေများကြောင့် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ရပ်တန့်မနေပါနှင့်။ • “ဘုရားသခင်၏ အချိန်” ကို နားလည်ရန် –…

သက်ရှိများနှင့် မျိုးတုန်းမှုအန္တရာယ် အပိုင်း ( ၂ )

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ” မျိုးတုန်းလာနေပီဖြစ်တယ့် သက်ရှိများနှင့်သစ်ပင်များ အပိုင်း ( ၂ )” ဆိုတယ့်အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ တင်ဆက် — ဝီလျံ ဇော်နိုင်ဦး တည်းဖြတ် — စတီဗင်

ဥရောပညီလာခံသို့ ပေးပို့သော ပုပ်ရဟန်းမင်းကြီး၏ သဝဏ်လွှာ။

လူဇင်ဘတ်နိုင်ငံ၌ ကျင်းပသည့် Centesimus Annus Pro Pontifice ညီလာခံသို့ ပုပ်ရဟန်းမင်းကြီးက သဝဏ်လွှာပေးပို့ခဲ့ပြီး၊ ဥရောပငြိမ်းချမ်းရေးအတွက် ကက်သလစ်အသင်းတော်၏ လူမှုအဆုံးအမ (Catholic Social Teaching, CST) သည် အဓိကကျကြောင်း အလေးပေးပြောကြားခဲ့သည်။ ယနေ့ကမ္ဘာတွင် အမှန်တရားကို ထင်မြင်ယူဆချက်သက်သက်အဖြစ် မြင်လာကြသည့် အကျပ် အတည်းကို သတိပေးခဲ့သည်။ လူသား၏ ဂုဏ်သိက္ခာကို လေးစားခြင်းနှင့် ဘုံအမှန်တရားများကို လက်ခံခြင်းဖြင့်သာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည်ဖြစ်ကြောင်းနှင့် ဥရောပအနေဖြင့် ၎င်း၏ ခရစ်ယာန်အခြေခံ အုတ်မြစ် များ ကို ပြန်လည်အမှတ်ရရန်…

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ဝါတွင်းကာလအတွင်း ရောမမြို့ရှိ သာသနာနယ် (Parishes) ၅ ခုသို့ ကြွ ရောက်မည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဝါတွင်းကာလ တနင်္ဂနွေနေ့တိုင်းတွင် ရောမသာသနာ့ဇုန်အတွင်း ရှိ သာသနာနယ် ၅ ခုသို့ ကြွရောက်ပြီး၊ သာသနာရေးအဖွဲ့များနှင့် တွေ့ဆုံကာ မစ္ဆားတရားတော်ကို ဆက် ကပ်ပူဇော်သွားမည်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ပြာခံပွဲ ပြီး နောက်တစ်ရက်ဖြစ်သော ဖေဖော်ဝါရီလ ၁၉ ရက် (ကြာသပတေးနေ့) တွင် ရောမသာသနာ့ဇုန်ရှိ ဘုန်တော်ကြီးများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ရောမသာသနာနယ်(Vicariate of Rome) က ပြီးခဲ့သော သောကြာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ…

ရဟန်းမင်းကြီးလီယို(၁၄) သည် ကြာသပတေးနေ့ကြီးညမစ္ဆားကိုစိန့်ဂျွန် လက်တာရင်ဘာစီးလီကာ၌ ပူဇော်မည်။

ရဟန်းမင်းကြီးဖရန်စစ်၏ (၁၂) နှစ်တာရဟန်းမင်းကြီးအမှုတော်ဆောင်စဉ်ကာလ၌တစ်ခါမျှ ပြုလုပ်ခြင်း မရှိခဲ့သောအမှုတစ်ခုဖြစ်သည့်စိန့်ဂျွန်လေတာရင်ဘာစီးလီကာ၌ရဟန်းမင်းကြီးလီယို (၁၄) သည်ဧပြီ (၂) ရက်၊ ကြာသပတေးနေ့ကြီးည ယေဇူးသခင်သူ၏တပည့်တော်ကြီးများနှင့်အတူညစာစားပွဲမ စ္ဆားကိုဦး ဆောင်ပူဇော်မည်ဖြစ်ကြောင်းပြီးခဲ့သည့်ပတ် ရဟန်းမင်းကြီး၏၀တ်ပြုခြင်းဆိုင်ရာရှေ့အစီအစဉ် များ ထုတ်ပြန်ရာ၌ဖော်ပြထားခဲ့သည်။  ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအမှုတော်ကိုစတင်ထမ်းဆောင်သော (မတ် ၂၈၊ ၂၀၁၃) ခုနှစ် ၌ ကြာသပတေးညယေဇူးသခင်၏နောက်ဆုံးညစာစားပွဲကို ရောမမြို့ပြင်ဆင်ခြေဖုံးရပ်ကွက်ရှိ Casal del Marmo juvenile လူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာရှိဘုရားကျောင်းဆောင်ငယ်၌ပူ ဇော်ခဲ့ သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏နိုင်ငံ Buenos Aires ၌ဂိုဏ်းချုပ်ဆရာတော်အဖြစ်ရှိနေစဉ် ကပင်ယခုကဲ့သို့လုပ်ဆောင်လေ့ရှိသည်။ သူသည်အကျဉ်းသား (၁၂)…