rvamyanmar

rvamyanmar

စပိန်ရထားမတော်တဆမှုတွင် ထိခိုက်သေဆုံးခဲ့ရသူများအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်း မေတ္တာနှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့။

စပိန်နိုင်ငံတောင်ပိုင်းတွင် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော အနည်းဆုံး ၃၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည့် ရထားမတော်တဆမှုတွင် ထိခိုက်ခံစားရသူများနှင့်အတူ ထပ်တူထပ်မျှ ရှိနေကြောင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က မိန့်ကြားလိုက်သည်။ ဗာတီကန်သတင်း (Vatican News) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် (တနင်္ဂနွေနေ့) က စပိန်တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရထားချင်း တိုက်မိ မှုကြောင့် အနည်းဆုံး ၃၉ ဦး သေဆုံးကာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်အတွက်…

“ခရစ်ယာန်များအားလုံး တစ်လုံးတစ်ဝတည်းဖြစ်စေရန် ဆုတောင်းခြင်းကို အရှိန်မြှင့်ကြပါစို့”

ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းဖြစ်စေရန် ဆုတောင်းမေတ္တာပြုသည့် ရက်သတ္တပတ် (Week of Prayer for Christian Unity) စတင်ခြင်းအထိမ်းအမှတ်အဖြစ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ခရစ်ယာန်အချင်းချင်းအကြား မြင်သာထင်သာရှိသော စည်းလုံးညီညွတ်မှုရရှိစေရန် ဆုတောင်းခြင်းကို အသစ်တဖန် ပြန်လည်လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်ခြင်း နှင့် ဤအစီအစဉ်၏ နောက်ခံသမိုင်းကို ပြန်လည် ဝေမျှခဲ့ပါသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ အန်ဂျေလူး (Angelus) မေတ္တာဆိုအပြီးတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ယနေ့ စတင်သည့် လွန်ခဲ့သော…

အာဗီအေနေ့ နှင့် ကျေးဇူးတင်မစ္ဆားတရားပူဇော်ခြင်း။

အာဗီအေမြန်မာဘာသာအစီအစဉ်၏ RVA Day နှင့် ၂၀၂၅ခုနှစ် တစ်နှစ်လုံးအတွက် ကျေးဇူးတင်ခြင်း မစ္ဆားတရားတော်မြတ်ကို မန္တလေးကက်သလစ်သာသနာ၊  ကာသီဒြယ် ရွေနှလုံးတော် ဘုရားကျောင်း၌ (၁၈.၁.၂၀၂၆) တနင်္ဂနွေနေ့၊ နံနက် ၈းဝဝ အချိန်၌ ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ ဦးဆောင်ပူဇော် ပေးခဲ့ပါသည်။ မစ္ဆားတရား၌ဆရာတော်ကြီးမာကုဦးတင်ဝင်း မိန့်ကြားသည်မှာ “လောကမှာ အခက်အခဲတွေအများကြီးရှိပါတယ် မိသားစုတိုင်းမှာလည်း ရုန်းကန်ရတဲ့အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒီလိုနဲ့ လောက အခက်အခဲတွေနဲ့ပဲလုံးပန်းနေရပြီး ဘုရားရှင်ထံဝတ်ပြုဆုတောင်း ဖို့ မေ့နေတတ်ကြတယ်။ ဘုရားရှင်သာသင် လျှင်ငါတို့ရဲ့ သောက ကိုလမ်းညွန်ပေးနိုင်တယ် ငါတို့ရဲ့…

ဆန်းကျယ်သောဘုရားသခင်၏ရဟန်းဘောင်သို့ခေါ်တော်မူခြင်း။

(အထင်အမြင်လွဲးမှားစေရန်မဟုတ်ပါ၊ ဘုရားသခင်၏ခေါ်တော်မူခြင်း ဆန်းကြယ်ပုံကို တင်ပြခြင်းသာ ဖြစ်ပါသည်။) သူ၏အမည်ကား ဖာသာရ် Travis Moger ဖြစ်သည်။ ရဟန်းသိက္ခာခံယူခဲ့သည်မှာ (၉) လ သာရှိ သေး သည်။ သူ၏ရဟန်းဘောင်သို့ခေါ်တော်မူခြင်းမှာအလွန်ထူးခြားသည်။ သူသည်ယခင်ကသင်းကွဲ ညီအစ် ကိုအသင်းတစ်ခု၏ဓမ္မအမှုတောင်ဆောင်တစ်ဦးဖြစ်ခဲ့သည့်အပြင် စစ်သားများအားဘာသာရေးလမ်း ညွှန်မှု၊ အားပေးနှစ်သိမ့်အကြံပေးလမ်းညွှန်သည့်အမှုတော်ကိုလည်းထမ်းဆောင်ခဲ့သူဖြစ်သည်။ သူသည် (မေလ ၂၀၂၅) ဗာဂျီးနီးပြည်နယ်အနောက်ဖက်ရှိ Wheeling-Charleston ဂိုဏ်းအုပ် သာသနာ၏ သာ သနာ ပိုင်ဘုန်းတော်ကြီးအဖြစ်ကက်သလစ်သာသနာ၏ထာ၀ရရဟန်းသိက္ခာကိုခံယူခဲ့သည်။ သူသည်အိမ်ထောင် သည်လည်းဖြစ်ပါသည်။ သူ၌ဇနီး၊ သားတစ်ဦးရှိပြီး မိသားစုတစ်စုလုံးလွန်ခဲ့သော (၇) နှစ်ကကက်သလစ် ဘာသာ၀င်အဖြစ်ပြောင်းလဲခံယူခဲ့ကြသည်။ သူ့အနေဖြင့်ကက်သလစ်သာသနာသို့ကူးပြောင်းလာခဲ့ခြင်းမှာ ရဟန်းသိက္ခာခံယူရန်ရည် ရွယ်ခဲ့ခြင်း မဟုတ်။…

ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ်တို့သည် အဖိုးတန်လှပါသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဗာတီကန်ရင်ပြင်တွင် ပြုလုပ်ခဲ့သော လူတုတွေ့ဆုံခြင်းနှင့် အန်ဂျေလူစ် (Angelus) မေတ္တာ ဆိုခြင်း၌ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ခရစ်ယာန်ဘာသာဝင်များအနေဖြင့် အစဉ်နိုးကြားနေကြရန်၊ အဓိကကျ သော အရာများအပေါ်တွင်သာ အာရုံစိုက်ကြရန်နှင့် ဘုရားသခင်၏ မျက်မှောက်တွင် ကျွန်ုပ်တို့သည် မည်မျှအထိ အဖိုးတန်သည်ကို ဘယ်သောအခါမှ မမေ့လျော့ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ ကျွန်ုပ်တို့အား ချစ်တော်မူသော သခင်ဘုရားနှင့် တွေ့ဆုံနိုင်ရန်အတွက် နေ့စဉ်နေ့တိုင်း ဆုတောင်းခြင်း နှင့် ဆင်ခြင်တွေး တောခြင်းများအတွက် အချိန်ပေးကြရန် ပုပ်ရဟန်းမင်းကြီး လီယို (၁၄)…

လူ့အသက်ကာကွယ်ရေးအဖွဲ့၏ချီတက်ပွဲ၌လက်ရှိအမေရိကန်ဒုသမ္မတပါ၀င်ဟောပြောမည်။

လာမည့် (ဇန္န၀ါရီလ ၂၃၊ ၂၀၂၆) တွင်ကျင်းပမည့် လူ့အသက်ကိုကာကွယ်သည့်လှုပ်ရှားမှုကို အမေရိကန် နိုင်ငံ၏မြို့တော်၀ါရှင်တန်ဒီစီ၌ကျင်းပမည်ဖြစ်သည်။ ထိုချီတက်လှုပ်ရှားမှု၌လက်ရှိအမေရိကန် ဒုသမ္မတ JD Vance ကလည်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Mike Johnson၊ ရီပါပလီကန် Chris Smith ၊ R-New Jersey၊ အခြားသော‌ဟောပြောသူများနှင့်တွဲဖက်၍ဟောပြောမည်ဟုသိရသည်။ ဤလှုပ်ရှားမှုကို ကျင်းပ လာခဲ့သည်မှာယခုနှစ်နှင့်ဆိုလျှင် (၅၃) ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။ ဒုသမ္မတ JD Vance သည်ကက်သလစ်ဘာသာ၀င်တစ်ဦးဖြစ်သည်။ သူသည်ဤလူအသက် ကိုကယ်တင် ရေးချီတက်လှုပ်ရှားမှု၌နှစ်စဉ်ထောင်သောင်းနှင့်ပါ၀င်ကြသောအမေရိကန်နိုင်ငံသားများကိုကျေးဇူးတင်ကြောင်း၊ ယခုနှစ်မှာလည်းဆက်လက်ဆုံဆည်းရန်မျှော်လင့်ကြောင်း ကက်သလစ်ရုပ်သံသ တင်းဌာန တစ်ခုဖြစ်သော EWTN…