
ကက်သလစ်တက္ကသိုလ်များသည် ကျောင်းသားများအား ခရစ်တော်ထံသို့ ပို့ဆောင်ပေးသော နေရာ များ ဖြစ်ရမည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ဗာတီကန်၌ ကက်သလစ်ကောလိပ်များနှင့် တက္ကသိုလ် များအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား မိန့်ကြားစဉ် (@Vatican Media) အမေရိကန်ပြည်ထောင်စုရှိ ကက်သလစ်ကောလိပ်နှင့် တက္ကသိုလ် အဓိပတိများ၊ ပါမောက္ခချုပ်များကို မိန့်ကြားရာတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကက်သလစ်ပညာရေးသည် ပညာရပ်များကို မြတ်နိုး စိတ်ရှိစေရုံသာမက “သမ္မာတရား” ဖြစ်တော်မူသော ခရစ်တော်အပေါ် ပြင်းပြသော ချစ်ခြင်းမေတ္တာကိုပါ ပျိုးထောင်ပေးရမည်ဟု မိန့်ကြားခဲ့သည်။ ဤသို့မဟုတ်ပါက ကျောင်းသားများသည် သမ္မာတရားကို ခွဲခြားသိမြင်ရန်နှင့် ယင်းနှင့်အညီ မိမိတို့၏ဘဝကို ပုံဖော်ရန် ပြင်ဆင်မှု အားနည်းသွားလိမ့်မည်ဟု…







