လစ်သူယေးနီးယားနိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့ကရုဏာတော် ဆိုင်ရာ တမန်တော်များညီလာခံ သို့ ရဟန်းမင်းကြီးလီယို ၁၄ ပေးပို့သော သဝဏ်လွှာ။

ခရစ်တော်၌ရှိသော ချစ်ခင်ရပါသော ညီအစ်ကို မောင်နှမများ…

ကျွန်ုပ်၏ လေးစားရပါသော ရှေ့တော်ဆက် ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် ၂ က အလွန်တရာ ပြင်းပြစွာ လိုလားခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ကရုဏာတော်ဆိုင်ရာ တမန်တော်များညီလာခံ (World Apostolic Congress on Mercy) တွင် ပါဝင်ဆင်နွှဲနေကြသော သင်တို့အားလုံးကို နှုတ်ခွန်းဆက်သရသည့် အတွက် အလွန်ဝမ်းမြောက်မိပါသည်။

ဤအခါသမယတွင် ကမ္ဘာတစ်ဝှမ်းမှ ကရုဏာတော်ဘုရားဖူးများစွာကို ၎င်း၏ သာသနာနယ်တွင် ကြို ဆိုလက်ခံပေးနေသည့် ဗေးလ်နီးယပ်စ် (Vilnius) ဂိုဏ်းချုပ်ဆရာတော်ကြီး ဂျင်တားရပ်စ် ဂရူးရှပ်စ် (Gintaras Grušas) ထံသို့လည်းကောင်း၊ လစ်သူယေးနီးယား သမ္မတနိုင်ငံ၏ သမ္မတ မစ္စတာ ဂီတာနပ်စ် နော်ဆီဒါ (Gitanas Nausėda) ထံသို့လည်းကောင်း၊ တက်ရောက်ရန် ကျေးဇူးပြု၍ လက်ခံပေးခဲ့သော ကွန်စတန်တီနိုပယ် (Constantinople) ၏ သာသနာပိုင် ပက်ထရီယာ့ခ် ဘာသိုလောမြူး (Patriarch Bartholomew) ထံသို့လည်းကောင်း အထူးနှုတ်ခွန်းဆက်သအပ်ပါသည်။

စိန့်ဩဂတ်စတင်း (Saint Augustine) က ၎င်း၏ Confessions စာအုပ်တွင် သူ၏ တစ်ခုတည်းသော မျှော် လင့်ချက်မှာ ဘုရားသခင်၏ အတိုင်းမသိ ကြီးမားလှသော ကရုဏာတော်တွင်သာ ရှိကြောင်းရေးသား ခဲ့သည်။ အမှန်စင်စစ်၊ ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးစီအပေါ် မည်မျှ ကရုဏာကြီးမားကြောင်းနှင့် ကိုယ်တော်၏ ကရုဏာတော်အပေါ် ကျွန်ုပ်တို့၏ ယုံကြည်ကိုးစားမှုကို အသစ်တဖန် ပြန်လည်တည် ဆောက်ခြင်းသည် ကျွန်ုပ်တို့အတွက် မည်မျှကောင်းမွန်ကြောင်းကို ကျွန်ုပ်တို့ ကိုယ်တွေ့ ခံစားရသော အ ခါ ၎င်းသည် ကြီးမားသော ဝမ်းမြောက်ခြင်းနှင့် စစ်မှန်သော မျှော်လင့်ခြင်း၏ အရင်းအမြစ်ဖြစ် လာပါ သည်။

ကြောက်ရွံ့မှုများ၊ စိုးရိမ်ပူပန်မှုများ၊ တင်းမာမှုများနှင့် စစ်ပွဲများစွာရှိနေသော ယနေ့ကမ္ဘာကြီးသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီရော လူမျိုးများ၏ နှလုံးသားများတွင်ပါ ငြိမ်းချမ်းရေးအတွက် အရေးတကြီး လို အပ်မှု တိုးပွားလာနေကြောင်း ပြသနေပါသည်။ ဆက်ဆံရေးများကို အဆိပ်သင့်စေပြီး အသက်များကို ပျက်စီးစေသော အကြမ်းဖက်မှုဝဲဂယက်ကြားတွင်၊ ဘုရားသခင်၏ ကရုဏာတော်သည် ၎င်း၏ အံ့မခန်း ဖွယ် အသစ်တဖန်ဖြစ်စေနိုင်သော စွမ်းပကားဖြင့် ကျွန်ုပ်တို့၏ နှလုံးသားများထဲသို့ ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုနေပါသည်။ ဤကရုဏာတော်သည် ကျွန်ုပ်တို့၏ဘဝများကို ပြောင်းလဲစေနိုင်ပြီး၊ ကျွန်ုပ်တို့ မှတဆင့် ထင်ရှားပြသနေသော ဘုရားသခင်၏ မျက်နှာတော်၏ ထူးခြားသောလက္ခဏာရပ်များဖြစ်သည့် ချစ်ခြင်းမေတ္တာနှင့် ခွင့်လွှတ်ခြင်းဆီသို့ လမ်းဖွင့်ပေးနိုင်ပါသည်။

ချစ်မိတ်ဆွေတို့…

ဘုရားသခင်သည် ကရုဏာတော်ပြသရန် ဘယ်သောအခါမျှ မငြီးငွေ့ပါ။ ဆာလံကျမ်းရေးဆရာ ဆိုခဲ့ သည့်အတိုင်း ကိုယ်တော်၏ ချစ်ခြင်းမေတ္တာသည် ထာဝစဉ်တည်မြဲပါသည်။ ထို့ပြင် ကျွန်ုပ်တို့၏ ကမ္ဘာ ကြီးသည် အဆင့်တိုင်းတွင် ကရုဏာတော်ကို မည်မျှအထိ တမ်းတအော်ဟစ်နေသနည်း။

သို့သော်လည်း ကျွန်ုပ်တို့ အလွန်တရာ လိုလားတောင့်တသော ငြိမ်းချမ်းရေးကို ကရုဏာတရားမရှိဘဲ မရရှိနိုင်ပါ။ ထို့ကြောင့် ပိုမိုနွေးထွေးပျူငှာပြီး ကရုဏာရှိသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ကျွန်ုပ်တို့၏ မိသားစုများမှအစပြု၍ တည်ဆောက်သွားရန် ဘုရားသခင်၏ အဆုံးအစမဲ့ကရုဏာတော်အပေါ် ယုံ ကြည်ကိုးစားမှုနှင့် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ကတိကဝတ်များကို ပေါင်းစပ်ကြပါစို့။

သင်တို့အနေဖြင့် ဤနိုင်ငံတကာအစည်းအဝေးကြီးတွင် တွေ့ကြုံခံစားခဲ့ရသမျှ ကြွယ်ဝမှုအားလုံးကို သင်တို့၏ အသိုင်းအဝိုင်းများထံသို့ ပြန်လည်ယူဆောင်သွားနိုင်စေရန် ဗေးလ်နီးယပ်စ်တွင် ဤနေ့ရက် များကို အပြည့်အဝဖြတ်သန်းနိုင်လိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။

သင်တို့တစ်ဦးစီနှင့် သင်တို့၏ မိသားစုများအပေါ် အကြင်နာဆုံးသော ဘုရားသခင်၏ တမန်တော်ဆိုင်ရာ ကောင်းချီးမင်္ဂလာ (apostolic blessing) ကို ကျွန်ုပ်၏ နှလုံးသားအောက်ခြေမှ သက်ရောက်ခံစား ရပါစေ ကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

YouTube  – https://youtu.be/Zm9sv16Zf6w

Fr. Peter Kyi Maung

Credit to Vatican News

rvamyanmar
rvamyanmar
Articles: 3981

Leave a Reply

Your email address will not be published. Required fields are marked *