rvamyanmar

rvamyanmar

St. Martin (I), စိန့်မာတင်း (၁)

St. Martin (I), စိန့်မာတင်း (၁) 13 April 2021 စိန့်မာတင်း၏ (၆)နှစ်တာ အသင်းတော် အုပ်ချုပ်သည့် ကာလတွင် (Latesan Council) လာသရင်းကောင်စီ ကျင်းပပေးခဲ့သည်။ ဆရာတော် (၁၀၅)ပါး ပါဝင်စည်းဝေးကြသည်။ ရောမမြို့၌ ကျင်းပသော ဤအစည်းအဝေး၌ ခရစ်တော်၏ လူ့ဇာတိအဖြစ် ယူခြင်းအားဖြင့် ငြင်းပယ်သူများအား ချေပကြသည်။ ကောင်စီ၏ ပြဌါန်းချက်အား ဧကရာဇ်မင်း ကွန်စတန်တင်(၂)က ဆန့်ကျင်သည်။ ပုပ်ရဟန်းမင်းကြီးအား အသက်အန္တရာယ်ပေးရန် ကြိုးစားသည်။ ဘုရင်မင်းကြီး ပုပ်ရဟန်းမင်းနေရာသို့ တိတ်ဆိတ်ဝင်ရောက် ဖမ်းစေသည်။…

St. Stanislaus (Bishop, Martyr), စိန့်စတန်းနစ်စလော့ (ဆရာတော်၊ ဓမ္မအာဇာနည်) (၁၀၃၀-၁၀၇၉)

St. Stanislaus (Bishop, Martyr), စိန့်စတန်းနစ်စလော့ (ဆရာတော်၊ ဓမ္မအာဇာနည်) (၁၀၃၀-၁၀၇၉) (ဧပြီလ ၁၁) မိဘများသည် ပိုလန်နိုင်ငံသား ဂုဏ်ကျက်သရေရှိသူများ ဖြစ်ကြသည်။ ကက်သလစ် မိသားစုကောင်း ဖြစ်ကြသည့်အတိုင်း စတန်းနစ်စလော့စ်အား ရဟန်းဖြစ်သင်ကျောင်းသို့ ပညာသင်ခွင့်ပေးကြသည်။ မိဘများသေဆုံးပြီး စတန်းနစ်စလော့စ်သည် အမွေများအားလုံး ဆင်းရဲသားများအား ဝေငှခဲ့သည်။ ရဟန်းသိက္ခာခံယူပြီး ကာနွန်ဥပဒေ သင်ကြားပေးရန် ကရိုကိုကာသီဒြယ်ကျောင်း၌ စာချပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ၁၀၇၂-ခုနှစ်၌ ဆရာတော်အဖြစ် ရွေးကောက် တင်မြောက်ကြသည်။ ဆရာတော်များ၏ စံပြနမူနာဖြစ်သည်။ တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ၌ အမြဲကာကွယ် ပြောဆိုခဲ့သည်။…

လူသားနဲ့ဘာသာတရား

လူသားနဲ့ဘာသာတရား ***************** ဘာသာရေးတိုင်းက ဘုရားကို ယုံကြည်ကာ “ဓမ္မ” လမ်းစဥ်ဖြစ်တဲ့ ကောင်းတဲ့ ကုသိုလ်လုပ်ဖို့နဲ့ မကောင်းတဲ့ အကုသိုလ် “အဓမ္မ”ကိုရှောင်ဖို့ သွန်သင်ပါတယ်။ ဒါကြောင့် မိမိယုံကြည်တဲ့ ဘာသာတရားကို သေချာလေ့လာပြီး လက်တွေ့ ကျင့်ကြံလေလေ ကမ္ဘာကြီးနဲ့ လူအများအတွက် ကောင်းကျိုးဖြစ်ထွန်းပြီး ပိုမိုငြိမ်းခိမ်းသာယာလေလေပါ။ ဒါဆိုရင် ဘာဖြစ်လို့အချို့သူတွေ မကောင်းကြတာလဲ။ ဘာလို့ မကောင်းတဲ့ “အဓမ္မ” အကုသိုလ်၊ လူအချင်းချင်း ညှဥ်းဆဲ သတ်ဖြတ် နေကြတာလဲ။ ဟုတ်ပါတယ်၊ မိမိဘာသာတရားရဲ့ သွန်သင်ချက်တွေကို အမှန်ဂဃဏန လေ့လာ သိရှိပြီး…

စိန့်ဖူးလ်ဘတ် (St. Fulbert of Chartres) ဧပြီလ (၁၀)

စိန့်ဖူးလ်ဘတ် (St. Fulbert of Chartres) ဧပြီလ (၁၀) စိန့် ဖူးလ်ဘတ်ဟာ စာသင်ကြားရာမှာ နာမည်ကြီးတဲ့ အတွေးအခေါ်ပညာရှင် တစ်ဦးဖြစ်ပါတယ်။ သူဟာ ပြင်သစ်နိုင်ငံ၊ ချက်ထရေ့စ် Chartres ရဲ့ ဂိုဏ်းချုပ် ဆရာတော် တစ်ပါး ဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းနှင့် ရှေးရိုးစွဲ ခရစ်ယာန်တို့ရဲ့ သက်ဝင်ယုံကြည်မှုကို ပြင်းပြင်းထန်ထန် ခုခံကာကွယ်တဲ့ ဆရာတော်အဖြစ် သူ့ဘဝ၊ အချိန်များစွာကို ဆက်ကပ်ခဲ့ပါတယ်။ သူဟာ ၁၀ ရာစုမှာ အီတလီနိုင်ငံမှာ မွေးဖွားခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဆဲလ်ဗဲစ္စတား-၂ (Pope…

“စိန့် ဝေါလ်ထရူ့ဒ်” St. Waltrude

“စိန့် ဝေါလ်ထရူ့ဒ်” St. Waltrude ဧပြီလ- ၉ ရက် “စိန့် ဝေါလ်ထရူ့ဒ်”ဆိုတာ ခြောက်ရာစု အချိန်တုန်းက ထင်ရှားတဲ့အမျိုးသမီး၊ တစ်မိသားစုလုံး ရဟန္တာများ ဖြစ်သည်အထိ လမ်းကောင်းပြပေးနိုင်တဲ့ အိမ်ရှင်မပေါ့။ လောကရဲ့ လှည့်စားမှုအောက်မှာ မိသားစုကို ဘုရားလမ်းတရလမ်းထဲ တွန်းပို့ပေးလိုက်နိုင်တဲ့ မိသားစုရဲ့ အလင်းရှင်ကြီးဆိုလဲ မှားလိမ့်မယ်မထင်ပါဘူး။ “စိန့် ဝေါလ်ထရူ့ဒ်” ကို “စိန့်ဝေါဒူ” လို့လဲ လူသိများပြီး သူမဟာ ဘယ်လ်ဂျီယံနိုင်ငံမှာရှိတဲ့ အလွန်သန့်ရှင်းတဲ့ မိသားစုက မွေးဖွားလာတဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ မိဘနှစ်ပါးအပါအဝင်၊ သူမရဲ့…

St. Joseph Cottolengo, စိန့်ဂျိုးဇက် ကောတိုလေဂို (1786 – 1842) (9 April)

St. Joseph Cottolengo, စိန့်ဂျိုးဇက် ကောတိုလေဂို (1786 – 1842) (9 April) သူ့အား အီတလီ စိန့်ဗင်းဆင်းဒီပေါလ်၏ သူငယ်ချင်းနှင့် စိန့်ဂျွန်ဘောစကို၏ ရှေ့ပြေးဟုခေါ်ကြသည်။ အီတလီပြည် တူရိန်မြို့၌ ဘုရားအမှုထမ်းခဲ့သည်။ တနေ့သေခါနီး အမျိုးသမီးအား ပရိတ်တော်ဆီလူးရန် သူ့အားခေါ်ကြသည်။ သူမအား ထားစရာနေရာအိမ် မရှိသည့်အတွက် ဒုက္ခသည်များ နေစရာအိမ်လိုကြောင်း သတိထားမိသည်။ အိမ်ခန်းလေးတစ်ခု ငှားခဲ့သည်။ လူနာများအိပ်ရန်ကုတင်များ အမျိုးသမီးတစ်ဦးက လှူဒါန်းသည်။ ဆရာဝန်၊ ဆရာမများအား ပထမခြေလှမ်းအနေဖြင့် စေတနာဝန်ထမ်းဖြင့် စတင်လုပ်ခဲ့သည်။ တဖြည်းဖြည်း…

စိန့်ဂျူလီဘီလီယား (ကညာစင်)St. Julie Billiart (Virgin), (1751 – 1818)

စိန့်ဂျူလီဘီလီယား (ကညာစင်)St. Julie Billiart (Virgin), (1751 – 1818) 8 April 2021 ဂျူလီသည် ပြင်သစ်ပြည် အရှေ့မြောက်ဘက်ရှိ Picardy မှာ နေထိုင်သော ခရစ်ယာန်အိမ်ထောင်စုမှ မွေးဖွားသည်။ မိဘများသည် တောင်သူလယ်သမားများ ဖြစ်ကြသည်။ ငယ်ရွယ်စဉ်ဘဝကစပြီး ဝိညာဉ်ရေး၌ စိတ်အားထက်သန်သူဖြစ်သည်။ အသက်(၁၄)နှစ်အရွယ်၌ သန့်ရှင်းဖြူစင်ခြင်းအတွက် ဂတိသစ္စာဆိုခဲ့သည်။ မကြာခင် (၂)နှစ်အတွင်းမှာ ဖခင်သည် လယ်များမရှိတော့ဘဲ မိသားစုပြဿနာနှင့် ကြုံတွေ့ရသည်။ ဂျူလီသည် စာရင်းငှါးလုပ်ရတော့သည်။ သူမအား ဘုရားသခင် ကျေးဇူးတော်သည် ထင်ရှားလေ့ရှိသည်။…

ဘုရင်ဂျီရွာကြီးများ

ဘုရင်ဂျီရွာကြီးများ နိဒါန်း။ ။ ။ ဘုရင်ဂျီဟူသော ေဝါဟာရမှာ မြန်မာနိုင်ငံရှိ ကက်သလစ် ခရစ်ယာန်များကို ခေါ်ေဝါ်သော အသုံးအနှုံး ေဝါဟာရတစ်ခု ဖြစ်ပါသည်။ လူမျိုး တစ်မျိုး၏ အမည် မဟုတ်ပါ။ မွတ်စလင်နှင့် ခရစ်ယာန်တို့ ဖြစ်ပွားသော ခရုးဆိတ် စစ်ပွဲအချိန်က မွတ်စလင် ဘာသာ၀င်များက ခရစ်ယာန် ဘာသာ၀င်များကို ဖရင်ကီဟု ခေါ်ေဝါ် ခဲ့ကြသည်။ ယင်းဖရင်ကီမှ ဘုရင်ဂျိီ အမည်သို့ပြောင်းလာသည်ဟု ယူဆရသည်။ အနောက်အာရှသားများကလည်း ခရစ်ယာန်များကို ဘုရင်ဂျီဟု ခေါ်ခဲ့ကြရာမ ဤေဝါဟာရအာရှ အလယ်ပိုင်းနှင့် အိနိ္ဒယသို့…

အီစတာပွဲတော်ကြီးကျင်းပရခြင်း

အီစတာပွဲတော်ကြီးကျင်းပရခြင်း မေး။ ။ အီစတာပွဲတော်ကြီး ကျင်းပရခြင်းနှင့် အဓိပ်ပါယ် တို့ကိုရှင်းပြပေးပါ။ ဖြေ။ ။ ခရစ်ယာန် ဘာသာရေးလောကမှာ ကျင်းပ လေ့ရှိတဲ့ သာသနာတော်ရဲ့ ၀တ်ပြု ကိုးကွယ်ခြင်း ဆိုင်ရာ ပွဲတော်များထဲတွင် အကြီးမြတ်ဆုံး၊ အရေးအကြီးဆုံး ပွဲတော်မြတ်ကြီးကတော့ သခင်ယေဇူး ခရစ်တော် ဘုရားရှင်သေခြင်းမှ တဖန်ပြန်ရှင် ထမြောက်တော်မူ သော ပါစကားပွဲတော်ကြီး ပဲဖြစ်ပါတယ်။ ဤ ပွဲတော်ကြီးကို အင်္ဂလိပ်လို Easter ပွဲတော်ကြီးလို့လည်းခေါ် ဆိုကြပါတယ်။ Easter ဆိုတဲ့ အင်္ဂလိပ် စာလုံးဝေါဟာရဟာ Anglo-Saxon…