
ဧပြီလ၊ ၂၅ရက်၊ ပါစကားပွဲကာလ၏စတုတ္ထတနင်္ဂနွေနေ့ ကာဒီနယ်ချားစ်၏ ဩဝါဒ

ဧပြီလ၊ ၂၅ရက်၊ ပါစကားပွဲကာလ၏စတုတ္ထတနင်္ဂနွေနေ့ ကာဒီနယ်ချားစ်၏ ဩဝါဒ “ကောင်းမြတ်သောသိုးထိန်းတော်တနင်္ဂနွေနေ့’’ “ အိုသိမ်မွေ့လှသောသိုးထိန်းတော်မြတ် ၊ ကျွနု်ပ်၏လူများကိုစိမ်းလန်းစိုပြေသည့် မျှော်လင့်အေးချမ်းခြင်းမျက်ခင်း/စာကျက်ကွင်းသို့ပို့ဆောင်ပေးတော်မူပါ။ ’’ -ခရစ်တော်၌ ရိုသေချစ်ခင်အပ်သောသားသမီးအပေါင်းတို့ – ကောင်းမြတ်လှတဲ့သိုးထိန်းတော်သခင်ခရစ်တော်ဟာစားဝတ်နေရေးနှင့် အသက်ရှင်ရေးတို့အတွက်ရုံးကန်နေကြရရှာတဲ့ ကျွနု်ပ်တို့ပြည်သူပြည်သားများကိုကာကွယ်စောင့်ရှောက်ပေးတော်မူပါစေသောဝ်။ -ပါစကားပွဲကာလရဲ့စတုတ္ထတနင်္ဂနွေနေ့၊ ကောင်းသောသိုးထိန်းတော်မြတ်တနင်္ဂနွေနေ့လို့လည်းသိကြတဲ့ဒီနေ့ကိုပုပ်ဖရန်စစ်အရှင်သူမြတ်က “ ကမ္ဘာ့ခေါ်တော်မူခြင်းများနေ့” လို့လည်းသမုတ်ထားပါတယ်။ ဘုရားသခင်ဟာသူ့ခေါ်သံကြားဖို့၊ သူ့နောက်တော်သို့လိုက်ဖို့ အစဉ််မပြတ်ကျွနု်ပ်တို့ရဲ့နှလုံးသားတံခါးများကိုခေါက်နေပါတယ်။ လတ်တလောမြန်မာပြည်ကြီးရဲ့အခြေအနေများဟာဗရမ်းဗတာလက်လွတ်ဖြစ်နေကြပြီ။ ဘုရားသခင်ရဲ့ အနန္တဂရုဏာမေတ္တာတော်ကသာဝေဒနာအားလုံးကို ချုပ်ငြိမ်းပေးနိုင်ပါတော့တယ်။ -တစ်တိုင်းပြည်လုံးကအသက်နှင့်အလင်းသခင်ဘုရားရှင်ကိုဆုတောင်းကြရမယ်။ ခရစ်တော်ကပျောက်တဲ့သိုးကိုရှာတယ်၊ စိတ်ဝင်တစားရှိတယ်၊…









