
ရဟန္တာ အရှင်သူမြတ် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် ၏ ထူးခြားသော အရည်အသွေးသုံးခု ယနေ့ပွဲနေ့ရှင်ထံမှသင်ယူခြင်း ခွင့်လွှတ်တတ်ခြင်းအနုပညာ

ရဟန္တာ အရှင်သူမြတ် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် ၏ ထူးခြားသော အရည်အသွေးသုံးခု ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ ၂ သည် ကက်သလစ်သာသနာအတွင်းသာ မကဘဲ ကမ္ဘာ့နိုင်ငံ တော်တော်များများတွင်လည်း လွမ်းမိုးနိုင်စွမ်းအား မြင့်လှသည်။ ညီအကို ဂိုဏ်းကွဲအသင်းတော်များ၌လည်းကောင်း၊ အခြားသော ဘာသာကြီးခေါင်းဆောင်များ၌လည်းကောင်း သူ၏ ရိုးစင်းမှု၊ ရိုးသားမှု၊ တည်ကြည်ခိုင်မာမှု နှင့် ချစ်ခြင်းကြီးမားမှုသည် အလွန်ပင်လွမ်းမိုးမှု ရှိကြောင်း ဝန်ခံကြသည်။ အရှင်သူမြတ် ပျံလွန်တော်မူသွားသောအခါတွင် ဗာတီကန်၌ နိုင်ငံအရပ်ရပ်က ဘာသာရေး ခေါင်းဆောင်များ၏ ဝမ်းနည်းမှု သဝဏ်လွှာများ အဖြိုင်ဖြိုင် ရောက်ရှိလာခဲ့သည်။…








