
ဆလေးရှင်းသာသနာပြုများစေလွှတ်ခြင်း နှစ်(၁၅၀)ပြည့် ဂျူဘီလီပွဲကျင်းပ။

ဒွန်ဘောစကို၏ဆလေးရှင်းအသင်းဂိုဏ်းသာသနာပြုစေလွှတ်ခြင်း နှစ်(၁၅၀) ပြည့် ဂျူဘီလီပွဲတော် မစ္ဆားတရားတော်မြတ်ကို မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ အနီးစခန်း၊ နာဇရက် ရဟန်းဖြစ်သင်ကျောင်းဝင်းရှိ ခရစ္စတီယာန်တိုအားမှိင်းမတော်မူသောမယ်တော်သခင်မ ခန်းမဆောင်၌ ဆရာတော်ကြီး Cadinal Charles Bo မှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ ဆလေးရှင်းသာသနာပြုအသင်းဂိုဏ်းသည် မြန်မာနိုင်ငံသိုရောက်ရှိတာ(၈၆) နှစ်တိုင်ရှိခဲ့ပြီး၊ ရဟန်းဘုန်း တော်ကြီး (၆၈)ပါး သီလရှင် အပါး(၄၀)ကျော်တိုဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ကလေး၊ လားရှိး စသည့်သာသနာများတွင် သာသနာပြုလုပ်ငန်းကိုလုပ်ဆောင် နေသော အသင်းဂိုဏ်းလည်းဖြစ်ပါသည်။ မစ္ဆားတရားအတွင်း ဆရာတော်ကြီး ဆရာတော်ကြီး Cadinal Charles Bo မိန်းကြားသည်မှာ “နှိမ့်ချခြင်းနဲ့အစပျိုးတဲ့မျိုးစေ့သည် ကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်လိုဖြစ်လာဖိုအတွက်ဖြစ်တယ်။ ဝေးလံတဲ့နေရာတွေမှာ သွားပြီးသာသနာပြုနေရချိန် တစ်ယောက်နဲ့တစ်ယောက်ဝေးနေကြပေမဲ့ ဘုရား သခင်ဂုဏ်တော်အတွက် တိုတွေအားလုံးအတူတူရှိပါတယ်။ ဖျားနာတဲ့သူကို ဂရုစိုက်ပါ၊ လူငယ်များကို အရေးပေးပါ၊ လူကြီးများကိုကြည့်ရှုပါ၊ ဆင်းရဲတဲ့သူတွေကို ဂရုစိုက်ပါ ဘုရားသခင်ရဲ့ကျေးဇူးတော်တွေကို ခံစားရလိမ့်မည်။ သာသနာပြုအသင်းဂိုဏ်းများစွာရှိသည့်အတွက် အချင်းချင်းမကောင်းစကားကိုရှောင်ပြီး ကောင်းမွန်စွာ ပြောဆိုဆက်ဆံပါ။ မောပန်းချိန်၊ ဒုက္ခခံစားရချိန်မမေ့ပါနဲ့ နောင်တစ်ချိန် ကျွန်ုပ်တိုအတွက် ကောင်းကင် ဆုပြင်ထားတယ်ဆိုတာမမေ့ပါနဲ့” ဟုမန်းကြားခဲ့ပါသည်။ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး မာကု ဦးတင်ဝင်း မှလည်း “မြန်မာတစ်ပြည်လုံးမှာ သာသနာပြုနေကြတဲ့ ဆလေးရှင်းဘုန်းတော်ကြီးများ၊ သီလရှင်များ၊ကိုယ်ရင် များ အားလုံးကို Happy Feastday ပါ တကယ်ပဲမြင့်မြတ်တဲ့နှစ်တွေအများကြီးပေးဆပ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တိုမျှော်လင့်တာက လူတစ်ယောက်၊ အသင်းအဖွဲတစ်ဖွဲ့ကို ကြည့်ပြီးမျှော်လင့်တာမဟုတ်ဘူး။ ကျွန်ုပ်တိုမျှော်လင့်တာက ဘုရားရှင်ရဲ့ဘုန်းတော်ကို အမှီပြုပြီး မျှော်လင့်ခြင်းဖြစ်တယ်။ ဘာအတွက် ဘုရားကငါ့ကိုခေါ်နေသလဲ ဆိုတာကို ကြားယောင်ပြီး ကြိုးစားအဖြေရှာနေတဲ့ ရဟန်းဖြစ်ကျေားသား၊ သီလရှင်ကျောင်းသူတွေ အားလုံးအတွက် ဆုတောင်းပေးကြပါ။ ဘုန်းတော်ကြီးများ၊ဆရာတော်ကြီးများ တွက်လည်းဆုတောင်းပေးကြပါ။ ကမ္ဘာအရပ်ရပ်မှာ သာသနာပြုနေကြတဲ့ဆလေးရှင်းဘုန်းတော်ကြီးများအားလုံးကိုလည်းကျေးဇူးတင် ပါသည်။” ဟု အားပေးစကားပြောခဲ့ပါသည်။ ဆလေးရှင်းဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Fr.Edward Sein Myint, SDB မှပြောပြသည်မှာ “မြန်မာနိုင်ငံ အပါအဝင် ဆလေးရှင်းများ သာသနာပြုနေသည်မှာ ၁၃၇ နိုင်ငံ ရှိပါတယ်။ မြန်မာနိုင်ငံ ရောက်ရှိတာကတော့ ခုဆို(၈၆)နှစ်ရှိပါပြီ ကျွန်ုပ်တို့ ဒီဒွန်ဘောစကိုရဲ့ ရည်ရွယ်ချက်အတိုင်း အထူးသဖြင့် လမ်းမှားရောက်နေသောလူငယ်များ၊ အခက်အခဲကြောင့်ပညာဆက်မသင်နိုင်တော့တဲ့လူငယ်များ၊…







