သစ်ပင်လိုနေပါ

သစ်ပင်တပင်မှာ ငှက်ကလေးတွေ လာနားမယ်။ သူတို့တွေ အပင်ရဲ့ အသီး၊ အရွက်၊ အပွင့်တွေကို ဆွတ်ယူ စားသောက် ကြမယ်၊ ပျော်ရွှင်စွာ တေးသီချင်း သီကျူးကြမယ်။ ပြီးတော့ သူတို့တွေ ပြန်ထွက်သွားမယ်။ နောက်ထပ်ငှက်လေးတွေ ထပ်ရောက်လာမယ်။ ပြီးတော့ ရှေ့ကငှက်ကလေးတွေလိုပဲ ပြန်ထွက်သွားကြမယ်။ သစ်ပင်ကြီးကတော့ ဒီနေရာမှာပဲ တည်ငြိမ်စွာ ရှင်သန်ရင်း ကျန်ခဲ့မယ်။ ကျနော် လုပ်ငန်းခွင်မှာ လူတွေအများကြီးနဲ့ အလုပ်လုပ် လာတဲ့အခါ “သစ်ပင်လိုနေပါ” ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ကို လေးလေးနက်နက် နားလည်သဘောပေါက်လာတယ်။ အဲဒီအတိုင်းလည်း ခံယူ…