
ဖာသာရ် ပါစကား သီကိုရှင်း ကိုယ်တော်မြတ် ပွဲတော်နေ့ကြီး (ဘုရားရှင်၏ သွေးတော် နှင့်အသားတော် ) တနဂ်နွေနေ့ ဩဝါဒ ဇွန်လ ၆၊၂၀၂၁




ဇွန်လ (၅) #ချစ်ခင်တတ်သောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ ချစ်လေးမြတ်ခြင်းပါရမီသည် ငါ၏နှလုံးတော်အလွန်နှစ်သက်မြတ်နိုးတော်မူသော ပါရမီဖြစ်သဖြင့် ငါသည်သင်တို့ကိုချစ်သကဲ့သို့သင်တို့သည်လည်း အချစ်ချင်းချစ်ကြကုန်လောဟု၊ ငါ၏တပည့်တော်ကြီးများအား နောက်ဆုံးပညတ်တော်ငါပေးခဲ့၏။ နှလုံးအပေါ်င်းတို့၏သခင်ဖြစ်သောငါသည်ဝိညဉ်တိုင်း၏ အကြံအစည်နှင့် ရည် ရွယ်ချက်များကိုသိသော်လည်း ငါ၏ပတ်ဝန်းကျင်ရှိဝိညာဉ်တို့၏ချို့ယွင်းခြင်းများကို ဘယ်အခါမျှအသမပေးခဲ့ပေ။ လောကီသားတို့အပြစ်တင်စေခြင်းငှါ သူတစ်ပါးတို့၏အပြစ်ကိုထုတ်ဖော်ပြမည့်အစား ဖုံးကွယ်ရန်ငါကြိုးစားခဲ့၏။ သင်၏နှလုံးထဲ၌ကြင်နာတတ်သော အကြံအစည်များ၏မျိုးစေ့ကို နက်နက်ကြဲချပါလော့။ သင်နှင့်တွေ့ကြုံ ဆက်ဆံရသောသူတို့၏ ပါရမီများကိုသာအောက်မေ့ပါလော့။ ဝိညာဉ်ဆောင်ရွက်ခြင်းတို့၏အကြောင်းရင်းကိုသာ လျှင် ဆုံးဖြတ်နိုင်ခွင့်ရှိ၏။ အမှားမရှိသောနေရာတွင် အမှားမမြင်ပါနှင့်။ ဤအကြံအစည်တို့၏မျိုးစေ့များကို သင်၏ နှလုံးထဲ၌ ကြဲချပြီးနောက်ပေါက်လာသောအဖိုးတန်သစ်ပင်သည် ကြင်နာသောစကားတည်းဟူသော အပွင့်များပွင့် လာသည့်တိုင်အောင် ငါ၏ကျေးဇူးတော်စမ်းရေဖြင့် သွန်းလောင်းတော်မူမည်။ ကြင်နာသောစကားများသည် များ…

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” မေတ္တာခြုံမှ လုံပါမည် ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရိုက်ကူး – ပေါလ် တင်ဆက်/တည်းဖြတ် – ဇော်နိုင်ဦး #rvamyanmar #rvapastoralcare #Environment


ဇွန်လ။ ၄ ရက်နေ့။ #ကိုယ်တော်မြတ်စက္ကရမင်တူးတွင်ကိန်းအောင်းတော်မူသော_ယေဇူးရွှေနှလုံးတော်။ ငါ့သား၊ မစ္ဆားယဇ်ပူဇော်ခြင်းပြီးဆုံးသည်ဖြစ်၍ ရဟန်းသည် ဘုရားစင်ခန်းမှထွက်ခွါသွားလေပြီ။ သိကြား တမန်တော်များမူကား မစ္ဆားယဇ်ပူဇော်ရာပလ္လင်ကို ဝန်းရံကာ ရှိခိုးကိုးကွယ်လျက်ရှိနေကြသေး၏။ ငါ့သား၊ မကြောက်ပါနှင့်။ သင့်ကိုငါပစ်ထားသည်မဟုတ်ပါ။ ကိုယ်တော်မြတ်ခွက်ထဲတွင်ရှိသော သြစတီးယားမုန့်အချပ်တိုင်း ၌ ငါသည်ဘုရားအဖြစ်လူ့အဖြစ်နှစ်ပါးနှင့်တကွ ကောင်းကင်ဘုံမှာကဲ့သို့ ကိန်းအောင်းလျက်ရှိသည်ဖြစ်၍ ငါ့ကိုပင့် ယူလိုသောသူတို့ထံသို့ကြွလာရန် ချစ်ခြင်းစိတ်ဇောနှင့် ငါ၏နှလုံးတော်သည်ခုန်လျက်ရှိနေ၏။ သို့ဖြစ်၍ ငါဖိတ်ခေါ် နေသည်ကိုမငြင်းပယ်ပါလေနှင့်။ သင်၏နှလုံးထဲသို့ ငါကြွလာနိုင်တော်မူရန် ကိုယ်တော်မြတ်စားပွဲတော်သို့ နေ့စဉ် နံ နက်တိုင်းချည်းကပ်ပါလော့။ ဆည်းလည်းသံကလေးကား ရဟန်းသည်ငါ၏တန်ခိုးအာဏာနှင့် ကောင်းကင်ဘုံမှ ဘုရားစင်ပေါ်သို့ ဆင်း ကြွလာရန်ငါ့အားဖိတ်ခေါ်နေသည်ကိုကြေညာလျက်ရှိ၏။ ငါ့သား၊ ကိုယ်တော်မြတ်ကျောင်းဆောင်အတွင်းမှ ငါ့ကို…


ဇွန်လ။ ၃ ရက်နေ့။ မစ္ဆားယဇ်ပူဇော်ခြင်းအမှု၌ ပါဝင်တော်မူသော ယေဇူး၏ရွှေနှလုံးတော်။ ငါ့သား၊ ဘုရားစင်အနီးသို့ချဉ်းကပ်၍ တင်ပူဇော်မည့်ဆဲဆဲဖြစ်သောမစ္ဆားယဇ်ပူဇော်ခြင်းအမှုကို အာရုံစိုက်၍ ကြည့်ပါလော့။ ရဟန်းသည် ဘုရားစင်ခြေရင်း၌ငုံ့လျက် အပြစ်လျောက်ခြင်းမေတ္တာကိုစ၍ဆို၏။ သိကြားတမန်တို့ သည် တပ်မဟာဗိုလ်အပေါင်းနှင့် ဘုရားစင်ကိုဝန်းရံကြလျက် ကြွလာတော်မူအံ့သောဘုရင်ကိုစောင့်ငံ့လျက်နေကြ ၏။ ရဟန်းသည် မစ္ဆားတရားတော်ကို ဆည်းလည်းကလေးလှုပ်သည့်တိုင်အောင်ဆက်လက်၍ဟောနေ၏။ ဆည်း လည်းကလေး၏ အသံကားငါကျေကျေနပ်နပ် ချစ်ရတော့မည့်အချိန်နီးကပ်လျက်ရှိကြောင်းကိုသတိပေးလေ၏။ ရဟန်းတော်ကား ငါသည်အဆင်သင့်ရှိပြီဟုတီးတိုးပြောဆိုလျက် ငါ၏လက်တော်များကို သူ့အပေါ်မှာ ကောင်းကြီးပေးသည့်အနေနှင့်မိုးထား၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ဟူသော စကားကိုသီဆိုသည်နှင့်တပြိုင်နက် ကောင်းကင်ဗိုလ်ခြေတို့သည် အံ့သြဖွယ်ရာနက်နဲလှစွာသောအချက်ပြည့်စုံခြင်း သို့ရောက်ပြီဟုဦးညွတ်ကြကုန်၏။…


ဇွန်လ။ ၂ ရက်နေ့။ ကျေးဇူးတော်၏မူလရင်းဖြစ်တော်မူသော ယေဇူး၏နှလုံးတော်။ ငါ့သား၊ မည်သည့်အချိန်မှာမဆို ကျေးဇူးတော်လို၏။ အထူးသဖြင့်ဝိညာဉ်များ ငါနှင့်ဝေးလေအောင် နေရာတိုင်းတွင် တစ်လုံးတစ်စည်းတည်း အင်တိုက်အားတိုက်ဆောင်ရွက်နေကြသည့် ယခုအချိန်ကြီးမှာသာ၍ လို၏။ ငါ၏ရွှေနှလုံးတော်သည် ကျေးဇူးတော်၏မူလရင်းဖြစ်ရကား ထိုနှလုံးအတွင်မှ ဖြစ်နှစ်သ်ွစီးဆင်းလျက်ရှိ၏။ ပဌမမြစ်တစ်သွယ်သည် ငါ၏လကျာ်ဘက်မှစီးဆင်း၍ ဖန်ဆင်းခြင်းကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်း ကျေးဇူးတော် ကိုလူအပေါင်းတို့အားပေး၏။ ငါ၏လက်ဝဲဘက်မှစီးဆင်းသော ဒုတိယမြစ်တစ်သွယ်မူကား စောင်မခြင်းကျေးူးများ အထူးသဖြင့်ခေါ်တော်မူခြင်းကျေးဇူးကိုပေး၏။ ငါ့ကိုလုံးလုံးလျားလျားချစ်ခင်သောနှလုံးကိုငါတွေ့သောအခါ ထိုမြစ် နှစ်သွယ်ကို ပေါင်းတွဲပြီးလျှင် ကျေးဇူးအမြောက်အများပေးလျက်ထိုနှလုံးက ငါ့အားဖြည့်တင်းပေး၏။ ရဟန္တာများ အား ငါပေးသောကျေးဇူးများကား ဤသို့သောကျေးဇူးများပင်ဖြစ်သတည်း။ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်အောင် ကြိုးစားသူအမြောက်အများရှိပါက…