rvamyanmar

rvamyanmar

စစ်မှန်တဲ့အိမ်ထောင်ဖက်ကို ရွေးချယ်နိုင်ရန် လိုအပ်ချက်များ

အားလုံးဘဲမင်္ဂလာပါရှင် အာဗီအေမြန်မာဘာသာအစီအစဥ်ကနေတဖန်ကြိုဆိုပါတယ်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့“အိမ်ထောင်ပြုကြမယ်လူငယ်လူရွယ်များစစ်မှန်တဲ့အိမ်ထောင်ဖက်ကိုရွေးချယ်နိုင်ရန်တွက်”လိုအပ်မဲ့အချက်အလက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ သော်တရှင်လူငယ်များရှင်  လူငယ်တို့ရဲ့ဘ၀မှာ တသက်လုံးပေါင်းသင်းရမဲ့သူကိုရွေးချယ်တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်ဟာဘ၀တစ်သက်လုံးပေါင်းသင်းနေထိုင်ရမဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရဲ့အိမ်ထောင်ဖက်ကိုရွေးတဲ့အခါမှာသေချာမစဥ်စားဘဲကမူးရှူးထိုးအလျှင်စလိုမရွယ်ချယ်သင့်ပါဘူးနော်။လူငယ်များတို့ဤအချက်များကိုအလေးနက်ထားစဥ်းစားဖို့ရန်တွက် ၁။လက်ထပ်တော့မည်လူငယ်များဟာလောကဗဟုသုတတွေ၊အတွေ့အကြုံတွေဘယ်လောက်ရှိပြီးလဲ။သင့်ရဲ့ စိတ်ဓာတ်ရင့်ကျက်မှုတွေဘယ်လောက်အတိုင်းအတာထိရှိပြီးလဲဆိုတာကိုစစ်ဆေးကြည့်ဖို့လိုပါတယ်နော်။ ၂။လက်ထပ်တော့မည့်သင်တို့နှစ်ဦးစလုံးဟာဘယ်လောက်အတိုင်းအတာထိတစ်ယောက်ရဲ့အကြောင်းတစ် ယောက်အဆိုးအကောင်းတွေကိုသိရှိပြီးပြီလား။ဒါအပြင်ရင်နှီးကျွမ်း၀င်မှုတွေရောဘယ်လောက်ထိရှိနေပြီးလဲ။ ၃။တစ်ယောက်နှင့်တစ်ယောက်၀မ်းသာခြင်း၊၀မ်းနည်းခြင်း၊စိတ်ဆင်းရဲခြင်း၊စိတ်တိုစိတ်ကောက်ခြင်းများကို မြင်တွေ့ဘူးခံစားဖူးပြီးလား။ထိုအရာတွေပေါ်မှာသင်ခံရည်နှင့်သည်းခံခြင်းတွေဘယ်လောက်ရှိပြီးလဲ။ ၄။တစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်တာဟာဂုဏ်ပကသနကြောင့်လား၊ဆွဲဆောင်မှုကြောင့်လား၊မိမိလိုအပ် ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့်လား၊အားနားလိုလား၊စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေမှာနှစ်သိမ့်ဖေးမကူညီပေးခဲ့လိုလား။ဒါမှာမဟုတ်ကိုယ်ကာယတပ်မက်ရုံဘဲလားစသည့်အကြောင်းကြောင့်လားဆိုတာတွေကိုစဥ်းစားကြည့်ပါ။အထက်ပါအချက်တွေကြောင်းချစ်ကြိုက်တာဆိုရင်တော့စစ်မှန်တဲ့ချစ်ခြင်းမဟုတ်ပါဘူး။၎င်းအချက်တွေကွယ်ပျောက်သွားတဲ့နေ့တနေသင်လည်းထိုသူကိုချစ်နိုင်တော့မှာမဟုတ်ပါဘူး။ ၅။ဇနီးမောင်နှံတို့မှာရှိအပ်တဲ့အပေးအယူစိတ်၊မေတ္တာစိတ်၊အနစ်နာခံစိတ်၊နားလည်ပေးမှု၊ကိုယ်ကျိုးစွန့်တဲ့စိတ်၊အတ္တကင်းတဲ့စိတ်စသည့်စိတ်တွေသင်တို့မှာရှိပြီးလား။ ၆။လက်ထပ်ပေါင်းသင်းမဲ့ခင်ပွန်းလောင်းတို့၏မိဘတွေကိုသင်သိပြီးပြီလား။သူမိဘနဲ့မိသားစု၀င်များကိုမိဘရင်းကဲ့သို့မိသားစု၀င်ကဲ့သို့လက်ခံနိုင်ရမှာဖြစ်ပါတယ်။ ၇။ဒါအပြင်သင်တို့ရဲ့အိမ်ထောင်တာ၀န်တွေကိုလည်းသင်သိနားလည်ပြီးလား။ ၈။သင်၏ယုံကြည်ချက်နှင့်ဘုရားတရားရိုသေကိုင်းရှိုင်းမှုတွေဟာသင်ပေါင်းသင်းဆက်ဆံရမဲ့သူတွေနဲ့အဆင်ပြေပါမလား။အဆင်ပြေအောင်လိုက်လျှော့ညီထွေးမှုနဲနေဖို့လိုပါတယ်။            (ဥပမာ-စိတ်ရှည်ခြင်း၊နားလည်ပေးခြင်း၊နှိမ့်ချခြင်း)တွေပေါ့။ ၉။လက်ထပ်မင်္ဂလာပြီးနောက်ဘယ်လိုဆက်လက်ရှင်သန်ရမလဲဆိုတာစဥ်းစားပြီးပါပြီလား။ ၁၀။လက်ထပ်ပြီးနောက်သားသမီးများရရှိလာတဲ့အခါသားသမီးများ၏တာ၀န်ကိုယူနိုင်မလား၊ဒီတာ၀န်ဟာယူကိုယူရမှာဖြစ်ပါတယ်။ ၁၁။မိမိလက်ထပ်မည့်သူဟာဆင်းရဲ၊ချမ်းသာ၊အိုးနားကျိုးပဲ့၊ဘယ်ဘ၀ဘဲရောက်ရောက်ဆိုးသူကောင်ဘက်အနေဖြင့်ရိုမြေကျသစ္စာရှိစွာနှင့် သင်ပေါင်းသင်းနိုင်မလားဆိုတာကိုအရင်စဥ်းစားဖို့လိုအပ်ပါတယ်။  လက်ထပ်ဖို့ကြံရွယ်ကြတဲ့ငယ်ရွယ်နုပျိုလူငယ်များရှင်-အိမ်ထောင်ရေးဆိုတာ အဆင့်သင်၀တ်ရန်၊ချုပ်ပြီးသာအ၀တ်တစ်ထည်မဟုတ်ပါဘူး။ဒါအပြင် အသင့်ဆွဲရန်သီးကုံးထားတဲ့ပန်းကုံးတကုံးမဟုတ်သလို၊အဆင့်သင်တက်နေရန်ဆောက်ပြီးသာအိမ်လေးတစ်လုံးလည်းမဟုတ်ပါဘူးဆိုတာသိရှိကြဖို့လိုပါတယ်။ အိမ်ထောင်ရေးကိုစိတ်ကူးယဥ်ဆန်ဆန်နဲ့လဲတည်ဆောက်မယ်ဆိုရင်အောင်မြင်မှာမဟုတ်ပါဘူး။ ပျှော်ရွင်အောင်မြင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ချင်ရင်တော့လက်တွေကျကျဘ၀ဖြင့် ချစ်ခြင်းမေတ္တာနဲ့အနစ်နာခံကြိုစားရမှာဖြစ်ပါတယ်ရှင်။အထူးသဖြင့်ဘုရားကိုလည်းအားကိုးဆုတောင်းရမှာဖြစ်ပါတယ်။ လက်ထပ်ယူကြမဲ့ငယ်ရွယ်နုပျိုလူငယ်များတို့အထက်ပါဖေါ်ပြခဲ့တဲ့အချက်များကိုကောင်းစွာနားလည်သဘော ပေါက်ကြဖို့လိုပါတယ်။လေးလေးနက်နက်ထားစဥ်းစားကြပါနော်။ဘာကြောင့်လည်းဆိုရင် တစ်သက်လုံးပေါင်းသင်းနေထိုင်ရမဲ့အိမ်ထောင်ဖက်ကိုရွေးချယ်ရမှာဖြစ်လိုပါ။   ချစ်ရသောလူငယ်များလည်းစစ်မှန်သောအိမ်ထောင်ဖက်ကိုရွေးချယ်နိုင်ကြပါစေလိုဆန္ဒပြုရင်း ဒီလောက်နဲ့ဘဲ အဆုံးသတ်ပါရစေ။အားပေးနားဆင်ကြတဲ့သော်တရှင်များအတွက်လည်းဗဟုသုတတွေရရှိမယ်လိုလည်းမျှော် လင့်မိပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်မကတော့ စစ္စတာရ်မေရီ…

“ ရွာနားလေးက ချောင်းကလေး ”

ထိန်းသိမ်းကြစေ သဘာဝအမွေ ( ရုပ်/သံ)အစီအစဉ်ဒီတပတ်မှာတော့ “ ရွာနားလေးက ချောင်းကလေး ”ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တင်ဆက်/တည်းဖြတ် – ဇော်နိုင်ဦး

ဘာသာရေးအမေးအဖြေ ကဏ္ဍအပိုင်း (၁၂)

ဘာသာရေးအမေးအဖြေ ကဏ္ဍအပိုင်း (၁၂) ဒီတစ်ပတ်အမေးအဖြေကဏ္ဍ မှာတော့ “သခင်ယေဇူးရဲ့ဆွေမျိုးစာရင်းထဲမှာ အစ္စရာအဲလ်လူမျိုးရဲ့ ထုံးစံမရှိပါဘဲနဲ့ ဖော်ပြထားတဲ့ အမျိုးသမီးငါးယောက်က ဘယ်သူတွေလဲ” ဆိုတဲ့အကြောင်းကို Rev. Fr. Richard Hla Min Oo ကနေဖြေကြားပေးသွားမှာဖြစ်ပါသည်။ ဒီအစီစဉ်ကိုအပတ်စဉ် စနေနေ့ည (ရးဝ၀) အချိန်တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါသည်။ ရိုက်ကူး/တည်းဖြတ် – ပေါလ်

Homily For Christmas 2020

Homily For Christmas 2020 His Eminence Charles Cardinal Bo သခင်ခရစ်တော်၌ချစ်ခင်ရတဲ့ ညီအစ်ကိုမောင်နှမအပေါင်းတို့ “Merry Christmas” လို့နှုတ်ခွန်းဆက်သပါတယ်။ ခရစ္စမတ်ညမှာပျော်ရွှင်ဝမ်းမြောက်ကြပါစေ။ မျှော်လင့်ခြင်းဟာလည်း နှစ်သစ်ရောင်ခြည်လို ပေါ်ထွန်းထွက်လာပါစေ။ သင်တို့အားလုံး ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာအပေါင်းခံစားရပါစေ။ ဒီညဟာ ဘုရားသခင်ရဲ့ကတိတော်ပြည့်ဝရာ ထူးမြတ်တဲ့ညဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဒီညဟာနှစ်သစ်အဖြစ်ကိုပြောင်းသွားပါလိမ့်မယ်။ ဒါဟာကျွန်တော်တို့ရင်ဆိုင်တွေ့နေရတဲ့ ရှေ့အလားအလာကို ထင်ဟပ်ပြသနေသလိုပါပဲ။ ၂၀၂၀ပြည့်နှစ်ဟာ ကျွန်ုပ်တို့အတွက်ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများအပြားယူဆောင်လာခဲ့ပါတယ်။ မဆုံးနိုင်တော့တဲ့ဆောင်းတွင်း၊ မိုးမလင်းတော့တဲ့ည လို့တောင်မှ ခံစားရပါတယ်။ ဒါပေမဲ့ ဒီနေ့ဖတ်ရှုခဲ့တဲ့ ပထမကျမ်းမှာ ပရောဖက်အီဇာအီယဟာ…

Christmas Homily 2020 Bishop John Saw Yaw Han 2020

Christmas Homily 2020 Bishop John Saw Yaw Han 2020 ချစ်ခင်လေးစားရတဲ့ ဘာသာသူညီအစ်ကိုမောင်နှမအပေါင်းတို့.. ခရစ်တော်ဘုရားရှင်သယ်ဆောင်လာတဲ့ ငြိမ်းချမ်းခြင်းမင်္ဂလာဟာ သင်တို့အားလုံးအပေါ်သို့သက်ရောက်ပါစေလို့ ရှေးဦးစွာမေတ္တာပို့သပါတယ်။ “အမိုက်မှောင်ထဲ၌သွားလာနေထိုင်သော လူမျိုးသည် ဧရာမအလင်းကြီးကိုမြင်ရ၏။ ကိုယ်တော်သည် ဝမ်းမြောက်ခြင်းများကို များပြားစေတော်မူ၍ သူတို့၏ပျော်ရွှင်ခြင်းကိုလည်းကြီးမားစေသည်။”လို့ ပရောဖက် အီဇာအီယအနာဂတ္တိကျမ်းမှာတွေ့ရပါတယ်။ အလင်းဟာ ဝမ်းမြောက်စရာအဖြစ်တွေ့ရပြီး၊ အမှောင်ကတော့ စိတ်အားငယ်စရာ၊ စိုးကြောက်စရာအဖြစ် ကျွန်ုပ်တို့တွေ့မြင်ရပါတယ်။ ဖြောင့်မတ်တဲ့၊ ရိုးသားတဲ့၊ ဖြူစင်တဲ့၊ နိမ့်ချတဲ့၊ နားထောင်ခြင်းရှိတဲ့ခရစ်တော်ကို အလင်းနဲ့နှိုင်းထားတာဖြစ်ပါတယ်။ ဖြောင့်မတ်ခြင်းနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ ကောက်ကျစ်မှု၊ နိမ့်ချခြင်းနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ မာနထောင်လွှားမှု၊…