rvamyanmar

rvamyanmar

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ‌ဗုဒ္ဓဟူးနေ့ ဩဝါဒ ဇူလိုင်လ ၂၁၊၂၀၂၁

ဖာသာရ် ပီတာကြည်မောင် (၁၆) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ‌ဗုဒ္ဓဟူးနေ့ ဩဝါဒ ဇူလိုင်လ ၂၁၊၂၀၂၁  July 21. 2021 ဓမ္မမိတ်ဆွေ တို့ ဒီကနေ့ ကြားနာခဲ့ရတဲ့ ကြမ်းချက်တွေ ကို ထောက်ရှု့ကြည့်ကြရအောင်၊ ပထမကျမ်းမှာ အီဇရာအဲလ်တွေ အီဂျစ်ပြီက ထွက်ပြေးလွတ်မြောက်လာကြတယ်၊ ဒါပေမဲ့ အစားအစာ မရှိတော့လို့ စားစရာအတွက် မိုးဇယ် နဲ့ ဘုရားသခင်ကို ပြစ်တင်ဝေဖန်ကြတဲ့အကြောင်းကြားနာခဲ့ရတယ်၊ ရှင်မာတေဦး ဧဝံဂေလိကျမ်းမှာတော့ မျိုးစေ့ကြဲးသောသူ ပုံဥပမာ ပထမပိုင်းကို ကြားနာခဲ့ရတယ်၊ အီ‌ဇရာအဲ လူမျိုးတွေ အငတ်ဘေးကြုံရချိန်…

မိဘမေတ္တာတရား

အားလုံပဲမင်္ဂလာပါရှင်အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အပတ်စဥ်တိုင်တင်ဆက်ပေးနေကြအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။အမိကက်သလစ်သာသနာကနေဇူလိုင်လကိုမိဘများပွဲနေအဖြစ်ကျင်းပကြပါတယ်။ဒါကြောင့်ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ “မိဘမေတ္တာတရား” ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေများရှင် ကျွန်မတို့တတွေလူရယ်လို့ဖြစ်လာပြီကြီးပြင်လာကြတာဆိုရင်ဖြင့် မိဘနှစ်ပါးရဲ့ရင်ခွင်တွေဆီကနေတဖြေးဖြေးနဲ့စတင်ဖြစ်ပေါ်ရလာတာဖြစ်ပါတယ်။ပထမဦးစွာ ကိုးလလွယ်ဆယ်လဖွားပြီးနောက်မိခင်နို့ချိုသောက်သုံးပြီးတော့ဖခင်ရဲ့ ကြင်နာယုယမှုနဲ့ဖခုံးထက်မှာမှီတွယ်ရင်နဲ့ကြီးပြင်လာခဲ့ကြရတာဖြစ်ပါတယ်။ကျွန်မတို့လူသားတွေဟာလောကကြီးမှာမိမိတို့လိုချင်တဲ့အရာ၀တ္တုမှန်သမျှကိုမိမိစိတ်တိုင်းကျ၀ယ်ယူလိုရတယ်။လဲလှယ်လိုလဲရတယ်။ဒါအပြင်သူတပါးတို့ကိုလဲပေးကမ်းလိုရတယ်။လှုဒါန်းလိုလဲရတယ်။မိမိရဲ့သဘောအတိုင်းချဲလှလိုရကြတယ်။အစားထိုးလိုရတယ်။အဲဒါတော့အရာ၀တ္တုတွေဖြစ်လိုပေါ။ဒါပေမဲ့မိဘတွေရဲ့ ဖြစ်တည်မှုနှင့်မေတ္တာတရားဟာပြောင်းရွှေ့၊ရွှေ့ချယ်လိုမရနိုင်ပါဘူး။မိဘဟာဆိုရင် ကျွန်မတို့ကိုယ်စီနှလုံးသားထဲမှာ၊အစားထိုးလိုမရ၊မေ့လိုမရနိုင်တဲ့အရာ၊လဲလှယ်လိုမရနိုင်တဲ့အရာတစ်ခုပါ။ဒါအပြင်တန်ဖိုးအကြီးဆုံးနဲ့ မခမဲ့ရတာကတော့မိဘရဲ့ မေတ္တာနှင့် စေတနာတွေပါပဲ။၊သော်တရှင်များရှင် မိဘဆိုတာ ဘယ်လိုပုံစံပဲဖြစ်ဖြစ်၊ဘယ်လိုအခြေနေမျိုးပဲရောက်နေပါစေ၊ရုပ်ကြီးပဲဆိုးဆိုး၊ပညာမဲ့၊ဂုဏ်ရည်နိမ့်အဆုံးစွန်ဆုံးပြောရမယ်ဆိုရင်အကျင့်ဆိုး၊အကျင့်မကောင်း၊ကျန်းမာရေးချုးချာနေပါစေ၊ဘာကြီးပဲဖြစ်နေပါစေမိဘဟာမိဘပါပဲ။မိဘနေရာမှာဘာနဲ့မှအစားထိုးလိုမရပါဘူး။အစားထိုးမခံပါဘူး။ဘာကြောင့်လဲဆိုရင်သားသမီးတွေအပေါ်မှာကြီးမားတဲ့မေတ္တာနဲ့ကျေးဇူးတရားတွေကြောင့်ပေါ့။မိဘနှစ်ပါးရဲ့ ပြုစု၊ပျိုးထောင်သွန်သင်လမ်းပြပေးလို့ကျွန်မတို့တတွေဟာလူလားမြောက်လာခဲ့ကြတာဖြစ်ပါတယ်။ကျွန်မတို့တတွေလူတော်၊လူကောင်း၊လူရည်ချွန်၊ပညာတက်၊ပညာရှိ၊ရာထူးတွေရရှိလာရခြင်း၊ဒါအပြင်အကောင်း၊အဆိုး၊အမှား၊အမှန်ခွဲခြားတက်အောင်၊အရာရာတိုင်း၊အဖြစ်ဖြစ်တိုင်းမှာအသိတရား၊သတိတရားရှိဖို့ရန်စသဖြင့်သင်ကြားပေးခဲ့တာဆုံးမပေးခဲ့တာတွေမိဘတွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့မိဘနှစ်ပါးစလုံးဟာသားသမီးတို့ရဲ့လက်ဦးဆရာဖြစ်ပါတယ်။မိဘဆိုတာသူတို့အငတ်ခံပြီးမစားရရင်နေပါစေသားသမီးတွေစားရရင်ကျေနပ်နေသူတွေပေါ့။မိဘဆိုတာသူတို့ကိုယ်တိုင်မပြည့်စုံရင်နေမယ်သားသမီးတွေအတွက်ဆိုလိုလေသေးမရှိအောင်ပြည့်ပြည့်စုံစုံလေးဖြစ်အောင်လုပ်ပေးသူတွေပေါ့။သားသမီးတွေစိတ်ချမ်းသာ၊ပျော်ရွှင်နေရင်မိဘတွေကလည်းပျော်ရွှင်နေကြတယ်။သားသမီးတွေရဲဒုက္ခကိုသူတို့ဒုက္ခအဖြစ်လွှဲပြောင်းယူတက်တာလဲမိဘတွေပါပဲ။စောစောကကျွန်မပြောခဲ့တဲ့လူဘ၀စတင်လာရတာလူတစ်လုံး၊သူတလုံးဖြစ်အောင်အသက်၊သွေး၊ချွေး၊တွေနဲ့ရင်ပြီးတော့သားသမီးတွေမရွယ်ရောက်လာအောင်ပြုစုကျွေးမွေးစောင့်ရှောက်ပေးခဲ့ကြတာ ဟာမိဘနှစ်ပါးပါပဲ။သော်တရှင်မိတ်ဆွေများရှင် -ဒါတွေမကားသေးပါဘူး။သားသမီးတို့ကျန်းကျန်းမာမာနဲ့မွေးဖွားကြီးပြင်လာဖို့ရန်အတွက်ဆောင်ရန်၊ရှောင်ရန်တွေကိုသတိထားရှောင်ကြဥ်ရရှာတဲ့မေမေ။ဒါအပြင်မိခင်ရဲ့နို့ရည်ချိုချိုသောက်သုံးပြီးနွဲ့ဆိုးဆိုးတဲ့သားသမီးတို့ကိုစိတ်ရှည်ရှည်နဲ့ထမင်းခွံကျွေးတာမေမေရဲ့မေတ္တာပါ။ဖေဖေကတော့သားသမီးတွေရဲ့နောင်ရေးအတွက်ရုန်းကန်စီးပွားရှာနေရပါတယ်။သားသမီးတွေအတွက်ကျန်းမာရေး၊ပညာရေး၊လုံခြုံအေးချမ်းစွာနေထိုင်နိုင်ဖို့ရန်အတွက်နှာဖူးကနေခြေမထိချွေးထွက်အောင်နေပူမရှောင်၊မိုးရွာမရှောင်၊ရာသီသုံးခုစလုံးမှာပင်ပင်ပန်းပန်းနဲ့အလုပ်ကိုကြိုစားလုပ်ပေးနေရတာဖေဖေပဲဖြစ်ပါတယ်။ဖေဖေဟာဆိုရင်မိသားစုအတွက်သားသမီးတွေအတွက်ခြံ၀န်းကြီးပမာ၊မဟာတံတိုင်းပမာခိုင်မာစွာရပ်တည်လျက်ရှိနေပါတယ်။ဒါအပြင်မိဘနှစ်ပါးရဲ့ဆုံးမစကားဟာသားသမီးတွေအတွက်အားဆေးသွယ်ဖြစ်သလို၊သားသမီးတို့ရဲ့အပြုံမျက်နှာတစ်ချက်မြင်လိုက်ရတဲ့မိဘနှစ်ပါးရဲ့ပင်ပန်းမှုတွေပျောက်ပျက်သွားပါတယ်။ကျွန်မတို့ကြားဖူးကြတဲ့စကားလုံးကတော့တောင်စုတ်ပလုပ်စုတ်ဆိုရင်စွန့်ပစ်ကြတယ်၊သားသမီးဆိုးတွေကိုဘယ်မိဘကမှာစွန်ပစ်သွားလေ့မရှိပါဘူး။ဆိုးပေမိုက်မဲ့တဲ့သားသမီးတွေဆိုရင်သမိဘတွေကပိုချစ်တယ်၊ဂရုစိုက်ကြတယ်၊စိတ်ပူစိုးရိမ်းတက်ကြတယ်။တစ်လောကလုံးကလူတွေမိမိကိုမုန်းနေရင်တောင်မိဘတွေကတော့မမုန်းပါဘူး။ကျွန်မတို့ဘ၀တွေမှာခက်ခဲတဲ့အရာတွေဆိုရင်ဘယ်တော့မှာလွယ်လွယ်နဲ့မရခဲ့ဘူးသလို အလကားလဲမရခဲ့ပါဘူး။ဒါပင့်မဲ့တစ်ခုတော့ရှိတယ်အလွယ်တကူရခဲ့တာဆိုလို့ မိဘနှစ်ပါးရဲ့မေတ္တာပဲရှိတာပါ၊အချိန်မရွေးရတဲ့မိဘရဲ့မေတ္တာတွေပေါ့။နောက်ဆုံးပြောရမယ်ဆိုရင်မိဘတွေကအသက်ကြီးလာတာနဲ့အအမျှသားသမီးတွေဆီကနေမျှော်လင့်တဲ့အရာတွေကတော့ (၁)သိတက်မှု(၂)ဂရုစိုက်မှု(၃)မေတ္တာတရားရယ်ဆိုတာကိုတော့မမေ့ကြပါနဲ့လိုအသိပေးတိုက်တွန်းလိုက်ပါတယ်။မိတ်ဆွေလူငယ်မောင်မယ်တို့ရှင် မိဘနှစ်ပါးကိုရိုသေပါ၊လေးစားပါ၊သိတက်ပါ၊ပြုစုပါ၊သတိရပါ၊အမြဲရှိခိုးပါလို့အသိပေးပါရစေ။မိဘတွေအတွက်အားကိုးရတဲ့သားသမီးများဖြစ်ကြပါစေ။မိဘတွေအတွက်ထီးလိုအရိပ်မိုးတဲ့သမီးများဖြစ်ကြပါစေ၊မီးပမာအပူပေးတဲ့သမီးမျိုးမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်။ မိဘများအားလုံး၊အကြီးအကဲများအားလုံး၊ကျေးဇူးရှင်များအားလုံးဘုရားရှင်ကောင်းကြီးပေးပါစေ။လိုအင်ဆန္ဒအကြံအစည်များအောင်မြင်ပါစေ။ကျန်းမာြခင်းများလည်းရရှိပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မက စစ္စတာရ် မေရီဒိမ် ပါရှင်။

၁၆-ကြိမ်မြောက်-သာမာန်တနင်္ဂနွေနေ့ဩဝါဒ

၁၆-ကြိမ်မြောက်-သာမာန်တနင်္ဂနွေနေ့ဩဝါဒ Monday, July 19, 2021 စိန်ခေါ်မှုများကြားမှာ အချင်းချင်း သိုးထိန်း‌တွေ ဖြစ်ဖို့ ခေါ်နေပါသည်။ (၁၆) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့ ကာဒီနယ်ချာစ်းလ် မောင်ဘို၏ဩဝါဒ၊ ရန်ကုန် ၊မြန်မာ။ ပထမကျမ်း။ ။ ယေရမိယအနာဂတ္တိကျမ်း ၂၃း ၁-၆ ထာဝရဘုရားသခင်သည် သူ၏လူမျိုး အီဇရာအယ်ကို သိုးထိန်းပေးမည်ဟု ကတိထားသည်။ ဆာလံ။ ။၂၃း ၁-၆ ထာဝရဘုရားသည် ငါတို့၏ သိုးထိန်းဖြစ်သည်။ ဒုတိယကျမ်း။ ။ အီဖက် ၂း ၁၃-၁၈ ခရစ်တော်ဘုရားသည် ကျွန်ုပ်တို့ကို…

လက်ထပ်တော့မဲ့ မိန်းကလေးအတွက် ကြိုတင်ပြင်ဆင်ခြင်း

ဒီနေ့မှာ အိမ်ထောင်ပြုမယ့် မိန်းကလေးတွေအတွက် ကျွန်မဖတ်ဖူးခဲ့တဲ့ စာတွေထဲကနေ မှတ်မိသလောက် ဒီအကြောင်းအရာလေးတွေကို တင်ပြပေးသွားချင်ပါတယ်။မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုတော့မယ်ဆို ဒီနေ့ခေတ်အလိုက် ပြောရရင် သူ့မှာ ချစ်သူ/ရည်းစားတော့ရှိနေပြီပေါ့။ ကိုယ့်ကိုချစ်မယ့်သူ ကိုယ်ကလည်း ပြန်ပြီး ချစ်နိုင်တဲ့သူနဲ့ ချစ်သူ တွေဖြစ်သွားကြတာပေါ့နော်။ချစ်သူတွေ မဖြစ်ခင်မှာတော့ လူ့ဘောင်အဖွဲ့အစည်းအရ ယောကျ်ားလေးက မိန်းကလေးကို ပိုးပန်းမယ်။ တဖြည်းဖြည်း မိန်းကလေးက လက်ခံလာရင် သမီးရည်းစားဖြစ်သွားကြမယ်။ နောက် တော့ dating ချိန်းတွေ့ကြမယ်။ နောက်ဆုံးမှသာ ချစ်သူနှစ်ဦး သဘောတူ လက်ထပ်လိုက်ကြ တာပါ။ချစ်သူတွေဖြစ်သွားတဲ့အခါမှာ နှစ်ယောက်တည်း လျှောက်လည်ကြမယ်။ ချိန်းတွေ့ကြမယ်။…