rvamyanmar

rvamyanmar

‘‘ဂွါဒါလုပေ မယ်တော်’’ The Virgin of Guadalupe

‘‘ဂွါဒါလုပေ မယ်တော်’’ The Virgin of Guadalupe ဖလော်ရီဒါက မမျှော်လင့်တဲ့ အဖြစ်အပျက် တစ်ခုပါ။ မီးသတ်သမားတွေ အံ့အား သင့်စေခဲ့တာက ပေါ့ပလာသစ်ပင်တစ်ပင်မှာ မီးစွဲလောင်နေပြီး မီးကိုညိမ်းသတ်ဖို့ လုပ်နေစဉ် သစ်ပင်ပေါ်မှာ ခြယ်သရေးဆွဲထားတဲ့ ဂွါဒါလူပီ မယ်တော်ရဲ့ အဆင်းသဏ္ဌာန်ကို သူတို့ သတိပြုမိ ခဲ့ကြတယ်။ ထူးခြားတာက မယ်တော်ပုံရိပ် အနီးကို ရောက်တဲ့အခါ မီးငြိမ်းသွားတာကို တွေ့ခဲ့ကြရတယ်။ အရမ်းကို အံ့သြသွားတယ် လို့ဆိုပါတယ်။ မီးသတ်သမားရဲ့ နာမည်က Jose Manuel Rivera Valenzuela…

ဖာသာရ် ပါစကား သီကိုရှင်း ဝါတွင်းကာလ တတိယ အပတ် တနင်္ဂနွေနေ့ ဩဝါဒ မတ်လ ၇၊ ၂၀၂၁

မင်္ဂလာရှိသော ဒေါသများ ထွက်ပေးကြပါ နှုးညံ့သိမ်မွေ့လွန်းပါတယ်ဆိုတဲ့ ယေဇူးဘုရားက ဗိမ္မာန်တော်ထဲမှာ ဒေါသ ခပ်ပြင်းပြင်း ထွက်ပြီး ဗိမ္မာန်တော်ကို ရှင်းလင်းတာကို ဒီတစ်ပတ် တနင်္ဂနွေကျမ်းစာမှာ ဖတ်ရူရပါတယ်။ တော်ရုံ ဒေါသ မထွက်ပြတတ် တဲ့ ခရစ်တော်ဘုရားက ဘာလို့ ဒီလောက် ဒေါသ တကြီးဖြစ်ရတာလဲဆိုတာ တကယ်ကို စဉ်းစားစရာပဲ။ ဒေါသ အမျက်ထွက်ခြင်းဆိုတာ အပြစ်ရင်း (၇) ပါးထဲက အပြစ်ကြီးတစ်ခု။ ဒါဆိုရင် ကိုယ်တော်က ဒေါသ ထွက်တာ အပြစ်ကျူးလွန်တာပဲလို့ ဆိုရမလား။ မဟုတ်ပါဘူး။ သည်းခံနိုင်တဲ့ အတိုင်းအတာ…

ကလေးတစ်ယောက်ရဲ့ လူမှုဝန်းကျင်မှာ ကျွမ်းကျင်တဲ့ ရင့်ကျက်မှုတွေနဲ့ ကျင်လည်နိုင်ဖို့

Matureဒီနေ့မှာ ကလေးတစ်ယောက်ရဲ့ လူမှုဝန်းကျင်မှာ ကျွမ်းကျင်တဲ့ ရင့်ကျက်မှုတွေနဲ့ ကျင်လည်နိုင်ဖို့ မိဘတွေက coach နည်းပြအဖြစ် လုပ်ပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြ ပေးချင်ပါတယ်။မိဘတွေက ဘယ်လို coach နည်းပြလုပ်ပေးမှာလဲ။ မိဘတိုင်းကတော့ မိမိသားသမီး အတန်း ပညာတွေ စာပေတွေ တတ်ဖို့ ကျန်းကျန်းမာမာရှိဖို့ အဓိကထားပြီး လုပ်ဆောင်ကြသလို ကလေးတစ် ယောက် သူကျင်လည်ရတဲ့ လူမှုဝန်းကျင်မှာ ရင့်ကျက်မှုတွေရှိဖို့လည်း တာဝန်တစ်ခုလို နည်းပြလုပ် ပေးရပါအုံးမယ်။ ဒါမှ ကလေးက သူ့ဝန်းကျင်မှာ မိမိစိတ်ကို ထိန်းချုပ်တတ်တဲ့သူ၊ ရင့်ကျက်တဲ့သူ အဖြစ် နေတတ်လာပြီး…

၀ါတွင်းဒုတိတနင်္ဂနွေနေ့ ကာဒီနယ်ချားစ်ဘို၏ ဩဝါဒ

၀ါတွင်းဒုတိတနင်္ဂနွေနေ့ ကာဒီနယ်ချားစ်ဘို၏ ဩဝါဒ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁ ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊               ၀ါတွင်းကာလကို ကျွန်ုပ်တို့ဖြတ်သန်းနေကြပါပြီ။ ထူးခြားစွာပဲ ဒီကာလမှာ ခရစ္စမတ် သတင်းစကားက ကျွန်ုပ်တို့နဲ့ ကိုက်ညီနေပါတယ်။ ဒီမြေဒီရေမှာ နေထိုင်တဲ့ စိတ်ကောင်းနှလုံး ကောင်းရှိသူတွေအားလုံးအပေါ် ငြိမ်းချမ်းခြင်းမင်္ဂလာ သက်ရောက်ပါစေ။ ယခုအချိန်မှာ ကျွန်ုပ်တို့အတွက် အလိုအပ်ဆုံးအရာက ငြိမ်းချမ်းခြင်းဖြစ်တဲ့အတွက် ၀ါတွင်းကာလမှာ ငြိမ်းချမ်းခြင်းအတွက် ဆုတောင်းကြပါစို့။               လမ်းမတွေပေါ်မှာ မတရားတဲ့အာဏာဖီဆန်မှုတွေအပြင် သွေးထွက်သံယိုမှုတွေကိုပါ  ကျွန်ုပ်တို့ တွေ့နေရပါပြီ။ ဒီနေ့လည်း လမ်းပေါ်မှာ လူတွေပြည့်နေပါလိမ့်မယ်။…

ဖာသာရ် ပါစကား သီကိုရှင်း ဝါတွင်းကာလ ဒုတိယ ရက်သတ္တပတ် တနင်္ဂနွေနေ့ ဩဝါဒ ဖေဖဝါရီ ၂၈၊ ၂၀၂၁

စိတ်ဓာတ်ကျနေတဲ့အတွေးများ၀င်လာတဲ့အခါ

အားလုံးပဲမင်္ဂလာရှင် အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့ အကြောင်းအရာကတော့ “စိတ်ဓာတ်ကျနေတဲ့အတွေးများ၀င်လာတဲ့အခါ “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ သော်တရှင်များရှင်  စိတ်ဓာတ်ကျခြင်းကိုခဏတာပဲခံစားရသူရှိသလို၊တချို့ကျပြန်မိမိကိုယ်ကိုသတ်သေချင်လောက်အောင်ကိုစိတ်ဓာတ်အရမ်းကျတဲ့သူတွေလည်းရှိကြပါတယ်။ သော်တရှင်မိတ်ဆွေများရှင်  စိတ်ဓာတ်ကျတဲ့အချိန်မှာ၀င်းလာမဲ့အတွေးတွေကိုအနည်းငယ်ပြောပြချင်ပါတယ်။လူဘ၀မှာကြုံတွေကြရတဲ့အခက်ခဲတွေ၊သိပ်ကြီးမားလွန်လို၊ပူဆွေးသောကရောက်ရတာတွေ၊ရင်မျှတော့လိုမဆန့်တော့လိုအရာရာဟာ မျှော်လင့်ချက်တွေကုန်ဆုံးနေလို့ဆိုပြီး၊မိမိကိုယ်ကိုသတ်သေချင်စိတ်ပေါက်လောက်ထိကို တွေးတက်ကြပါတယ်။ဒါတွေဟာစိတ်ဓာတ်တွေအဆုံးစွန်ဆုံးအထိကျတဲ့အခါမှာ၀င်လာတက်တဲ့အ တွေးမျိုးပေါ့။ဒီလိုအတွေးမျိုးပေါ်လာတာဟာလည်းမိမိတစ်ယောက်ထဲမဟုတ်ပါဘူး။သူသူဌါဌါအနည်းနဲ့အများဆိုသလို ဒီလိုအခက်ခဲတွေတွေ့ကြုံကြရတယ်ဆိုတာမမေ့ပါနှင့်။ လူငယ်တွေအနေနဲ့လည်း မိမိကိုယ်ကိုထိန်းမနိုင်၊သိမ်းမနိုင်ဖြစ်ပြီးစိတ်အလိုဆန္ဒနောက်လိုက်မိလို မူးယစ်ဆေးစွဲတဲ့လူငယ်တွေ၊သူတပါးကိုခန္ဓာပိုင်းဆိုင်မတရားလုပ်လိုမှုတွေ၊အလုပ်ခံရတဲ့သူတွေ၊အထီးကျန်အပယ်ခံရသူတွေ၊လူဘုံအလယ်အရှက်တရာြဖစ်ရသူတွေ၊ပြဿနာတွေတက်ခဲ့ရလို၊ကြံရာမရဖြစ်လိုလိုလောကကြီးထဲကနေထွက်ခွာချင်ကြပါတယ်။အဲလိုဖြစ်ရတာလည်းရောဂါရယ်လို့မဟုတ်ပင်မဲ့ လည်း။ပေါ့ပေါ့ဆဆလိုလည်းမယူဆသင့်ပါဘူး။အဲလိုအတွေးတွေကြောင့်စိတ်ကျရောဂါဖြစ်လာနိုင်ပါတယ်။အတွေးတွေကိုမထိန်းသိမ်းနိုင်ရင်းကြာလာတာနဲ့အမျှဘ၀မှာဆုံးရှုံးမှုတွေဆက်တိုက်ဆိုသလိုရှိ လာနိုင်ပါတယ်။ဘယ်လောက်လဲကြီးမားတဲ့အခက်မခဲပြဿနာပဲဖြစ်ဖြစ်ဖြေရှင်းနိုင်တဲ့နည်းလမ်း၊အ နည်းဆုံးတစ်ခုတော့ရှိပါသေးတယ်။လူတွေမခံထမ်းနိုင်တဲဒုက္ခမျိုးကို(ကျွန်မတို့ယုံကြည်ကိုးကွယ်တဲ့ဘုရားရှင်ကဘယ်တော့မှမထမ်းစေပါဘူး။အားရစရာ၊ခွန်းအားရစရာအချက်တွေပါပဲ)။စိတ်ဓာတ်ကျတဲ့အချိန်မှာ၀◌င်လာတဲ့အတွေးတွေနဲ့ပြဿနာတော်တော်များများကိုဖြေရှင်းနိုင်ဖို့ရန်အချိန်တစ်ခုတော့လိုပါတယ်။တခါတလေမှာအချိန်တွေဟာကုစားပေးနိုင်တဲ့အကြေင်းဆ်ုံးသောတရားသူကြီးတွေဖြစ်ပါတယ်။ သော်တရှင်ဓမ္မမိတ်ဆွေများရှင် – စစ်မတိုက်ခင်မျှားကုန်နေသူတွေအတွက်ဘ၀ဟာစိတ်ပျက်စရာတွေချည်းဘဲဖြစ်နေမှာပါ။ပြင်ဆင်မှုတွေဘယ်လောက်ပဲကီုးစားပြီးလုပ်လုပ်နောက်ဆုံးမအချိန်မှာအဆင့်သင့်မဖြစ်ခဲ့ရင်ခံလေသမျှသံရေကျ တက်ပါတယ်။ကြိုးစားသမျှဘာအကျိုးအမြတ်မှမရလိုက်ဖြစ်တက်ပါတယ်။လောကကြီးမှာကိုကိုယ် ထင်တိုင်မရောက်တဲ့ခရီးတွေအများကြီးပါ။စားမေးမွဲအာင်မြင်ဖို့ရန်အတွက်လပေါင်းများစွာပြင်ဆင်ထား၊ကျက်မှတ်ထားကြိုးစားထားပင်မဲ့လည်းမဖြေခင်တညမှာအိပ်ရေပျက်လို့အားနည်းပြီးစားမေးပွဲခန်းထဲမူးလဲရတဲ့ကျောင်းသားလိုမဖြစ်ရအောင်သတိထားဖို့တော့လိုပါတယ်နော်။ဘာကြောင့်လဲဆိုရင်ဘ၀ရဲ့စားမေးပွဲတွေဟာသတ်မှတ်ထားတဲ့အချိန်မှာဖြေရတာြဖစ်လို့မလွတ်စတမ်းအမိအရကောင်းမွန်စွာရင်ဆိုင်နိုင်မှာသာလျှင်နောက်အဆင့်တစ်ခုကိုတက်ခွင့်ရမှာဖြစ်ပါတယ်ရှင်။မိမိလည်းစိတ်ဓာတ်ကျတဲ့အခါရရှိထားတဲ့အတွေးအခေါ်တွေကိုမိတ်ဆွေတစ်ယောက်ယောက်ဒါမှမဟုတ်အချစ်ဆုံးသူငယ်ချင်း၊မိခင်-ညီအစ်ကိုမောင်နှမတွေကိုရင်ဖွင့်ပြောပြပါ။စောစောကပြောပြထားတဲ့အတိုင်းပဲမိမိရင်ဆိုင်ကြုံတွေနေရတဲ့ပြဿနာဟာလောကမှာမိမိတစ်ယောက်ထဲကြုံနေရတာမဟုတ်ပါဘူးဆိုတာသိဖို့လိုအပ်ပါတယ်။မိမိထက်ဒီလိုအခက်ခဲကိုအရင်အရင်ကြုံဖူးတဲ့လူတွေဒုနှင်ဒေးအများကြီးရှိပါတယ်။သူတို့ဆီကနေဥပမာကိုရယူပါ။နားထောင်တက်ပါ၊ပြီးရင်စာအုပ်တွေရှာဖွေဖတ်ပြီးတောလဲအဖြေေကိုရနိုင်ပါတယ်။ဘ၀ဆိုတာဇာတ်ခုံတစ်ခုလိုပါပဲ။အလွမ်းတွေ၊အဆွေးတွေ၊အရယ်အမောအတက်အကျရှိပါတယ်။ဒါကြောင့်မို့စိတ်အချရဆုံးမိတ်ဆွေနဲ့ရင်ဖွင့်တိုင်ပင်ခြင်းဖြင့်စိတ်ပိုင်ဆိုင်ရာကိုကျန်းမာစေပါတယ်။မျိုးသိပ်လွန်းအားကြီးရင်ပေါက်ကွဲရတာတွေကြုံဖူးမှာပါ။မျိုးသိပ်မှုတွေတည့်ကြပ်နေတာဟာပုလင်းထဲကဗူးစို့နဲ့ပိတ်ထားသလိုပါပဲ။တချိန်ချိန်မှာပေါက်ကွဲတက်ပါတယ်။မိမိကိုယ်ကိုမကပတ်၀န်းကျင်းကိုပါထိခိုက်နာကျင်စေ မှာြဖစ်ပါတယ်။ခံနိုင်ရည်ရှိသလောက်သာမျိုးသိပ်ထားပါ။မိမိကိုယ်ကိုသတ်သေရလောက်အောင်မမျိုးသိပ်ထားပါနဲ့။သင့်တော်တဲ့နည်းလမ်းတွေနဲ့ထွက်ပေါက်ပေးလိုက်ပါ။မိမိစိတ်ဓာတ်ကျချိန်၀င်လာတဲ့အတွေးအခေါ်တွေကိုအားကစားလုပ်တာ၊သီချင်းဆိုတာ၊ဂီတာတီးတာ၊ရုပ်ရှင်သွားကြည့်တာ၊ဈေး၀ယ် ထွက်တာ၊၀ါသနာပါရာအလုပ်တစ်ခုခုကိုလုပ်လိုက်တာ၊ဘုရားကျောင်းသွားတာ၊လူမှုရေးတွေလုပ်တာ၊အပန်းဖြေခရီးထွက်တာစသည့်တို့ဟာလည်းမိမိအတွေးတွေကိုကုစားနည်းတစ်မျိုးပါပဲ။မိမိရဲ့အတွေးအခေါ်တွေကိုရင်ဆိုင်ဖြေရှင်နိုင်မှာသာလျှင် ရှေ့ဆက်ခရီးဆက်နိုင်မှာဖြစ်လို့ဘုရားရှင်ရဲ့အကူအညီခွန်းအားဖြင့်ကြိုးစားပါအောင်မြင်လာပါလိမ့်မယ်လိုဆန္ဒပြုရင်ဒီတစ်ပတ်တင်ဆက်ပေးသွးတဲ့အကြောင်းသော်တရှင်နားဆင်သူအတွက်တစ်စုံတစ်ရာအထာက်အကူဖြစ်လိမ့်မယ့်လိုမျှော်လင့်ပါတယ်။လူငယ်များတွက်လမ်းပြအဖော်မွန်စာအုပ်ထဲကနေကိုးကားထားတာဖြစ်ပါတယ်။နားဆင်အားပေးကြည့်ရှုကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။ဘုရားရှင် ကောင်းကြီးပေးပါစေ။ ကျွန်မက စစ္စတာရ်မေရီဒိမ် ပါရှင်။

၂၀၂၁ ၀ါတွင်းပထမတနင်္ဂနွေ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁

၂၀၂၁ ၀ါတွင်းပထမတနင်္ဂနွေ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၁ ခရစ်တော်၌ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊                 ဆုတောင်းခြင်း၊ မျှော်လင့်ခြင်းနဲ့အတူ ကျွန်ုပ်တို့ဟာ ၀ါတွင်းကာလထဲ ဝင်ရောက်လာကြပါပြီ။ ဒီကာလဟာ ကျွန်ုပ်တို့အတွက်ရော၊ နိုင်ငံအတွက်ရော အကျပ်အတည်းရောက်တဲ့ကာလ ဖြစ်နေပါတယ်။ မနှစ်က ၀ါတွင်းအချိန်ကတည်းက ကျွန်ုပ်တို့အားလုံးLockdown ဝင်ခဲ့ရတာ တစ်နှစ်ကြာတဲ့အချိန်အထိ Lockdown ထဲက လွတ်လွတ်ကျွတ်ကျွတ် မထွက်နိုင်သေးပါဘူး။ အခုဆိုရင် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စိတ်ပျက်ရတာ၊ မျှော်လင့်ချက် ပျောက်ဆုံးရတာတွေပါ ဖြစ်လာပါတယ်။ ကျွန်ုပ်တို့ရဲ့နိုင်ငံမှာ အကျင့်တရားပြောင်းလဲကြဖို့ လိုအပ်နေပါပြီ။ နိုင်ငံအတွင်း ပြန်လည် သင့်မြတ်ရေးဖြစ်ပေါ်လာဖို့…

ဖာသာရ် ဂျွန် ထွန်းထွန်းနိုင် ဝါတွင်းကာလ ပထမ တနင်္ဂနွေနေ့ ဩဝါဒ ဖေဖဝါရီ ၂၁၊ ၂၀၂၁

ကလေးတယောက်ရဲ့ ဘဝ မွေးစကနေ တဖြည်းဖြည်းကွဲပြားတဲ့ပုံစံ တွေမှာ ဖခင်တယောက်ရဲ့ အရေးပါတဲ့ ပတ်သက်မှု

Significant             ဒီနေ့မှာ ကလေးတယောက်ရဲ့ ဘဝ မွေးစကနေ တဖြည်းဖြည်းကွဲပြားတဲ့ပုံစံ အခြေအနေ တွေမှာ ဖခင်တယောက်ရဲ့ အရေးပါတဲ့ ပတ်သက်မှုအကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရှင့် ဖခင်တယောက်ဟာ မိမိဇနီး ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တပြိုင်နက် အရင်ဆုံး အတွင်းစိတ်ကော ရုပ်ပိုင်းဆိုင်ရာကော ပြင်ဆင်ရတော့မယ်။ ဖခင်တယောက်ရဲ့ အခန်းကဏ္ဍကို တည်ဆောက်ယူရတော့မယ်။ ဘယ်လိုတွေ တည်ဆောက်ယူရတော့မလဲဆိုတော့ မိခင်လိုပဲ ဖခင်ကလည်း မိမိရဲ့ အခန်းကဏ္ဍ အသစ်ကို အချိန်ယူပြီး adjust လုပ်ယူရမယ်။ အလိုက်သင့်ပြုမူနေထိုင်ရတော့မယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတို့ကို ပြုပြင်ပြီး…

ဖာသာရ် ပေါ‌လ် သက်ခိုင် ၆  ကြိမ်မြောက် သာမာန်ရက်သတ္တပတ် တနင်္ဂနွေနေ့  ဩဝါဒ ဖေဖဝါရီလ ၁၄၊ ၂၀၂၁