
ဖာသာရ် Augustine Tin Maung Htun (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၃၃)ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့ ၁၆၊ ၁၁၊ ၂၀၂၅





ဒီနေ့မှာ မိဘနဲ့ သားသမီး ဆက်ဆံရေးမှာ တချို့သောမိဘတွေက သားသမီးအပေါ်မှာ အုပ်ချုပ်မှု အဆိပ်ပြင်းတယ်လို့ ယူဆရလောက်တဲ့ ဆက်ဆံမှုမျိုးမှာ ထူးခြားတဲ့ လက္ခဏာတချို့ကငို ပြောပြပေးသွားမှာပါ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကြားနေ့ရပါတယ်။ တချို့မိဘတွေက သားသမီးကို ပါးစပ်ပိတ် ထား တိတ်တိတ်နေ ငါတို့က လိုအပ်တာတွေက အကောင်းဆုံးလုပ်ပေးထားတယ်။ နင်တို့က ကျေးဇူးမသိတတ်ဖူး။ အဲ့ဒီလိုစကားစုမျိုးတွေက သားသမီးကို ထိုးနှက်သလိုဖြစ်သွားစေပါတယ်။ မိဘနဲ့ သားသမီး Love and relationship ၅၂၈ မေတ္တာနဲ့ ဆက်နွယ်မှုတွေမှာ အဲ့ဒီလို…

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ ယနေ့ ဧ၀ံဂေလိ ကျမ်းစာမှာ ဖာရီဇေဦးတွေက ဘုရားသခင်ရဲ့နိုင်ငံတော်က ဘယ်အချိန်ခါကျရောက်လာမလဲဆိုတာကို ကိုယ်တော့်ကို မေးလျှောက်ကြတာကို ကြားနာရမှာပဲဖြစ်ပါတယ်။ သူတို့က မြင်နိုင်တဲ့ ကောင်းကင်ဘုံက တန်ခိုးလက္ခဏာ ကမ္ဘာကြီးကို ပြောင်းလဲ နိုင်တဲ့ နိုင်ငံရေး Power မျိုးသူတို့အနေနဲ့ယူဆနေကြပါတယ်။အဲဒီအခါမှာ ခရစ်တော်က ဘာပြောသလဲဆိုတော့ ” ဘုရားသခင် ၏ နိုင်ငံတော် သည် မြင်နိုင်သော နိမိတ်လက္ခဏာ များဖြင့် ရောက်လာမည် မဟုတ်။ ကြည့်ကြ ၊ ၎င်းသည်…

တစ်ခါက သူဆင်းရဲ လယ်သမားတစ်ယောက်ရှိခဲ့တယ်။ သူက မြေယာအလုံအလောက်ရရင် တစ်သက်လုံး ပျော်ရွှင်စွာနေနိုင်မယ်လို့ ယုံကြည်ထားတယ်။ တစ်နေ့မှာ ဝေးလံခေါင်သီတဲ့အရပ်က တိုင်းရင်းသားလူမျိုးတစ်စုက ကျယ်ဝန်းတဲ့မြေယာတွေကို ပိုက်ဆံအနည်းငယ်နဲ့ ရောင်းနေတယ်ဆိုတဲ့သတင်းကြားလိုက်ရတယ်။ သူတို့ရဲ့စည်းကမ်းကတော့ အလွန်ရိုးရှင်းပါတယ်။သတ်မှတ်ထားတဲ့ ဈေးနှုန်းပေးလိုက်ရုံနဲ့ နေထွက်ချိန်ကစပြီး နေဝင်ချိန်အထိ သူလမ်းပတ်လျှောက်နိုင်သမျှ မြေယာကိုရနိုင်တယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ် — နေမဝင်ခင် စတင်ခဲ့တဲ့နေရာကို ပြန်ရောက်ရမယ်။ပြန်မရောက်ဘူးဆိုရင် ပိုက်ဆံရော မြေယာပါ အကုန်ဆုံးရှုံးမှာပါ။ နေထွက်ချိန်ရောက်တော့ ပါးအွန် ခရီးထွက်ခဲ့ပါတယ်။သူက အရှိန်ကောင်းကောင်းလမ်းလျှောက်ပြီး နယ်နိမိတ်တွေ အမှတ်အသားလုပ်သွားတယ်။ စိတ်ထဲမှာတော့ ရလာမယ့် ချမ်းသာကြွယ်ဝမှုတွေကို မြင်ယောင်နေပါတယ်။…

ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် အာရ်အက်စ်အက်ဖ် (RSF) တို့အကြား ကိုရ်ဒိုဖန် (Kordofan) အလယ်ပိုင်း ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသောကြောင့် လူပေါင်း ထောင်ပေါင်းများစွာသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြရသည်။ ဤပဋိပက္ခသည် ယခင်ကပင် ၁၄ သန်းကို နေရပ် စွန့်ခွာစေပြီး၊ ခန့်မှန်းခြေအားဖြင့် ၁၂၀,၀၀၀ ခန့် သေဆုံးခဲ့ရသည့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ ဆူဒန်စစ်တပ်နှင့် လက်နက်ကိုင် Rapid Support Forces (RSF) တို့အကြား ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ခန့်မှန်းခြေ လူ ၁၄ သန်း၏ ဆင်းရဲဒုက္ခများအပြင်၊…
အပတ်စဥ် Angelus နေ့ခင်းမေတ္တာဆုတောင်းခြင်း နိဂုံးချုပ်တွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က စစ်ပွဲ များကြုံတွေ့နေရသည့် နိုင်ငံများတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန် လုပ်ဆောင်နေသူများအား ကျေးဇူး တင်ရှိကြောင်း နက်နက်နဲနဲ ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် ဖုန်း-ဝေါင်း (Fung-wong) ဟူသည့် တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရသော ဖိလစ်ပိုင်ပြည်သူများအတွက်လည်း ဆုတောင်းပေးခဲ့ပါသည်။ ဗာတီကန်သတင်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသူများအား အသိအမှတ်ပြုခြင်း ပုပ်ရဟန်းမင်းကြီးသည် စစ်ပွဲဒဏ်ခံရသည့် ဒေသအသီးသီး၌ နည်းမျိုးစုံဖြင့် ငြိမ်းချမ်းရေးတည် ဆောက် ရန် ကြိုးပမ်းလုပ်ဆောင်နေသူအားလုံးကိုလည်း နက်နက်နဲနဲ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။ လွန်ခဲ့သည့် ရက်များအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးသွားသူများ…