
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ ဘုန်းတော်ကြီးများ နှစ်ပတ်လည်ဥပုပ်စောင့်ခြင်း။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ ဘုန်းတော်ကြီးများ နှစ်ပတ်လည်ဥပုပ်စောင့်ခြင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်မှ ၂၇ ရက်အထိ မန္တလေးမြို့ ရွှေနှလုံးတော် ကာသီဒြယ် ဘုရားကျောင်းတော်ကြီးတွင် ပုသိမ်ဂိုဏ်းအုပ်သာသနာမှ Fr. Bosco Saw Lar Htoo က ဝိညာဉ်လမ်းညွှန်အဖြစ် ဦးဆောင်ပေးခဲ့ပါသည်။
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ ဘုန်းတော်ကြီးအားလုံးနီးပါး ပါဝင်နိုင်ခဲ့ပြီး အောင်မြင်စွာ ဥပုပ် စောင့်ဝိညာဉ်ခွန်းအား ရယူနိုင်ခဲ့သည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်လျက် ဥပုပ်ကို ဦးဆောင် လမ်းညွှန်ပေးသော Fr. Bosco Saw Lar Htoo ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ ဥပုပ်ကာလအတွင်း ဘုန်းတော်ကြီးများအတွက် ဆွမ်းအလှူရှင်များကိုလည်း ကျေးဇူးတင်လျက် ဆုတောင်းပေးပါသည်။
See less


