ပုပ်ရဟန်းမင်းကြီး၏ ကိုးကွယ်မှု ဘာသာတရားများအချင်းချင်းနှီးနှောဖလှယ်ခြင်းရုံးတော်၌ အစည်း အ ဝေးကျင်းပခြင်း။

ပုပ်ရဟန်းမင်းကြီး၏ ကိုးကွယ်မှုဘာသာတရားများအချင်းချင်း နှီးနှောဖလှယ်ခြင်းရုံးတော် (Dicastery for Interreligious Dialogue) မှ စီစဉ်သောအတိုင်ပင်ခံများနှင့် အဖွဲ့ဝင်များ၏ (၁၅) ကြိမ်မြောက် မျက် နှာစုံညီအစည်းအဝေးကို ရောမမြို့၊ ဗာတီကန် နိုင်ငံတော်၊ ပေါလ်လု (၁၆) လမ်း၊ နံပါတ် (၂၁) ရှိ မာရီးယား ဘန်ဘီးနာသီလရှင်ကျောင်း (Instituto Maria Bambina) တွင် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ မှ ၂၆ ရက် နေ့အထိ ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေး၏ ခေါင်းစဉ်မှာ “လက်နက်မကိုင်သော( သို့ ) လူသတ်လက်နက်များ နိဂုံးချုပ် သွား စေသော ငြိမ်းချမ်းရေးကို လူသားတို့အားသင်ကြားလမ်းပြခြင်း” (To Educating for Unarmed and Disarming Peace) ဖြစ်ပါသည်”။ ကမ္ဘာတစ်ဝှမ်းမှ အဆိုပါအသင်းကြီး၏ အတိုင် ပင်ခံနှင့် အဖွဲ့ဝင်များဖြစ်ကြသော ကာဒီနယ် ဆရာတော်များ၊ ဂိုဏ်းအုပ်၊ ဂိုဏ်းချုပ်ဆရာတော်များ (၃၅) ပါးတက်ရောက်လျက်ရှိကြပါသည်။

လေ့လာသူများဖြစ်သော ဘုန်းတော်ကြီးများနှင့် အမျိုးသား၊ အမျိုးသမီးများ (၂၀) ဦးခန့်လည်း တက် ရောက်ခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ကိုယ်တော်တိုင် (member) အဆိုပါအသင်းကြီး၏ အဖွဲ့ဝင်တစ်ပါးအဖြစ် လွန်ခဲ့သော (၅) နှစ်ကတည်းက ခန့်အပ်ခဲ့သော ကျွန်ုပ်တို့၏ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး မာကု ဦးတင်ဝင်းလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

rvamyanmar
rvamyanmar
Articles: 4404

Leave a Reply

Your email address will not be published. Required fields are marked *