Thought for the day

မိတ်ဆွေ(သို့)အဖော်တစ်ဦးနှင့်တွေ့ဆုံခွင့်ရခြင်းကိုအစဉ်အမြဲကြိုဆိုလိုက်ပါ။A friend or a companion never meets one amiss.(Sirach 40:23)
မိတ်ဆွေ(သို့)အဖော်တစ်ဦးနှင့်တွေ့ဆုံခွင့်ရခြင်းကိုအစဉ်အမြဲကြိုဆိုလိုက်ပါ။A friend or a companion never meets one amiss.(Sirach 40:23)
တည်ငြိမ်အေးချမ်းသော စိ်တ်သည်ကိုယ်ခန္ဓာ၏အသက်ဖြစ်၏။A tranquit mind gives life to the flesh.
Angel ဆိုတာ ဘုရားနဲ့လူကြားဆက်သွယ်ပေးပြီး ဘုရားရှင်ရဲ့သတင်းစကားတော်တွေကို လူတွေထံသယ်ဆောင်ပေးကာဘုရားရှင်မျက်မှောက်မှာအစဉ်ခစားခွင့် ချီးမွမ်းထောပနာပြုခွင့်၊အစေခံခွင့်ရတဲ့သူတွေArchangel ဆိုတာကတော့ ဘုရားရှင်ရဲ့အထူးစီမံကိန်းတော်တွေလုပ်ငန်းတော်တွေကို အောင်မြင်အောင်ပံံ့ပိုးကြတဲ့သိကြားတမန်တွေဖြစ်ပါတယ်။ ကောင်းကင်တမန်များ ၀ိညာဉ်များသာရှိသော ကောင်းကင်တမန်များသည် ကမ္ဘာမြေကြီး မတည်ရှိမှီက ပင်အမြင့်ဆုံးအဆင့်အတန်းအဖြစ် ဘုရားသခင်ဖန်ဆင်းခဲ့သည်။ သူတို့သည် ရုပ်ခန္ဓာမ ရှိဘဲသေခြင်းကင်းသော ၀ိညာဉ်များဖြစ်ကြသည်။ သူတို့၏အမည်နာမများသည် သူတို့၏ လုပ်ဆောင်မှုလုပ်ငန်းအရ ဘုရားသခင်ထံမှရရှိခဲ့သည်။ ဘုရားသခင်နှင့်တူသောဟု အမည်ရသော မီကာအဲလ်သည် နတ်ဆိုးများ ကိုတိုက်ခိုက်ရန် တာဝန်ပေးခံရပြီး ဘုရားသခင်၏အာဏာကို လုယူမည်ပြုသောလူစီဖဲ ကိုသုခချမ်းသာဘုံမှ နှင်ထုတ်ရန်စေခိုင်းခြင်းခံရသည်။ ထို့နောက် ကောင်းကင်၌စစ်ဖြစ် ၏။ မီကာအဲလ်နှင့် သူ၏ကောင်းကင်တမန်များတို့သည်…
ဒီကနေ့ လူသားကမ္ဘာကောင်းကျိုးဖြာအစီအစဉ်မှာ ‘မိတ်ဆွေစစ်’ ဆိုတဲ့အကြောင်းအရာ လေးကို တင်ဆက်ပေးသွားမှာပါ။ မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းဆိုတာ ကိုယ်နဲ့နှစ်ကိုယ့်တစိတ်ရှိတဲ့သူလို့ အရစ္စတိုတယ် (Aristotle) ကတော့ ဆိုထားပါတယ်။ ကျမတို့ဟာ တနေ့ထက် တနေ့အရွယ်ရောက်လာတာနဲ့ အမျှ တွေ့ဆုံဆက်ဆံရတာတွေလဲ ပိုပြီးများလာပါတယ်။ အဲဒီလို ဆက်ဆံရတဲ့ထဲမှာ သိရုံကျွမ်းရုံ လောက်ပဲရှိတက်သလို တကယ့်မိတ်ဆွေစစ်တွေနဲ့လဲ ဆက်ဆံရတတ်ပါတယ်။ တချို့မိတ်ဆွေ တွေက ကို်ယ့်ကိုဒုက္ခပေးတဲ့သူတွေလဲ ရှိတတ်ပါတယ်။ ကျမတို့ရဲ့မိတ်ဆွေစစ်တွေကတော့ မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုး ဆိုတဲ့အတိုင်း ကျမတို့ရဲ့မောင်နှမအရင်းတွေထက် ပိုပြီးအား ကိုးခင်မင်ရတဲ့သူတွေဖြစ်ပါတယ်။ အင်္ဂလိပ်စကားပုံတစ်ခုကတော့ အကြင်သူသည်…
သောတရှင်များရှင့်ပျော်ရွှင်တဲ့အိမ်ထောင်ရေးဆိုတာကတော့ကျန်မာသန်စွမ်းတဲ့သစ်ပင်တစ်ပင်နှင်ခိုင်းနှိုင်းလို့ရပါတယ်။ ဒီသစ်ပင်အတွက်လိုအပ်တဲ့ရေလောင်းပေမယ်၊ ပေါင်းသင်ပေးမယ်သူလိုအပ်တဲ့ ရေနဲ့နေရောင်ခြည်ကိုရအောင်လုပ်ပေးနိုင်ရင်။ ဒီသစ်ပင်ကသူလိုအပ်တာတွေပြည့်စုံတဲ့အတွက်သန်စွမ်းပြီးတော့ ပန်းတွေဝေဆာသလိုပါပဲ။ အိမ်ထောင်ရေးတစ်ခုဟာလည်းဒီနည်းတူပါပဲ။ အိမ်ထောင်တစ်ခုမှာအဓိကလိုအပ်တဲ့အဟာရဖြစ်စေမဲညီမျှတဲ့ချစ်ခြင်းမေတ္တာကိုတစ်ဦးအပေါ်တစ်ဦးပေးဆပ်နိုင်ရင်ဒီချစ်ခြင်းမေတ္တာသစ်ပင်လေးကဖူးပွင့်ဝေစီနေမှာပဲမဟုပ်ပါလားရှင့်။ နှစ်ဦးနှစ်ဖတ်စလုံးအတူစပြီးတော့ပေါင်းသင်းပြီးတစ်အိုးတစ်အိမ်ထူထာင်တော့မယ်ဆိုရင်တော့။ တသက်တာပေါင်းသင်နေထိုင်နိုင်ဖို့အတွက်ရည်ရွယ်ချက်တွေချမှတ်ရမယ်။ ဆုံး ဖြတ်ချက်တွေပြတ်ပြတ်သားသားချပြီးမှနှစ်ဦးနှစ်ဖက်ဆက်နွယ်မှုကိုရေလောင်းပေါင်းသင်ရမှာဖြစ်ပါတယ်။ ဒါမှလည်းအိမ်ထောင်ရေးဆိုတဲ့အပင်ကရှင်သန်ကြီးထွားလာမှာဖြစ်ပါတယ်။ ပျော်ရွင်တဲ့အိမ်ထောင်ကိုဘယ်လိုတည်ဆာက်ကြမလည်း။ ခင်ပွန်းကဇနီးသည်ကိုပျော်ရွင်စေမဲ့အချက်ကလေးတွေရှိသလိုဇနီးသည်ကလည်းခင်ပွန်းအပေါ်မှာကျေနပ်ပျော်ရွင်စေမဲ့အချက်ကလေးတွေရှိပါတယ်။ ဒါတွေကသမားရိုးကျလေးတွေဖြစ်ပေမဲ့လို့ ခင်ပွန်းသည်ဘက်ကနေဇနီးသည်ကိုလုပ်ဆောင်ပေးရမှာဖြစ်သလို။ ဇနီးသည်ဘက်လည်းခင်ပွန်းသည်ကိုလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ အခုပထမဦးဆုံးခင်ပွန်းသည်ဘက်ကနေဇနီးသည်ကိုလုပ်ဆောင်ပေးရမဲ့သမားရိုးကျအ ချက်ကလေးတွေကိုတင်ပြပေးသွားခြင်ပါတယ်။ မိမိကအလုပ်ခွင်ရောက်နေပေမဲ့လို့အိမ်မှာနေတဲ့ဇနီးသည်ဒါမှမဟုတ်လုပ်ငန်းခွင်ဝင်နေတဲ့ဇနီးသည်ကိုMessages လေးသတိရတဲ့အကြောင်းလေးပို့ပေးပါ။ အပန်းမ ကြီးပါဘူးရှင်။ တခါတလေထမင်းစားပြီးရင်အိုးခွက်ပန်းကန်လေးတွေကူပြီးဆေးကြောပေးတာလုပ်ပေးပါရှင်။ ဇနီးသည်နှင့်အလာဘသလာပစကားပြေားနိုင်ဖို့အချိန်ပိုရအောင်ဒါတွေကိုပြုလုပ်ပြီးတော်မိမိချစ်တဲ့သူနဲ့အတူတူနေရမှာဖြစ်ပါတယ်ရှင်။ ဇနီးမယားကိုမိမိကချစ်စနိုးခေါ်တဲ့အမည်နာမလေးတစ်ခုသတ်မှတ်ခေါ်ပေးပါရှင်။ မိမိအိမ်ကနေလုပ်ငန်းခွင်ကိုခေတ္တခွဲခွာတဲ့အခါမှာ I Love You ပြောဖို့မမေ့ပါနဲ့ သားသ္မီးတွေရလာပြီးဆိုရင် လည်းဖခင်နှင့် သားသ္မီးအတူစာအုပ်ဖတ်ကြတာ၊ ပုံပြောကြတာ မိသားစုကမ္ဘာလေးကိုပျော်ရွှင်စေမဲ့အရာလေးတွေပဲဖြစ်ပါတယ်။ တခါတလေမှာလည်းဇနီးသည်ရဲ့ သူမရွေးဝတ်တာအစဉ်ပြေဆိုတာလေတွေကိုပြောဖို့ဝန်မလေးပါနဲ့ရှင်။တခါတလေမှာလည်းဇနီးသည်ကနေမကောင်းဖြစ်ရင်ပြုစုပေးပါ၊နိုပ်နယ်ပေးပါ၊ massageလုပ်…
အားလုံးပဲ မင်္ဂလာပါရှင် ကျွန်မကတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သီရိဂေဟာကဏ္ဍကို တင်ဆက်ပေးနေတဲ့ ဂျူလီယာ ကြူကြူခင်ပါ။ ဒီတပတ်မှာတော့ အဖိုးအဖွားတွေကို စောင့်ရှောက်ပေးရမဲ့ မြေးမြစ်တွေရဲ့ တာဝန်ဆိုတဲ့အကြောင်းအရာလေးကို ကျွန်မရဲ့ အတွေးထဲကနေ ပြန်မျှဝေချင်ပါတယ်။ ပရိသတ်ကြီးရှင့် အဖိုးအဖွားတွေဆိုတာက မိသားစုရဲ့ သစ်ပင်ကြီးတစ်ပင်လိုပါဘဲ။ သစ်ပင်ရဲ့အမြစ်တွေကတော့ မြေးမြစ်တွေ လို့ခိုင်းနှိုင်းလို့ရပါတယ်။ သစ်ပင်ကြီးက မားမားမတ်မတ်ကြံ့ခိုင်ပြီးတော့ အသီးအပွင့်တွေ ဝေဝေဆာဆာနဲ့ ရပ်တည်နေဖို့အတွက် အမြစ် တွေကနေ သစ်ပင်ရဲ့ လိုအပ်တဲ့ရေ၊ အာဟာရတွေနဲ့ သစ်ပင်ကြီးလဲမသွားအောင်လို့ အတတ်နိုင်ဆုံးထောက်ပံ့ပေးရသလိုပဲ မဟုတ်ပါ လားရှင်။ ဒါဆိုရင်မြေးမြစ်တွေက အဖိုးအဖွားတွေ…
အိမ်ထောင်တစ်ခုမှာဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာနဲ့ ချည်နှောင်ထားတဲ့ ချစ်သူစုံတွဲတွေမှာဘဲဖြစ်ဖြစ် တချို့လည်း မကြာခဏ တချို့လည်း အချိန်အတော်ကြာမှာ ရန်ဖြစ်ကြတာဟာ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူးနော်။ ငြင်းကြ၊ ခုန်ကြတာ စကားနိုင် လုကြတာကြတာ၊ ရန်ဖြစ်ကြတာတွေဟာ တစ်ဦးနှင့်တစ်ဦး ချစ်တာ ခင်တာတွေ ရင်းနှီးတာတွေကို ပျက်ပြားစေနိုင်သလို စိတ်သောက တွေကိုလည်းရောက်စေနိုင်ပါတယ်။ ဒေါသအလွန်အမင်းထွက်တဲ့အတွက် တချို့စုံတွဲတွေဆိုရင် Relationship တွေ အဆုံးသတ်သွားတာ တွေရှိနေပါတယ်။ စကားများရန်ဖြစ်ကြရင် ဆင်ခြင်သင့်တာလေးတွေရှိပါတယ် အခုခေတ်စကားနဲ့ဆိုရင် အစာမကြေတော့လို့ စကားများ ရန်ဖြစ်ရင် အမှန်တကယ်ရန်ဖြစ်တဲ့အကြောင်းရင်းကနေ သွေဖယ်သွားပီးတော့ တခြားအကြောင်းအရာတွေနဲ့ အဆုံးသတ်သွားတာတွေ များပါတယ်။…
ဒီနေ့ သီရိဂေဟာကဏ္ဍမှာတော့ မိဘမေတ္တာ ငတ်နေတဲ့ကလေးများဆိုတဲ့အကြောင်းကို ဝေမျှပေးချင်ပါတယ်။ သောတရှင်များရှင် မိဘနှစ်ပါးစလုံးမဲ့နေတဲ့ကလေးတွေ၊ မိခင်မဲ့နေတဲ့ကလေးတွေ၊ ဖခင်မဲ့တဲ့ကလေးတွေ၊ ဒုနဲ့ဒေးရှိ နေပါပြီ။ ဒီတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ မေတ္တာငတ်တာကတော့ မဆန်းသလိုဖြစ်လာပါပြီ။ အခုကမ္ဘာကြီးကလည်း တိုးတက်နေ တော့ ဇနီးမယားတွေက လင်ယောကျ်ားနဲ့အပြိုင် အပြင်ထွက်ပြီးတော့ အလုပ်လုပ်လာကြတဲ့အခါမှာ သားသမီးတွေနဲ့ မိဘတွေ့ရတဲ့ အချိန်ကနည်းလာပါတယ်။ နေ့တိုင်းတွေ့ရတာဆိုရင်တော့ တွေ့ယုံသက်သက်တော်ပါသေးရဲ့ရှင်။ တစ်ချို့ကျတော့လည်း ရွှေ့ပြောင်း လုပ်သားအဖြစ်နဲ့ နိုင်ငံရပ်ခြားကို မလုပ်သွားပြီးတော့ လုပ်နေကြရတဲ့သူတွေပါ။ သားသမီးတွေကို အဖိုးအဖွား၊ အဒေါ်၊ ဦးလေးတွေနဲ့ ထားရစ်ခဲ့တယ်။ တစ်ချို့လည်း…