
မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်မှာ ကောင်းသော သိုးထိန်းသီလရှင်များအသင်းဂိုဏ်းမှ စစ္စတာရ် ဧလိဇဘတ်ရဲ့ ” A First Aid Guide on Suicide Prevention (မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်) ဆိုတဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ****** ကိုယ့်မိသားစုထဲမှာ ကိုယ့်သူငယ်ချင်းတွေထဲမှာ ဒီဗီဒီယိုထဲကလို လက္ခဏာလေးတွေကိုတွေ့နေရပြီဆိုရင် သူတို့ကို အားပေးနှစ်သိမ့်ပေးပါ။အမြဲဆက်သွယ်ပေးနေကြပါလို့လည်း အကြံပြုချင်ပါတယ်။ တကယ်လို့ ကိုယ်တိုင်က ဒီလိုစိတ်ဝေဒနာတွေကို ခံစားနေရတယ်ဆိုရင်လဲ စိတ်ကျန်းမာရေးအကူအညီပေးနေတဲ့နေရာတွေကို ဆက်သွယ်ပါ။ ကောင်းသောသိုးထိန်းသီလရှင်တွေဆီမှာလည်း စိတ်ကျန်းမာရေးအကူအညီရယူလို့ရပါတယ်။…









