rvamyanmar

rvamyanmar

ကနဦး အသင်းတော်၏ သာသနာလုံးဆိုင်ရာ အစည်းအဝေးကြီး ၄ ခု

ကနဦး အသင်းတော်၏ သာသနာလုံးဆိုင်ရာ အစည်းအဝေးကြီး ၄ ခု First Four Ecumenical Councils ကက်သလစ် အသင်းတော် သမိုင်း အတွဲ ၁၊ အခန်း ၁၂-က အလွန် မြင့်မြတ်သော၊ ပညာရှိသော၊ သူတော်စင် ပုဂ္ဂိုလ်များသည် ကက်သလစ် ယုံကြည်ခြင်းကို ခုခံကာကွယ်ရန် ရှေ့ထွက် ဆောင်ရွက်လာကြသည်။ ထိုပုဂ္ဂိုလ်များသည် အသင်းတော်ကို ကာကွယ်ရာ၌ ရေးသားထုတ်ပြန်ချက်များဖြင့်သာ မဟုတ်ပဲ အသင်းတော် ကောင်စီ အစည်းအဝေးများ စုဝေးဆွေးနွေးခြင်းဖြင့် ဆောင်ရွက်ခဲ့သည်။ (က) နိုင်ဆီးယား သာသနာလုံးဆိုင်ရာ…

ဖာသာရ် Aloysius နေမျိုးဆွေ ခရစ္စမတ်အချိန်ကာလ ဗုဒ္ဓဟူးနေ့ ဩဝါဒ ဒီဇင်ဘာလ ၂၉ ၊ ၂၀၂၁

မေတ္တာတရား

အားလုံးပဲမင်္ဂလာပါရှင် အာဗီအေမြန်မာဘာသာအစီအစဥ်ကနေတဖန်ကြိုဆိုပါတယ်။အပတ်စဥ်တိုင်တင်ဆက်ပေးနေတဲ့အစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ဒီတစ်ကတ်ကျွန်မတင်ဆက်ပေးမဲ့အကြောင်းအရာလေးက တော့ “မေတ္တာတရား “ ဆိုတာ‌ခေါင်းစဥ်လေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။       မိတ်ဆွေသော်တရှင်များ- မေတ္တာဆိုတာဘာလဲလိုမေးလိုက်ရင်ချစ်တာပဲလိုဖြေမိမှာသေချာပါတယ်။ဘာဖြစ်လိုလဲဆိုတော့ချစ် ခြင်းမေတ္တာဆိုပြီတွဲသုံးထားလိုဖြစ်ပါတယ်။ချစ်ခြင်းနဲ့မေတ္တာဟာလုံး၀မတူပါဘူး။ချစ်ခြင်းဟာလို ချင်တက်မက်တဲသဘောတရားပါပါတယ်။မေတ္တာဟာလိုချင်တက်မက်တဲ့သဘောမပါပါဘူး။ဖြူဖြူစင်စင်ရိုးရိုးသားသားလေးပေါ့။မေတ္တာဟာအချစ်ထက်ပိုပြီးအေးချမ်းပါတယ်။မေတ္တာတရားဟာ ပြန်ရမယ်ဆိုတဲ့ဘာမျှော်လင့်ချက်မှမထားပါ။ဒါကြောင့်မိတ်ဆွေများရှင်ဘာမျှော်လင့်ချက်မထားပဲမေတ္တာနဲ့ဆက်ဆံရင်သူရောကိုယ်ရောငြိမ်းချမ်းမှုရရှိပါတယ်နော်။                        သော်တရှင်မိတ်ဆွေများရှင်-လီယိုတော်စတိုုင်းကဘာပြောလဲဆိုတော့ လောကမှာမိဘမရှိရင်လည်းအသက်ရှင်နိုင်တယ်၊စားစရာ၀တ်စရာမရှိလည်းအသက်ရှင်နိုင်တယ်။မေတ္တာမရှိရင်တော့အသက်မရှင်နိုင်ဘူးလိုပြောထားပါတယ်။လောကရဲ့သဘောတရားတစ်ခုကိုတင်ပြပေးပါမယ်။လိပ်မတွေဟာပင်လယ်ကမ်းစပ်ရှိသဲသောင်ပြင်မှဥများဥပြီးသဲနှင့်ပြန်ဖုံးအုပ်ထားလေ့ရှိကြပါတယ်။ပြီးတဲ့နောက်ပင်လယ်ထဲကိုပြန်ဆင်းသွားပါတယ်။ဒါပေမဲ့သူတို့ရဲ့ဥတွေအတွက်အမြဲမပြတ်မေတ္တာပို့သကြသတဲ့။လိပ်မသေဆုံးသွားလိုမိခင်သေဆုံးသွားလိုမိခင်ရဲ့မေတ္တာကိုမခံယူဘူးဆိုရင်အဲဒီလိပ်ဥတွေဟာပုတ်သွားကြပါတယ်။လိပ်ဥတေလးတွေအကောင်းမပေါက်နိုင်ဘူးလိုဆိုကြပါတယ်။ဒါကြောင့်မို့ လိပ်မကြီးရဲ့မေတ္တာဟာလိပ်ကလေးများပေါက်ဖွားဖို့ရန်အတွက်အလွန်အရေးပါပါတယ်။ဒီလိုပါပဲကြက်တွေ၊ဌက်တွေလည်းဥများဥပြီးသွားတဲ့အခါမှာမိခင်ကြက်မကြီးတွေ၊ဌက်မကြီးတွေကမိမိတို့ရဲ့ ဥများအပေါ်မှာ၀ပ်ပေးရပါတယ်။တနည်းအားဖြင့်(မေတ္တာတရား)အနွေးဓာတ်ပေးရပါတယ်။အနွေး ဓာတ်မေတ္တာတရားမပေးရင် ဥတွေလည်းပျက်စီးသွားတက်ပါတယ်။ ကျွန်မတို့လူသားတွေ[WU1]  လည်းအဲလိုပါပဲ။မေတ္တာတွေဟာ အမေ့ဆီကလာပြီးတော့ ၊ခွန်အားတွေကတော့ အဖေဆီကလာတာပါ။ဟုတ်တာပေါ့၊ကျွန်မတို့ဘ၀တွေမှာဖေနဲ့အမေမရှိရင်ကျွန်မတို့တတွေဟာလည်းလူတွေအလယ်မှာအပြုံမပျက်ရှင်သန်ဖို့အတော်ကိုခက်ခဲပါလိမ့်မယ်။        သော်တရှင်များရှင်  ဆားမပါတဲ့ဟင်းကအရသာမရှိသလို၊မေတ္တာမပါ၊မေတ္တာကင်းမဲ့တဲ့ဘ၀တွေဟာလည်းသာယာခိုင်မြဲနိုင် မှာမဟုတ်ပါဘူး။အဓိပ္ပါယ်မဲ့နေမှာဖြစ်ပါတယ်။မေတ္တာဆိုတာငါဆိုတဲ့အတ္တမရှိ၊အမုန်းတရားတွေ၊၀န်တိုမှုတွေမရှိ၊ခိုက်ရန်ဖြစ်ပွားခြင်းတွေနဲ့‌ေးသေး၊တကိုယ်ကောင်းလည်းမဆန်တက်ပါဘူး။သူတပါးအ တွက်ရက်ရက်ရောရောပေးကမ်းစွန့်ကြဲတက်တဲ့၊အနစ်နာခံတက်တယ်၊အများအကျိုးအတွက်လုပ် ဆောင်တက်တဲ့စိတ်ထားတွေ၊ကိုယ်ချင်းစာ၊သနားကရုဏစသည့်စိတ်ထားတွေဟာမေတ္တာတရားတွေပါပဲ။          သော်တရှင်များတို့ –   ဒီလောကလူသားတွေတချို့မှာ မေတ္တာတရားတွေများသောအားဖြင့်ကင်းမဲ့နေကြပါတယ်။(ခုလိုချိန်မှာပေါ့) လူသားတွေဟာအတ္တလက်နက်ကိုဆွဲကိုင်ပြီးမေတ္တာတရားကိုစိတ်ခေါ်နေကြတယ်။အဲ့ဒီအတ္တလက်နက်တွေကိုဘယ်လိုဖြေရှင်းကြမလဲ။ကျွန်မတို့တတွေသိကြတဲ့အိန္ဒိယနိုင်ငံခေါင်းဆောင်ဖြစ်တဲ့မဟဓမ္မာဂန္ဒီရဲ့မေတ္တာတရားအကြောင်းကိုအနည်းငယ်‌ေ၀ဌါပေးပါမယ်။ခွန်အားယူကြရအောင်ဖြစ်ပါတယ်။မဟဓမ္မာဂန္ဒီဟာခရီးသွားတိုင်းကားဌါးပြီးသွားတက်တဲ့အကျင့်ရှိတယ်။ရထားဆိုလည်းရိုးရိုးတန်းပဲစီးလေ့ရှိတယ်။တနေ့မှာအမှတ်မထင်အစည်းအေ၀◌းကြာသွားတဲ့အတွက်သူစီးမဲ့ရထားထွက်ဖို့အချိန်ဟာနည်းနည်းလေးပဲလိုတော့တယ်။သူဟာရထားကိုအချိန်မှီဖို့အတွက်ဘူတာကိုရောက်အောင်သွားခဲ့ပါတယ်။ဒါပေမဲ့သူလည်းဘူတာရောက်ရထားလည်းထွက်နေပြီ၊ရထားအမှီလိုက်သွားတယ်။သူဖိနပ်တဖက်ကျွတ်နေခဲ့တယ်။ဒါနဲ့ရထားပေါ်ရောက်သွားခဲ့တယ်။ရထားပေါ်ရောက်တော့နောက်တစ်ဖက်ချွတ်ထားခဲ့ပြန်တယ်။သူဘာကြောင့်ဒီလိုလုပ်ရတာလဲ? စဥ်းစားကြည့်ပါ။သူဟာနိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်တယ်။သူအနေတဲ့ရထားကိုရပ်ခိုင်းလိုရတယ်။သူမလုပ်ခဲ့ပါဘူး။သူပြောလိုက်တဲ့စကားကတော့(ပြည်သူတွေရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုသူအတွက်နဲ့ မနှောင်းနှေးစေချင်ဘူးလို့ပြောခဲ့ပါတယ်။)တကယ်ကိုအတုယူစရာ၊ခွန်အားရှိ/ရစရာစကားတွေပါ။ မဟဓမ္မာဂန္ဒီရဲ့လူသားတွေပေါ်မှာထားတဲ့မေတ္တာတရား(သို့)စာနာနားလည်ပေးခြင်းဖြစ်ပါတယ်။မဟဓမ္မာဂန္ဒီလိုစိတ်ထားတွေရှိရင် တော့…

ဖာသာရ် Aloysius နေမျိုးဆွေ ခရစ္စမတ်အချိန်ကာလ အင်္ဂါနေ့ ဩဝါဒ ဒီဇင်ဘာလ ၂၈ ၊ ၂၀၂၁

ဖာသာရ် Aloysius နေမျိုးဆွေ ခရစ္စမတ်အချိန်ကာလ  တနင်္လာနေ့ ဩဝါဒ ဒီဇင်ဘာလ ၂၇ ၊ ၂၀၂၁

ဖာသာရ် Aloysius နေမျိုးဆွေ ခရစ္စမတ်ကာလ သန်ရှင်သောအိမ်ထောင်စုပွဲ တနင်္ဂနွေးနေ့ ဩဝါဒ ဒီဇင်ဘာလ ၂၆ ၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် အာရ်ဝင်းတူးကာလ စတုတ္ထရက်သတ္တပတ် ကြာသပတေးနေ့ ဩဝါဒ ဒီဇင်ဘာလ ၂၃၊ ၂၀၂၁

ဖာသာရ် ပီတာကြည်မောင် အာရ်ဝင်းတူးကာလ စတုတ္ထရက်သတ္တပတ် ဗုဒ္ဓဟူးနေ့ ဩဝါဒ ဒီဇင်ဘာလ ၂၂ ၊ ၂၀၂၁

အကြောက်တရားများကို မေတ္တာစစ်နှင့်ကျော်လွှားခြင်း

အားလုံးပဲမင်္ဂလာပါ ရှင်      အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုလိုက်ပါတယ်။အပတ်စဥ်တိုင်းတင်ဆက်နေတဲ့သီရိဂေဟာအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ဒီတစ်ပတ်အတွက်ခေါင်းစဥ်လေးကတော့ “ အကြောက်တရားများကို မေတ္တာစစ်နှင့်ကျော်လွှားခြင်း “ဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။   သော်တရှင်များရှင်    လူတစ်ဦးဟာအချစ်တစ်ခုကိုမွေးဖွားခြင်း၊မေတ္တာတရားတစ်ခုကိုတည်ဆောက်လိုက်ပြီဆိုရင်၊ဘယ်အရာကိုမျှမကြောက်တက်ကြပါဘူး။ဥပမာအားဖြင့်ပြောရမယ်ဆိုရင်တစ်ဦးတစ်ယောက်ဟာနောက်လူတစ်ယောက်ကိုမေတ္တာစစ်နဲ့ချစ်မိခဲ့မယ်ဆိုရင်အနစ်နာခံရမှာ၊ကိုယ်ကျိုးစွန့်ရမှာ၊ပေးဆပ်ရမှာ၊အချိန်တွေအကုန်ခံရမှာအကြောက်ကြပါဘူး။အရာရာကိုပေးဆပ်နိုင်တဲ့သဘောမျိုးဖြစ်သွားတက်ကြပါတယ်။အရာရာကိုလည်းစွန့်လွတ်ရဲလာပါတယ်။ဒါအပြင်အရာရာကိုလည်းအနစ်နာခံရဲ၊အရာရာကိုလည်းပေးဆပ်ရဲပါတယ်။ကိုယ်ကျိုးစွန့်ဖို့၊ဒုက္ခခံရမှာကိုလည်းမကြောက်တက်တော့ပါဘူး။       သော်တရှင်များတို့  – ဥပမာအနေနဲ့မေတ္တာစစ်နဲ့ချစ်ခဲ့ကြသူများအကြောင်းကိုေ၀ဌါပေးချင်ပါတယ်။မေတ္တာစစ်နဲ့ချစ်ခဲ့ကြသူတွေထံမှာအဌမမြောက်အက်ဒွက်ဘုရင်ဟာထိပ်ဆုံးကတစ်ဦးဖြစ်ပါတယ်။ကမ္ဘာသမိုင်းမှာနန်းစွန့်ဘုရင်ရယ်လို့စွယ်စုံကျမ်းတွေမှာဖော်ပြခံရတဲ့ဘုရင်တစ်ပါးပါ။အက်ဒွက်ဘုရင်ဟာသာမန်အရပ်သူမုဆိုးမလေးမစ္စစ်ဆင်ပဆင်ကိုမေတ္တာစစ်နဲ့ချစ်ခဲ့မိပါတယ်။အက်ဒွက်ဘုရင်ဟာဆိုရင်ဥရောပတိုက်၊အင်္ဂလန်နိုင်ငံကဖြစ်ပါတယ်။ထိုအချိန်ကာလမှာဥရောပတိုက်၊အင်္ဂလန်နိုင်ငံရဲ့ဥပဒေအရတကယ်ဆိုရင်မင်းမျိုးမင်းနွယ်တွေဖြစ်တဲ့မက်မျိုးမင်းနွယ်တွေဟာသာမန်အရပ်သားတွေနဲ့ရောရောနှောနှောမနေရတဲ့အပြင်၊လက်ထပ်ပိုင်ခွင့်လည်းမရှိပါဘူး။ဒါတွေမကသေးဘူးသာမန်အရပ်သူတွေကိုလက်ထပ်မယ်ဆိုရင်သူတို့ရဲ့ထီးနန်းကိုစွန့်ရပါတယ်။ဒါပြင်မဲ့အဌမမြောက်အက်ဒွက်ဘုရင်ဟာတနေ့တော့ရွေးချယ်မှုနှစ်ခုထဲကတစ်ခုကိုရွေးချယ်ရတော့မယ်အချိန်ရောက်လာပါတော့တယ်။ထီးနန်းနဲ့ချစ်သူဘယ်သူကိုရွေးချယ်မလဲ။ဘုရင်ကထီးနန်းနဲ့ချစ်ကိုကိုရွေးချယ်ရာမှာမိမိမေတ္တာစစ်နဲ့ချစ်တဲ့သူကိုသာရွေးချယ်ခဲ့ပါတယ်။ဘုရင်အက်ဒွက်ဟာမိမိရဲ့ထီးနန်းကို(၁၉၃၆)ဒီဇင်ဘာလ(၁၀)ရက်နေ့မှာထီးနန်းကိုစွန့်နိုင်ခဲ့ပါတယ်။ဘာကြောင့်လည်းဆိုတော့မေတ္တာစစ်ကသူကိုအနိုင်ယူသွားလိုဘဲဖြစ်ပါတယ်။ဘုရင်ဟာတန်ခိုးဩဇာကြီးသူ၊စည်းစိမ်ချမ်းသာပြည့်၀တဲ့ဘုရင်ကြီးဟာမိမိရဲ့ထီးနန်းကိုစွန့်ရလောက်အောင်မေတ္တာစစ်မရှိရင်မဖြစ်နိုင်ပါဘူးလို့ပြောခဲ့ပါတယ်။ဘုရင်ကြီးရဲ့စွန့်လွှတ်မှုမေတ္တာတရားဟာသမိုင်း၀င်ဖြစ်လာခဲ့ပါတယ်။အဌမမြောက်အက်ဒွက်ဘုရင်ကဲ့သို့မိမိတို့ရဲ့ချစ်သူအတွက်စွန့်လွှတ်ရဲ့တဲ့မေတ္တာမျိုးကိုမွေးမြူးကြရအောင်။အဓိကကတော့မေတ္တာစစ်ကြောင့်ဘုရင်ကြီးဟာအရာရာကိုစွန့်လွှတ်နိုင်သူ၊မိမိကိုယ့်ကျိုးကိုစွန့်သူ၊ဒုက္ခခံရှာကိုမကြောက်တဲ့ဘုရင်ကြီးဖြစ်ပါတယ်။ဒါကြောင့်မေတ္တာတရားဟာအရမ်းကိုအရေးပါပါတယ်။အက်ဒွက်ဘုရင်ဟာမေတ္တာစစ်တရားကြောင့်အရာရာကိုစွန့်လွှတ်ခဲ့တဲ့သူဖြစ်တဲ့အပြင်၊အနစ်နာခံ၊ပေးဆပ်ခဲ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။သော်တရှင်မိတ်ဆွေတို့လည်းမေတ္တာစစ်စိတ်ထားလေးတွေရှိကြပြီးလား။ယခုတင်ဆက်ပေးတဲ့အကြာင်းအရာလေးဟာလည်း(သက်ဆုံးတိုင်နီလာရိုင်း)စာအုပ်ထဲကနေကိုးကားတင်ပြထားတာဖြစ်ပါတယ်။နားဆင်ကြည်ရှုအားပေးကြတဲ့သူတွေအားလုံးဘုရားရှင်ကောင်းကြီးပေးပါစေ။ခွန်းအားရစရာနှင့်ဗဟုသုတများရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။သော်တရှင်အပေါင်းတို့လည်းမေတ္တာစစ်၊မေတ္တာတရားတွေနဲ့ရှင်သန်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်။ကျွန်မကတော့ စစ္စတာရ်မေရီဒိမ် ပါရှင်။

ဖာသာရ် ပီတာကြည်မောင် အာရ်ဝင်းတူးကာလ စတုတ္ထရက်သတ္တပတ် အင်္ဂါနေ့ ဩဝါဒ ဒီဇင်ဘာလ ၂၁ ၊ ၂၀၂၁