rvamyanmar

rvamyanmar

ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၃၂) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၇၊ ၁၁၊ ၂၀၂၂

နိုဝင်ဘာလ (၇) ရက် (တနင်္လာနေ့) ဒီယနေ့ဖတ်ရှုကြားနာရတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ ယေဇူးခရစ်တော်ဘုရားရှင်က မကောင်းလမ်းပြတဲ့ သူဟာ ကြိတ်ဆုံကျောက်ကို လည်ပင်းမှာဆွဲပြီး ပင်လယ်ထဲမှာ ပစ်ချခံလိုက်တာက ပိုကောင်းဦးမယ်လို့ မိန့်တော်မူပါ တယ်။ အင်္ဂလိပ်လိုဆိုရင်မကောင်းလမ်းပြခြင်းကို Scandal လို့ ပြောတယ်။ အဓိပ္ပါယ်ကသူများကိုအပြစ်ရောက် အောင် ဖြစ်စေတဲ့ မကောင်းလမ်းပြခြင်းလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ ဘယ်သူမှ ကိုယ့်အတွက်ကို ရှင်သန်ကြ တဲ့သူတစ်ယောက်မှမရှိပါဘူး။ ကိုယ့်ရဲ့ ရှင်သန် ခြင်းက သူတစ်ပါးကိုလည်း အနည်းနဲ့အများ ထိပါးသက်ရောက်မှုရှိ ပါတယ်။ ကိုယ်ကသာ ကိုယ် ဘယ်လိုနေလဲ ဆိုတာကို…

ဘဝကိုအဆုံးသတ်ပစ်ချင်တဲ့ အတွေးတွေ မရှိစေချင်ပါ

ဒီကနေ့အတွက် ဘဝကိုအဆုံးသတ်ပစ်ချင်တဲ့အတွေးတွေမရှိစေချင်ပါ ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကျွန်တော်တို့တွေရဲ့ စိတ်ဓာတ်သန်မာမှုဟာ တစ်ဦးနဲ့တစ်ဦး မတူကြဘူး။ အကောင်းမြင်စိတ် ပမာဏလည်း မတူကြပါဘူး။ အခက်အခဲတွေကို လက်ခံနိုင်တဲ့အင်အားတွေ မတူကြသလို ထွက်ပေါက်ရှာပုံ နည်းလမ်းတွေလည်း တူမှာ မဟုတ်ပါဘူး။တစ်ယောက်အတွက် ဘာမှမဟုတ်ဘူးဆိုတဲ့ ပြဿနာလေးဟာ တခြားတစ်ယောက်အတွက် ဘဝနဲ့ချီတဲ့ ပြဿနာကြီး ဖြစ်နေတတ်ပါတယ်။တစ်ယောက်အတွက် အလွယ်တကူကျော်လွှားနိုင်တဲ့ အခက်အခဲလေးဟာ တခြားတစ်ယောက်အတွက် ဧဝရတ်တောင်မက မြင့်တဲ့ အခက်အခဲကြီးမျိုး ဖြစ်နေတတ်ပါတယ်။တချို့က ၁၀ နှစ်လောက်အောင်မြင်လာတဲ့လုပ်ငန်းတစ်ခု ဒီနေ့ ရပ်တန့်သွားခဲ့သည့်တိုင် နောက်နေ့မှာ စိတ်သစ် လူသစ် ခွန်အားသစ်နဲ့ အစပြုနိုင်ပေမယ့် တချို့ကတော့…

ကွယ်လွန်သူတွေအတွက် ဆုတောင်းပေးခြင်းနှင့်မစ္ဆားတရားပူဇော်ပေးရခြင်း

ဒီကနေ့အတွက် ကွယ်လွန်သွားကြတဲ့ပုဂ္ဂိုလ်တွေရဲ့ဝိညာဥ်တွေအတွက် ဆုတောင်းပေးခြင်းနှင့်မစ္ဆားတရားပူဇော်ပေးရခြင်းရဲ့ အကြောင်းအရင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၃၁) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၃၁၊ ၁၀၊ ၂၀၂၂

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်တို့သာမန်ကာလာ (၃၁)ကြိမ်မြောက်တနင်္လာနေ့(ရှင်လုကာ ၁၄း၁၂-၁၄)   ယေဇူးဘုရားရှင်ရဲ့တရားတော်တွေကလူတွေကိုကောင်းကြီးမင်္ဂလာကျေးဇူးတွေခံစားရစေဖို့ပေးထာတာဖြစ်ပါ တယ်။ လူအတွေးအခေါ်တွေနဲ့တော့ကိုက်ညီမှာမဟုတ်ပါဘူးဒါကြောင့်ဘုရားသခင်ရဲ့ အတွေးအခေါ်အကြံအစည် ဟာလူတွေရဲ့အတွေးအခေါ်အကြံအစည်ထက်ပိုမြင့်မြတ်တယ်လို့ကျမ်းစာမှာဆိုထားပါတယ်။ ယနေ့ဖတ်တဲ့ကျမ်း စာမှာလည်းသင်တို့ဟာပွဲလမ်းလုပ်လို့ဧည့်ခံကျွေးမွေးတော့မယ်ဆိုရင်ဆင်ရဲ့သာတွေ၊ ဒုက္ခိတတွေ ကိုခေါ်ဖိတ်ပါ။ သူတို့မှာသင့်ကိုကျေးဇူးမဆပ်နိုင်ကြလို့သင်ဟာကောင်းကြီးမင်္လာခံစားရမယ်။ ဖြောင့်မတ်သောသူတို့သေရာမှာ ပြန်ရှင်တဲ့ကာလရောက်ရင်အကျိုးကျေးဇူးခံစာရလိပ်မယ်တဲ့။ လူတွေဟာပွဲလမ်းလုပ်လို့ဖိတ်ကြာရင်သူဠေးတွေ၊ ချမ်းသာသူတွေ၊ ကိုယ်ကို ကျေးဇူတုံပြန်နိုင်သူတွေကိုသာဖိတ်ကြားလေရှိကြတယ်။ ကိုယ်ကိုသူတိုကျေးဇူတုံပြန် ကြလိပ်မယ်ဆိုတဲ့မျှော်လင့်ချက်ထားကြတယ်။ သင်တို့မျှော်လင့်ရမှာကဘုရားသခင်ရဲ့ကောင်းကြီးမင်္လာ၊ နောက် ဝဘမှာထာဝရချမ်းသာပဲမျှော်လင့်ရပါမယ်။ ဒါကြောင့်ယေဇူးဘုရားရှင်ရဲ့တရားတော်တွေကလူအတွေးအခေါ်နဲ့ မကိုက်ညီပဲ့ဖြစ်နေပါစေသင်ဟာကောင်းကြီးမင်္လာခံစာခြင်ရင်ယေဇူးဘုရားရှင်ရဲ့တရားတော်တွေကိုလိုက်နာပါ။ အကြိမ်(၇၀ (၇)လီခွင့်လွတ်ရမယ်၊ ကိုယ်အပေါ်မကောင်းတဲ့သူတွေအဖို့မေတ္တာပိုရမယ်။ စတဲ့တရားတော်တွေ အားလုံးကသင်ကိုကောင်းကြီးမင်္လာရစေပါတယ်။ သင်ကကောင်းတာလုပ်ပြီးအပြစ်တင်အပြောခံရပါကဂုဏ် ယူပါသင်ခံစားရမည့်အကျိုးကျေးဇူးဟာကြီးမားပါလိပ်မယ်။ ဒါကြောင့် “သင်တို့သည်မဟုတ်မမှန်ပဲလျက်အပြစ် အမျိုးမျိုးတင်ခံရလျက်သင်တို့အသရေဖျက်ခံရသောအခါဝမ်းမြောက်ရွှင်မြူးကြလော့။ အကြောင်းမူကသင်တို့ ခံစာရမည့်အကျိုးကျေးဇူးသည်ကြီးမားလှပေ၏” လို့ယေဇူးဘုရားရှင်ကမိန်တော်မူထားပါတယ်။…