
ပင်လည်ထည်းရှိပလတ်စတစ်များအကြောင်း။
“ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်” မှ ပြန်လည်ကြိုဆိုပါတယ်။ ဒီကနေ့ ကျွန်တော် ပြောပြသွားမယ့် အကြောင်းအရာကတော့ ကျွန်ုပ်တို့ပင်လယ်ထဲမှာ ပလတ်စတစ်တွေဘာကြောင့်များနေရတာလဲ ပြီးတော့ အဲဒီပလတ်စတစ်တွေကဘယ်ကနေ ဘယ်လိုလုပ်ပီးတော့ ရောက်လာရတာလဲ။ ကျွန်တော်တို့ယနေ့ခေတ်မှာ ပင်လယ်ထဲက ပလတ်စတစ်ပြဿနာတွေက ကမ္ဘာကြီးအတွက် စိုးရိမ်စရာပေါင်းစုံ သဘာဝပတ်ဝန်းကျင်ပြဿနာတစ်ခုဖြစ်လာနေပါပြီ။ ပင်လယ်ထဲမှာ ပလတ်စတစ်အမှိုက်တွေကို ဘာကြောင့်ဒီလောက်များနေရတာလဲ၊ ဒီပလတ်စတစ်တွေကကော ဘယ်ကနေလာသလဲဆိုတာကို စဉ်းစားဖူးကြပါသလား။
ပလတ်စတစ်တွေဟာ လူသားတွေရဲ့ လူနေ့စဉ်ဘဝမှာ အသုံးများတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။ ရေသန့်ဗူးတွေ၊ စားသောက်ကုန်ထုပ်ပိုးမှုတွေ၊ ပလတ်စတစ်အိတ်တွေ၊ ပစ္စည်းတွေဝယ်တဲ့အခါ ကျွန်တော်တို့သုံးတဲ့ပစ္စည်းတွေက ပလတ်စတစ်နဲ့လုပ်ထားတာများပါတယ်။ ဒါပေမဲ့ အဲဒီပလပ်စတစ် တွေကို မှန်ကန်အောင်စွန့်ပစ်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့အဲလိုမှမဟုတ်ရင် ဒီပလတ်စတစ်တွေက ကျွန်တော်တို့ရဲ့မြစ်တွေ၊ ချောင်းတွေကနေပြီးတော့ ပင်လယ်ထဲကိုရောက်ရှိသွားပါတယ်။ ကျွန်တော်တို့ပင်လယ်ထဲမှာရှိတဲ့ပလတ်စတစ်တွေကို အရင်နှစ်တွေနဲ့ယှဉ်လိုက်ရင် ယခုနှစ်ပလတ်စတစ်ပြဿနာတွေက ပိုပြီးတော့ဆိုးလာပါတယ်။ လွန်ခဲ့တဲ့ (၁၀)နှစ်နဲ့ယှဉ်လိုက်မယ်ဆိုရင် ပင်လယ်ထဲမှာပလတ်စတစ်ပမာဏက သိသိသာသာများလာပါတယ်။ ၂၀၂၀ ခုနှစ်မှာ သုတေသနတစ်ခုအရ ပင်လယ်ထဲကိုနှစ်စဉ်ပလတ်စတစ်အမှိုက်တန်ချိန် သန်း(၈) သန်းနီးပါးရောက်ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၅ခုနှစ်မှာဆိုရင် ဒီပမာဏဟာပိုမိုများပြားလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။ ဒါဟာကမ္ဘာ့လူဦးရေတိုးတက်လာပြီးတော့ စားသုံးသူထုပ်ပိုးမှုတွေပိုပြီးတော့များပြားလာတာနဲ့ ပလတ်စတစ်ကိုစနစ်တကျစွန့်ပစ်မှုအားနည်းလာတာတွေကြောင့်ပဲဖြစ်ပါတယ်။
အဲဒီပလတ်စတစ်ပြဿနာက ကျွန်တော်တို့လူသားတွေအတွက်သာမက ပင်လယ်ထဲမှာရှိတဲ့သက်ရှိတွေကိုပါ ကြီးမားတဲ့အန္တရာယ်တွေကိုပါဖြစ်စေပါတယ်။ ကျွန်တော်တို့ပင်လယ်ထဲမှာရှိတဲ့ ပင်လယ်လိပ်တွေ၊ ငါးတွေ၊ ဝေလငါးတွေ အစရှိတဲ့ပင်လယ်သတ္တဝါတွေက ဒီပလတ်စတစ်တွေကို သူတို့အစာအဖြစ် သတ်မှတ်ပြီးတော့စားမိတတ်ကြပါတယ်။ အဲလိုပလတ်စတစ်တွေကိုစားခြင်းကြောင့် သူတို့ရဲ့အသက်အန္တရာယ်ကိုလည်းထိခိုက်စေပါတယ်။ ကျွန်တော်တို့ဒီပလတ်စတစ်တွေက ပင်လယ်ရေထုကိုညစ်ညမ်းစေပြီးတော့ ကျွန်တော်တို့ရေနေသက်ရှိဂေဟစနစ်ကိုလည်းဖျက်ဆီးနေပါတယ်။ ဒါ့အပြင် ပလတ်စတစ်တွေဟာ သေးငယ်တဲ့ Micro (မိုက်ခရို) ပလတ်စတစ်တွေအဖြစ်ပြိုကွဲပြီး ကျွန်တော်တို့ဒီငါးတွေရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီးတော့ နောက်ဆုံးမှာကျွန်ုပ်တို့လူသားတွေရဲ့ အစားအစာထဲပါရောက်ရှိလာနိုင်ပါတယ်။
ကျွန်တော်တို့အဲလိုပြဿနာတွေကိုဖြေရှင်းဖို့အတွက် ကျွန်တော်တို့တစ်ယောက်ချင်းစီက ပလတ်စတစ်သုံးစွဲမှုကိုလျှော့ချရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပလတ်စတစ်ကိုသုံးပြီးရင်လည်း ကျွန်တော်တို့ ပလတ်စတစ်အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့လိုအပ်ပါတယ်။ ဒီလိုမှသာကျွန်တော်တို့ပင်လယ်ထဲမှာ ပလတ်စတစ်တွေကိုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ပင်လယ်ဟာကျွန်တော်တို့ကမ္ဘာကြီးရဲ့ အသက်သွေးကျောတစ်ခုဖြစ်ပါတယ်။ ပင်လယ်ကိုသန့်ရှင်းအောင်ထားဖို့က ကျွန်တော်တို့တစ်ယောက်ချင်းစီရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့ကစပြီး ကျွန်တော်တို့ပလတ်စတစ်သုံးစွဲမှုကိုလျှော့ချပြီး ပလတ်စတစ်ကို စနစ်တကျ စွန့်ပစ်ကြပါစို့။ ပင်လယ်ကိုကယ်တင်ဖို့ဆိုတာ ကျွန်တော်တို့ကမ္ဘာကြီးကိုကယ်တင်ဖို့နဲ့တူတူပါပဲ။ ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားခွင့်ပြုပါ။ အကျွန်ုပ်အစီအစဉ်တင်ဆက်သူ Steven Kyaw Lin Htike ပဲဖြစ်ပါတယ် ။
Edited & Presented by Steven Htike
#rvamyanmar #environmental


