
ပုပ်ရဟန်းမင်းကြီး လီယို ကိုလံဘီယာသမ္မတနိုင်ငံ သမ္မတနှင့် တွေ့ဆုံ။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ကိုလံဘီယာသမ္မတနိုင်ငံ သမ္မတ ဂျီအိုဗာနီ ဂူစတာဗို ပီထရို ဥရီဂို အား ကြာသပတေးနေ့က ဗာတီကန်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထို့နောက် သမ္မတသည် ဗာတီကန်၏ နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီယေထရို ပါရိုလင်၊ နိုင်ငံတော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဆက်ဆံရေးကဏ္ဍ၏ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအတွင်း ရေးမှူး မွန်ဆီညော် ဒန်နီရယ် ပါချို တို့နှင့် နိုင်ငံတော်အတွင်းရေးမှူးရုံးတွင် ဆက်လက်ဆွေးနွေးခဲ့သည်။
ဗာတီကန် သတင်းပြန်ကြားရေးရုံးမှ ထုတ်ပြန်ချက်အရ နိုင်ငံတော်အတွင်းရေးမှူးရုံးတွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုများသည် “ရင်းနှီးပွင့်လင်းမှု” ရှိခဲ့ပြီး၊ ဗာတီကန်နှင့် ကိုလံဘီယာနိုင်ငံတို့အကြား ကောင်းမွန် သော ဆက်ဆံရေးအပေါ် စိတ်ကျေနပ်မှုရှိကြောင်း ဖော်ပြခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲများသည် “ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေးနှင့် အမျိုးသားစည်းလုံးညီ ညွတ် ရေးတို့ကို မြှင့်တင်ရာတွင် အသင်းတော်နှင့် နိုင်ငံတော်အကြား ကောင်းမွန်ပြီး စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်မှု” ဖြင့် ထူးခြားထင်ရှားခဲ့ကြောင်း ဗာတီကန် သတင်းပြန်ကြားရေးရုံးက မှတ်ချက်ပြု ထား သည်။
ထို့အပြင် ၎င်းတို့၏ ဆွေးနွေးမှုတွင် ကိုလံဘီယာနိုင်ငံနှင့် ဒေသတွင်းရှိ လူမှု-နိုင်ငံရေး အခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြပြီး၊ အထူးသဖြင့် ပဋိပက္ခများ၏ နောက်ဆက်တွဲ သက်ရောက်မှုများ၊ နိုင်ငံတ ကာ ရာဇဝတ်ဂိုဏ်းများနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကိစ္စရပ်များကို အလေးပေး ဆွေးနွေးခဲ့ ကြကြောင်း ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။
Fr. Peter Kyi Maung
Photo Credit: Vatican News
Website: rvamyanmar.org
https://www.youtube.com/@rvamyanmar8152
https://www.vaticannews.va/…/pope-leo-meets-with-the…
See less


