rvamyanmar

rvamyanmar

ကျမ်းချက်များဖြင့် သီကုံးထားသော မစ္ဆားတရား

ကျမ်းချက်များဖြင့် သီကုံးထားသော မစ္ဆားတရား             ကက်သလစ်လစ်ဘာသာတူများသည် ကျမ်းစာဖတ်အားနည်းသည်။ ကျမ်းစာမဖတ်ကြဟု ကက်သလစ်ဘာ တူများကိုယ်တိုင်သည်လည်းကောင်း၊ ကက်သလစ်သာသနာတော်ကြီးအား ရာစုအဆက်ဆက်ခလုတ်တိုက်လာခဲ့ကြ သောအသင်းအဖွဲ့များကလည်းကောင်း အမြှုပ်တစ်စီစီထွက်အောင် ပြောဆိုရေးသား တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ထိုသို့ပြောဆို ဝေဖန်တိုက်ခိုက်နေသောသူများအနေဖြင့် ကက်သလစ်သာသနာတော်ကြီး၏ ၀တ်ပြုခြင်း၌အထွတ်အမြတ်ထားသော မစ္ဆားတရားပူဇော်ခြင်းကို အစအဆုံးပါ၀င်ခဲ့ဖူးပါသလော။ ပါ၀င်ခဲ့သည်ဆိုပါက ထို၀တ်ပြုခြင်း၌ပါ၀င်သောအစီအစဉ်များကို အဘယ်သို့၊ အဘယ်ကရရှိခဲ့သနည်း။ မည်သည့်အကြောင်းအရာများပါ သည်ကိုလေ့လာမှတ်သား ခဲ့ဖူးသလားဟု လည်းမေးမြန်းရင်း၊ လေ့လာရန်ကိုလည်းအားပေးတိုက်တွန်းလိုက်ပါသည်။             မစ္ဆားတရား၀ိနည်းတော်သည် သမ္မာကျမ်းစာဖြင့် တိုက်ရိုက်ဖြစ်စေ၊ ဆီလျှော်အောင်ဖြစ်စေ သီကုံးတန်ဆာ ဆင်ထားခြင်းဖြစ်သည်။ မစ္ဆားတရားတစ်လျှောက်လုံး၏ ဆုတောင်းမေတ္တာများကိုအောက်ပါကျမ်းချက်များဖြင့်သီ…

အိမ်ထောင်တခုကို တည်ထောင်ကြတော့မယ်ဆိုတဲ့ ချစ်သူစုံတွဲတွေ ကြိုတင်တွေးတော ဆင်ခြင်နိုင်ဖို့

Before Married             ဒီနေ့မှာ အိမ်ထောင်မကျသေးခင် အိမ်ထောင်တခုကို တည်ထောင်ကြတော့မယ်ဆိုတဲ့ ချစ်သူစုံတွဲတွေ ကြိုတင်တွေးတော ဆင်ခြင်နိုင်ဖို့ ဗဟုသုတအနေနဲ့ sharing ပေးချင်ပါတယ်။             အိမ်ထောင်ပြုတော့မယ်ဆိုတာ ကလေးကစားစရာ မဟုတ်တဲ့အတွက် စပြီး လေးလေး နက်နက် စဉ်းစားရတော့မယ်။ နှစ်ဦးနှစ်ဖက် လေးလေးနက်နက် ပေါင်းဆက်ခြင်းဖြစ်တဲ့အတွက် ဒီပေါင်းဆက်ခြင်းမှာ ရင့်ကျက်ပြီး အသိပညာတွေနဲ့ ပြည့်စုံနေမှသာ အိမ်ထောင်စုပြုသင့်ပါတယ်။             အိမ်ထောင်ပြုတော့မယ့်သူနှစ်ယောက်တို့ဟာ တစိမ်းတွေလို ဖြစ်မနေပဲ သူငယ်ချင်းကောင်း တွေလို ဖြစ်နေမှသာ လိုက်ဖက်တဲ့ အံဝင်ဂွင်ကျရှိမဲ့ အိမ်ထောင်ရှင်တွေ ဖြစ်လာမှာပါ။…

ကမ္ဘာမှာ အုပ်ချူပ်မှုစနစ် သက်တမ်းအရှည်ဆုံးနဲ့ တည်မြဲဆုံးလို့ပြောရရင် ကက်သလစ်သာသနာတော်ရဲ့ ဖွဲ့စည်းမှုနဲ့ အုပ်ချူပ်မှု

ကမ္ဘာမှာ အုပ်ချူပ်မှုစနစ် သက်တမ်းအရှည်ဆုံးနဲ့ တည်မြဲဆုံးလို့ပြောရရင် ကက်သလစ်သာသနာတော်ရဲ့ ဖွဲ့စည်းမှုနဲ့ အုပ်ချူပ်မှုဖြစ်တယ်ဆိုတာ ကမ္ဘာ့သမိုင်းသက်သေအရမြင်တွေ့နိုင်ပါတယ် (နှစ်ပေါင်း ၂,၀၀၀ ကျော်)။ ကက်သလစ်သာသနာတော်ရဲ့ ဦးစီးဦးဆောင်မှုကို ခေတ်ကာလအလိုက် ပိုင်းခြားလေ့လာရပါတယ်။ ရှေးဟောင်းကာလ (Ancient World)၊ ရှေးဟောင်းနဲ့ အလယ်ခေတ်ကြားကာလ (Period between Ancient and Medieval Eras)၊ အလယ်ခေတ်ကာလ (The Medieval World)၊ ပြန်လည်ပြုပြင်မွမ်းမံခြင်းနဲ့ နှစ်ဆယ်ရာစုကြားကာလ(Period between the Reformation and 20th Century) နှစ်ဆယ်ရာစု နောက်ပိုင်းကာလ…

ဘုရားသခင်ကို ကျွန်ုပ်တို့ရှာဖွေသည့်အခါအမှန်တကယ်ကျွန်ုပ်တို့၏ရှေ့၌ရှိပါသလော။

ဘုရားသခင်ကို ကျွန်ုပ်တို့ရှာဖွေသည့်အခါအမှန်တကယ်ကျွန်ုပ်တို့၏ရှေ့၌ရှိပါသလော။ ‘ဘုရားသခင်ကို ကျွန်ုပ်တို့ရှာဖွေသည့်အခါ အမှန်တကယ်ကျွန်ုပ်တို့၏ရှေ့၌ရှိသလော။ သို့မဟုတ် ကျွန်ုပ်တို့၏ နောက်၌ရှိနေပါသလော’ ဟုဆွီစ်လူမျိုးဓမ္မတွေးခေါ်ပညာရှင် Hans Urs von Balthasar က ဘုရားသခင်နှင့်စပ်လျင်း၍ အလေးအနက်ထားတွေးတောရန်မေးခွန်းမေးလာပါသည်။ သာသနာပြုခြင်းနှင့်စပ်လျင်း၍ ဤမေးခွန်းကိုထုတ်လိုက် ခြင်းဖြစ်သည်။ ခရစ်ယာန်များအနေဖြင့် သာသနာတော်ကြီးကသွန်သင်ညွှန်ကြားသည့်အတိုင်း အဘယ်မျှ ပြည့်ပြည့် ၀၀ဖြည့်ဆည်းလုပ်ဆောင်လေ့ရှိသနည်း။ မိမိတို့တတ်စွမ်းသလောက်ကြိုးစား၍ ဧ၀ံဂေလိတရားကိုဟောကြားလေ့ရှိသနည်း။ ယနေ့ (အာဒ်၀င်တူးကာလပထမပတ် တနင်္ဂနွေနေ့ ) ဖတ်ကြားထောက်ရူသော သံလုကာ (၂၁း၅-၂၈, ၃၄-၃၆) ၌ ယေဇူးသခင်နှင့်သူ၏တပည့်တော်ကြီးများ၏ အမေးအဖြေကိုကြားရ သည်။ ယေဇူးသခင်က တပည်တော်ကြီး တို့အား…