စိန်ဒေါမိနစ်

သံဒေါမိနစ် (၁၁၇၀-၁၂၂၁) ဘုန်းတော်ကြီး ပရေဒီကာတောရွန်း အသင်းဂိုဏ်း (Ordo Praedicatorum)ကို တည်ထောင်ခဲ့ သော သံဒေါမိနစ်သည် ၁၁ရဝခုနှစ်တွင် စပိန်နိုင်ငံ ကာလရိုးဂါ (Calaroga)မြို ့တွင် မွေးဖွားခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက် အော်စမာ(Osma)မြို ့ကာသီဒရယ်၌ တာဝန်ချထားခြင်းခံခဲ့ရသည်။ ထိုနေရာ၌ သူသည်သံသြဂုတ်စတင်း (St.Augustine)၏ ဥပဒေများကို လိုက်ကျင့်ခဲ့သည်။ ၁၂၀၄ခုနှစ်တွင် ဒိန်းမတ် (Denmork)သို့သွားစဉ်တွင် လမ်း၌တောလောစ်မြို ့ (Taulous)မှ ဟိုတယ်ပိုင်ရှင်တစ်ဦးကို ပြောင်းလဲစေခဲ့သည်။ ထို့ကြောင့် ဒေါမိနစ်သည် တရားဟောခြင်းက သူ၏စိိတ်တက်ကြွမှုကို ဖြစ်စေသော အဓိကစွမ်းရည်ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။…