အသီးအပွင့်များစေ ဆားခါးဖျော်ရည်
နှင်းဆီပင်တွေဆိုလည်း ဆားခါးထည့်ပေး၊ ဖျန်းပေးမယ်ဆိုရင် အရွက်တွေ ကြီးထွားစေတယ်၊ ပန်းပွင့်များများ ပွင့်စေနိုင်ပါတယ်။အသီးအပွင့်များစေ ဆားခါးဖျော်ရည်ဆားခါးဆိုတာ မဂ္ဂနီဆီယမ် ဆာလဖိတ် ဓာတုဒြပ်ပေါင်းတမျိုးဖြစ်ပြီး အပင်အတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်နဲ့ ဆာလဖာလို့ခေါ်တဲ့ ကန့်ဓါတ်များ ပါဝင်ပါတယ်..။ မဂ္ဂနီဆီယမ်ဓာတ်ဟာ မျိုးစေ့အညှောက်ပေါက်ခြင်းဖြစ်စဉ်ကို ကူညီပေးခြင်း၊ အပင်ဆဲလ်များကို သန်စွမ်းစေခြင်း၊ အပင်အစာချက်လုပ်တဲ့နေရာ အဓိကလိုအပ်တဲ့ စိမ်းရောင်ခြယ်ပစ္စည်း ကလိုရိုဖီးလ်ကို ပိုထုတ်လုပ်ပေးခြင်း၊ အပင် ရဲ့ နိုက်ထရိုဂျင်နဲ့ ဖော့စဖရတ် (မီးစုန်းဓါတ်) တွေ စုပ်ယူခြင်းကို ကူညီပေးခြင်း၊ အပွင့်အသီးကို အားကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူများစွာ ဖြစ်စေပါတယ်။ ဆာလဖာ ဓာတ်ဟာလဲ…