rvamyanmar

rvamyanmar

ဖာရ်သာ Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ဝါတွင်းကာလတတိယ ‌‌သောကြာနေ့ ၁၃၊ ၃၊ ၂၀၂၆

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ယနေ့ ဧဝံဂေလိ ကျမ်းစာမှာ ကျမ်းတတ်ဆရာတစ်ဦးက ပညတ်တော်အားလုံးမှာ ဘယ်ပညတ်တော်က အကြီးမြတ်ဆုံးဖြစ်သလဲ ဆိုပြီး သခင်ခရစ်တော်ကို မေးလျှောက်ပါတယ်။ သခင်ခရစ်တော်က ရှင်းလင်းစွာပဲ ရွှေရောင်ပညတ်တော်ကို မိန့်ကြားပါတယ်။” သင်၏ အရှင်ဘုရားသခင်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ စိတ်အားရှိသမျှ ဥာဏ်အားရှိသမျှ ခွန်အားရှိသမျှ ချစ်လော့ ဆိုတာ နှင့် သင်နှင့်နီးစပ်သူကို လည်း သင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်လော့”ဆိုပြီး မိန့်ကြားထားပါတယ်။ကျမ်းတတ်ဆရာအနေနဲ့ ဂျုးဥပဒေ ၆၁၃ ခုကို နားလည် တတ်ကျွမ်းထားတဲ့ပုဂ္ဂိုလ်ကို အဓိက က ချစ်ခြင်းမေတ္တာပဲဆိုပြီး သခင်ခရစ်တော်က…

အားလုံးအတွက် နေရာရှိပြီး ငြိမ်းချမ်းရေးနှင့် ညီညွတ်ခြင်း၏ နိမိတ်လက္ခဏာဖြစ်သော သာသနာတော်

(ဘာသာတူများကို နှုတ်ဆက်နေသည့် ပုပ်ရဟန်းမင်းကြီး လီယို (@Vatican Media)                ကွဲပြားမှုများနှင့် တင်းမာမှုများ ပြည့်နှက်နေသော ကမ္ဘာကြီးတွင် သာသနာတော်သည် ခရစ်တော်အပေါ် ယုံကြည်ခြင်းနှင့် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာဖြင့် ဘာသာဝင်များကို စည်းလုံးစေကြောင်း၊ ထို့ကြောင့် လူသားအားလုံးထံသို့ ချဉ်းကပ်ကာ၊ ခရစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်သော ဘုရားသခင်၏ လူမျိုး တော်ဖြစ်ရန် သာသနာပြုတာဝန်ရှိကြောင်း မတ်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့က စိန့်ပီတာရင်ပြင်၌ ပြုလုပ် သော လူထုတွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က မိန့်ကြားခဲ့ပါသည်။ “လူသားအားလုံး၏ အရှင်သခင်နှင့်…

လက်ဘနွန်တွင် ပျံလွန်သွားသော ဘုန်းတော်ကြီးအတွက် ပုပ်ရဟန်းမင်းကြီး ဝမ်းနည်းကြေ ကွဲ ကြောင်း နှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း။

(Pope Leo XIV (@Vatican Media) ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း အသက်ဆုံးရှုံးခဲ့သည့် လက် ဘနွန် ဘုန်းတော်ကြီး ဖာသာရ် ပီယဲလ် အယ်လ်-ရာဟီ (Fr. Pierre El-Rahi) အတွက် ဝမ်းနည်း ကြေကွဲ ကြောင်း ဖော်ပြခဲ့ပြီး၊ လက်ဘနွန်ပြည်သူများနှင့်အတူ ထပ်တူရှိနေကြောင်းနှင့် စစ်ပွဲအတွင်း သေဆုံးခဲ့ရ သည့် အပြစ်မဲ့သားကောင်များအတွက် ဆုတောင်းပေးကြရန် ခရစ်ယာန်ဘာသာဝင်များကို တိုက်တွန်း ခဲ့သည်။ “အီရန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံး ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆုတောင်းကြပါစို့။…

စစ်ကြောင့် ဘုန်းတော်ကြီးတစ်ပါး နှင့် သေဆုံးရသူများအတွက် ပုပ်ရဟန်းမင်းကြီးလီယို (၁၄) မှ ဝမ်း နည်းစကားဆိုကာ ငြိမ်းချမ်းရေးအတွက် တိုက်တွန်းနှိုးဆော်ခြင်း။

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများစွာ သေဆုံးခဲ့ရသည့်အတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က တိုက်ခိုက်မှုများ ရပ်တန့်ရန် လှိုက် လှိုက် လှဲလှဲ မေတ္တာရပ်ခံခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီးသည် စစ်ကြောင့်သားကောင်ဖြစ်ခဲ့ရသူအားလုံး၊ အထူးသဖြင့် ကလေးငယ်များနှင့် အခြားသူများကို ကူညီရန် မိမိတို့၏အသက်ကို စွန့်စားခဲ့ကြသူများအတွက် “နက်နက်ရှိုင်းရှိုင်း ဝမ်း နည်းရကြောင်း” ဖော်ပြခဲ့သည်။ Fr. Pierre El-Rahi ၏ စွန့်လွှတ်အနစ်နာခံမှု – လက်ဘနွန်နိုင်ငံ၊ Qlayaa မြို့မှ အသက် ၅၀ အရွယ် Maronite…