
ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၉) ကြိမ်မြောက် စနေနေ့ သြဝါဒ ၁၃၊ ၈၊ ၂၀၂၂

၁၃ သြဂုတ် ၂၀၂၂ ကောင်းကင်နိုင်ငံတော်ကို ကလေးတွေနဲ့ ကလေးတွေကဲ့သို့သောလူတွေကသာ ဝင်ရောက်နိုင်တယ်လို့ ကိုယ်တော်က ရှင်းရှင်းလင်းလင်းမိန့်ဆိုထားတယ်။ ကလေးတွေက အပြစ်မရှိကြလို့ ဖြူစင်ကြလို့မဟုတ်ပါဘူး၊ ဆိုးသွမ်းတဲ့ကလေး တွေ၊ မဟုတ်တာတွေ အမျိုးမျိုးကိုလုပ်တတ်ကြတဲ့ကလေးတွေရှိပါတယ်။ ဒါပေမဲ့ ကလေးတွေက နှိမ့်ချတယ်၊ သွန်သင်ပေးလို့ရတယ်၊ စကားပြောရလွယ်တယ်။ အပြစ်မရှိတာထက် ရိုးရှင်းခြင်းကြောင့် ကလေးတွေက ကောင်း ကင်နိုင်ငံဝင်နိုင်တဲ့ လူအမျိုးအစားဖြစ်တာဖြစ်တယ်။ထာဝရဘုရားလက်ခံတော်မူတဲ့ နှလုံးစိတ်ထားမျိုးကို နော်ဝေလူမျိုးဓမ္မဗေဒပညာရှင် Ole Hallesby က စကားလုံးတစ်လုံးထဲနဲ့ အကောင်းဆုံးအနှစ်ချုပ်ဖေါ်ပြခဲ့ ပါတယ်။ အဲဒါကတော့ အကူအညီမဲ့နေတဲ့နှလုံးသား helplessness ဖြစ်ပါတယ်။ အကူအညီမဲ့နေသူသာ…








