
ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၀) ကြိမ်မြောက် စနေနေ့ သြဝါဒ ၂၀၊ ၈၊ ၂၀၂၂

သာမန်ကာလ(၂၀)ကြိမ်မြောက်စနေနေ့ ယေဇူးဘုရားရှင်မိန်တော်မူတာကကျမ်းတတ်ဆရာတို့နှင့် ဖါရီဇေဦးတို့သည်မိုးဇယ်၏တရားပလ္လင်ပေါ်မှာ နေရာယူထားကြလိုသူတို့ဟောပြောတာကိုလိုက်နာကျင်ကြံကြပါ။ ဒါပေမဲ့သူတို့ကျင့်သောအကျင့်ပုံစံ ကိုအတုမယူကြနဲ့လို့ မိန့်တော်မူပါတယ်။ ဒီလောက်သူတော်ကောင်းယောင်ဆောင်နေတဲ့ကျမ်းတတ်ဆရာ တွေ၊ ဖါရီဇေဦးတွေရဲ့ဟော ပြောချက်ကိုတောင်သခင်ရေဇူးကလိုက်နာကျင့်ကြံဖို့မိန့်တော်မူထားခဲ့သေးတာ ဘဲ။ ကျနော်တို့ကကာဒီနယ်တို့၊ ဆရာတော်တို့ရဲ့ဟောပြောသွန်သင်ချက်ကိုဘာကြောင့်မလိုက်နာမကျင့်ကြံပဲ နေရမှာလည်း။ ကောင်းတာကိုဟောပြောသွန်သင်တဲ့ဘယ်သူကိုမဆိုနားထောင်ရမှာပဲ။ ဒါဝိဒ်မင်းကသူမယား ကိုပြစ်မှာပြီးသူယောကျ်ားကိုသေကြောင်းကြံတဲ့အတွက်ကြောင့်ဒါဝိဒ်မင်းရေးခဲ့တဲ့ဆာလံကျမ်းကိုမဖတ်ပဲနေ ကြတော့မှာလားဗျာ။ ကျမ်းတက်ဆရာတွေ၊ ဖါရီဇေဦးတွေကသူတိုဟောပြောတာကိုသူတို့ ကိုယ်တိုင်ကမကျင့် ကြံ မနေထိုင်ကြတာကသူတိုအပြစ်။ “ကျနော်တိုကတော့အကောင်းမှန်သမျှကိုလက်ခံနာခံကြရမယ်”ဘာဆင်ခြေ မှပေးစရာမလိုပါဘူး။ ကိုယ်မျက်စီထဲမှာရှိတဲ့သစ်တုံးကြီးကိုတော့မမြင်ပဲနဲ့သူတပါးလာဆုံးမ မနေနဲ့လို့လည်းပြန် ပြောစရာမလိုဘူး။ ကိုယ့်ကိုယ်တိုင်ခြောက်ပြစ်ကင်းသဲလည်းစင်မှ၊ ကိုယ့်ကိုယ်တိုင်အပြစ်ကင်မှသူတပါးကိုဆုံးမ သွန်သင်ရမယ်ဆိုရင် သင့်ကိုဆုံးမသွန်နိုင်မယ်သူတစ်ယောက်မျှရှိမှာမဟုတ်တော့ဘူး။ ကျနော်တို့ဟာသံပေါလူးရဲ့ တရားနာပရိတ်သတ်လို့ဖြစ်ရမယ်။ တရားနာပရီတ်သတ်ကသံပေါလူးရဲ့စကားကိုသံပေါလူးစီကလာတဲ့စကားလို့မခံ ယူပဲဘုရားသခင်စီကလာတဲ့စကားလို့ခံယူကြတယ်။ ဒါကြောင့်လည်းပဲနှုတ်တော်ထွက်စကားကိုကြားနာပြီးပြောင်းလဲ ခဲ့ကြတာပေါ့။ ဘာသာသူအပေါင်းတို့လည်း…








