rvamyanmar

rvamyanmar

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၁) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၂၆၊ ၈၊ ၂၀၂၂

သာမန်ကာလ (၂၁)ကြိမ်မြောက်သောကြာနေ့   သတို့သမီးအရံဆယ်ဦးပုံဥပမာကိုယေဇူးဘုရားရှင်ကမိန်တော်မူထားပါတယ်။ မင်္ဂလာဆောင်ပွဲအခန်း အနားကို သတို့သားသတို့သမီးတို့နဲ့အတူဆီမီးခွက်များကိုကိုင်ဆောင်ပြီးစီတန်းဝင်ကြရပါမယ်။ ဒါပေမဲ့ သတို့သားလာမည် အချိန်ကကြန့်ကြာနေတတ်ပါတယ်။ ဒါကြောင့်ပညာသတိရှိတဲ့သတိုသမီးအရံ (၅)ယောက်ကသူတိုဆီမီးခွက်အတွက်ဆီကိုဗူးနဲ့အပိုထည့်ယူလာခဲကြပေမဲ့ကျန်(၅)ယောက်ကတော့ နမောနမဲ့နဲ့ဆီကိုအပိုယူမလာခဲ့ကြဘူး။ သတို့သားရောက်လာတဲ့အချိန်ကျတော့ဆီအပိုယူမလာခဲကြ တဲ့သတို့သမီးအရံ (၅)ယောက်ကဆီဝယ်သွာနေချိန် မှာပဲအဆင်သင့်ရှိနေတဲ့ပညာသတိရှိသတို့သမီး အရံ (၅)ယောက်နဲ့မင်္ဂလာဆောင်ပွဲအခမ်းအနားကိုတန်းစီဝင်သွားကြပါတယ်။ ယေဇူးဘုရားရှင်ကလူ တွေကိုကောင်းကင်ဘုံသို့ခေါ်ဆောင်သွားဖို့ကြွလာတဲ့အခါကျနော်တို့လည်းအဆင်သင့်ရှိနေရပါမယ်။ ပညာသတိမရှိတဲ့သတို့သမီးအရံ (၅)ယောက်ကဆီကိုချေးငှါးဖို့၊ သွားဝယ်ဖို့နောက်ကျသွားပါပြီ။ လူတိုင်းလူတိုင်းကကိုယ်ဝိညဉ်ရေးအတွက်ကိုယ်မှာတာဝန်ရှိပါတယ်။ ကိုယ်ဝိညာဉ်ရေးပြင်ဆင်ဖို့ဟာ ကဝယ်လို့လည်းမရဘူး၊ ချေးလို့လည်းမရပါဘူး။ ကိုယ့်ကိုယ်တိုင်လုပ်ရမယ်ပြင်ဆင်မှဖြစ်မှာပါ။ ကိုယ်နဲ့ဘုရားနဲ့ဆက်ဆံရေးဟာကိုယ်မူပိုင်ပါဘဲဘယ်သူကမျှကိုယ်အတွက်လုပ်ပေးလို့မရတဲ့ဆက် ဆံရေးပါ။ ကိုယ်ဝိညာဉ်ရေးဆိုတဲ့ဘုရားနဲ့ဆက်ဆံရေးဟာဘယ်လောက်ခရီးပေါက်နေပြီလည်း။ အဲ့ဒီဘုရားကိုသင်ကချစ်သလိုဘုရားရဲ့တရားတော်တွေကိုသင်ကြိုတ်နှစ်သက်သလိုဘယ်လိုကျင့် ကြံနေပြီလည်း။ ခွင့်လွတ်တတ်ပြီလား၊ စိတ်ရှည်တတ်ပြီလား၊ နူညံ့သိမ်မွေ့ပြီလား၊ စိတ်နှိမ်ချပြီ လားနေ့တိုင်းဆုတောင်းခြင်းဖြင့်ဘုရားနဲ့စကားပြောဆက်ဆံတဲ့သူဟာဘုရားကဖြစ်စေချင်တဲ့အ တိုင်းနေထိုင်ချင်တဲ့ဆန္ဒရှိတယ်။တနေ့တခြားဘုရားရဲ့တရားကိုနှစ်သက်လာပြီးပြောင်းလဲလာတတ်…

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) သာမန်ကာလ (၂၁) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၂၅၊ ၈၊ ၂၀၂၂

သာမန်ကာလ (၂၁)မြောက် ကြာသပတေးနေ့ ရှင်မာတေဦး ၂၄း၄၂-၅၁ သစ္စာရှိတဲ့အစေခံနဲ့သစ္စာမရှိတဲ့အစေခံအကြောင်းကိုယေဇူးဘုရားရှင်ကမိန်တော်မူထားပါတယ်။ ကျတော်တို့လူ တွေတောင်သစ္စာရှိတဲ့အစေခံနဲ့သစ္စာမရှိတဲ့အစေခံဆိုပြီးခဲခြားတက်ပါတယ်။ ဟန်ဆောင်ပြီးလုပ်တဲ့အလုပ်သမားနဲ့စေတနာအပြည့်နဲ့စိတ်ကောင်းနှလုံးကောင်းနဲ့လုပ်တဲ့အလုပ် သမားဆိုပြီး ခွဲခြားတက်ပါတယ်။ လူ့အတွင်းစိတ်ကိုသိမြင်တော်မူတဲ့ဘုရားဆိုပိုပြီးခွဲခြားတက် မှာပေါ့။ သစ္စာရှိတဲ့အစေခံက ကိုယ်အလုပ်ရှင်၊ အိမ်ရှင်ရှိရှိ၊ မရှိရှိသူကတော့တစ်အိမ်လုံးအတွက် အကောင်းဆုံစီမံထားပြီး ဝိရိယရှိရှိလုပ်ပေးနေပါလိပ်မယ်။ ဘယ်အချိန်ပဲကြည်ကြည့်သူကတော့ ဖောက်လွဲ့ဖောက်ပြန်လုပ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့သူစိတ်ထားကအရင်းခံကို ကကောင်းချင်တယ်။ သခင်အလိုတော်ကိုလိုက်နာကျင့်ကြံချင်စိတ်ရှိပြီးသာမို့ပါ။ သစ္စာမရှိတဲ့အစေ ခံကတော့သခင်ကွယ်ရာမှာ သခင်အကြိုက်ထက်ကိုယ်အကြိုက်ကိုပဲလုပ်မယ်။ သခင်အလိုတော်ကိုဂရု ကိုမစိုက်တာ။ အဲဒါသစ္စာမရှိတဲ့ အစေခံရဲ့စိတ်ထားရင်းပဲ။ လူတွေရှေ့မှာဘုရားရဲ့အလိုတော်ကိုလိုက်နာ ကျင့်ကြံနေသလိုလိုနဲ့စိတ်ထားရင်းကယုတ်မာကောက်ကျစ်နေတာကိုဘုရားသခင်ကသိမြင်တော်မူပါ တယ်။ စိတ်ထားအရင်းခံကောင်းနေတဲ့လူလည်းတခါတရံမှာဘုရားမကြိုတ်တာ လုပ်မိတတ်ပါတယ်။ ဒါဟာတမင်သက်သက်ဘုရားကိုထိခိုက်စော်ကားချင်လိုမဟုတ်ပါဘူး။ ယုတ်မာချင်လိုမဟုတ်ပါဘူး။ လူသားဆံဆံ အားနည်းလိုတခါတရံမှားမိတာပါ။…

အတွေးမလွန်စေချင်ပါ

ဒီကနေ့အတွက် အတွေးမလွန်စေချင်ပါဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အကြောင်းအရာတစ်ခုကို မကောင်းတဲ့ဘက်ကနေ ထပ်ခါထပ်ခါ တွေးနေတာကို အတွေးလွန်တယ်လို့ ခေါ်ပါတယ်။ဖြစ်ပြီးသားကိစ္စကနေ မရုန်းထွက်နိုင်ဘဲ အတွေးလွန်နေခြင်းနဲ့ မဖြစ်ရသေးတဲ့ကိစ္စကို ကြိုတင်စိုးရိမ်ပူပန်ပြီး အတွေးလွန်နေခြင်းဆိုပြီး အတွေးလွန်တဲ့ပုံစံ နှစ်မျိုးရှိပါတယ်။အတွေးလွန်ခြင်းမှာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးပါ။1. စိတ်ဖိစီးမှု အလွန်အမင်း မြင့်တက်လာမယ်။2. မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာမယ်။3. မှတ်ဉာဏ်မကောင်းတော့ဘဲ မေ့လျော့လာမယ်။4. အားငယ်စိတ်တွေ ပိုများလာမယ်။ 5. ကိစ္စတိုင်းကို မကောင်းတဲ့ဘက်ကချည်း စဉ်းစားလာမယ်။6. အရာရာကို လွယ်လွယ်ကူကူ အရှုံးပေးလာမယ်။7. အိပ်ပျော်ဖို့ ခက်ခဲလာမယ်။8. အစာစားလိုစိတ် ပျောက်ဆုံးလာမယ်။9. နှလုံးရောဂါ ရလာမယ်။10. စိတ်ရော…

အရှင်လတ်လတ် အရေခွံခွာခံရပြီး ဓမ္မအာဇာနည်ဖြစ်ခဲ့သူ ယေဇူးသခင်၏ တပည့်တော်ကြီး စိန့် ဘာသိုလိုမယ်

အရှင်လတ်လတ် အရေခွံခွာခံရပြီး ဓမ္မအာဇာနည်ဖြစ်ခဲ့သူ ယေဇူးသခင်၏ တပည့်တော်ကြီး စိန့် ဘာသိုလိုမယ် တပည့်တော်ကြီး ဘာသိုလိုမယ်က ယေဇူးသခင်ရဲ့ နောက်လိုက် တပည့်တော်ကြီး ၁၂ ပါးမှာ ပါဝင်တဲ့ တပည့်တော်ကြီး တစ်ပါး ဖြစ်တယ်။ သူဟာ အာမေးနီးယား ဘုရင် Polymius ပိုလီမီးယပ်စ်ကို ခရစ်ယာန် ဘာသာအဖြစ် ကူးပြောင်းနိုင်ခဲ့လို့ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ တပည့်တော်ကြီး ဘာသိုလိုမယ်ဟာ အာမေးနီးယားကို သာသနာပြုခဲ့တယ်လို့ ဆိုကြတယ်။ သူဟာ ခရစ်ယာန် ယုံကြည်ခြင်း ပြန့်ပွားရေး အတွက် တရားဟောပြောခြင်းကို ပြုခဲ့လို့…

သံတာ ရို့စ်

ဒီကနေ့အတွက် သံတာရို့စ်ရဲ့အကြောင်းကိုတင်ဆက်ပေးထားပါတယ်။သူမဟာ ၁၅၈၆ခုနှစ်၊ တောင်အမေရိကတိုက်မှာရှိတဲ့ ပီးရူး(Peru)နိုင်ငံ၊ လီမာမြို့တွင် နေထိုင်ကြတဲ့ စပိန်မျိုးနွယ်စုကနေ မွေးဖွားခဲ့ပါတယ်။ သူမဟာ မိဘများကို အလွန်ကျိုးနွံသူဖြစ်ပြီး ဆီအယ်နာမြို့သူ စိန့်ကက်သရင်းရဲ့ ဝိညာဉ်ရေးကျင့်စဉ်တွေကို အားကျအတုယူ ခဲ့ပါတယ်။ သခင်ယေဇူးကို ချစ်တဲ့ စိတ်နဲ့ သူမအား ခိုင်းသမျှကို ပြုံးရွှင်စွာ လက်ခံဆောင်ရွက်ခဲ့ပါတယ်။ လူအများအတွက် အမြဲကြိုးစားပြီး ကူညီခဲ့တယ်။ ဒါ‌ကြောင့် သူမရဲ့ ချမ်းသာတဲ့ မိဘဆွေမျိုးတွေက သူမကို လှောင်‌ပြောင် ခဲ့ကြတယ်။ စိန့်ရို့စ်ဟာ အလွန်လှပတဲ့ အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် သူမကို မြင်သူတိုင်း ငေးမောကြည့်…