
ဂျပန်လူမျိုးမိဘတွေက မိမိတို့ သားသမီးလေးတွေကို ဘယ်လိုစည်းကမ်းတွေ ချမှတ်ထားလဲ
Parenting Ruler ဒီနေ့မှာ ဂျပန်လူမျိုးမိဘတွေက မိမိတို့ သားသမီးလေးတွေကို ကြီးပြင်းအောင် ထိန်းသိမ်း မွေးမြူနိုင်ဖို့ ဘယ်လိုစည်းကမ်းတွေ ချမှတ်ထားပုံလေးတွေကို sharing ပေးရင်း တင်ပြပေးသွားချင် ပါတယ်။ ဂျပန်လူမျိုးတွေက သူတို့ကလေးတွေကို ပျော်ရွှင်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းရအောင် ဖန်တီးကြပါတယ်။ ဒါကြောင့် ဂျပန်ကလေးတွေက ကမ္ဘာပေါ်မှာရှိတဲ့ အခြားတိုင်းပြည်က ကလေး တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ပိုပြီး ယဉ်ကျေးသိမ်မွေ့တယ်။ ပိုပြီး ပတ်ဝန်းကျင်နဲ့ ချစ်ချစ်ခင်ခင်နေတတ် ကြတယ်လို့ ကမ္ဘာကနေ ချီးမွမ်းတာကို ခံကြရတာပါ။ အဲဒီလို ကမ္ဘာကနေ ချီးမွမ်းရလောက်အောင်…








