rvamyanmar

rvamyanmar

အီစ္စရေးနှင့်ပါလက်စတိုင်းအတွက်အထူးဆုတောင်းပေးရန် ရဟန်းမင်းကြီးတိုက်တွန်း

အီစ္စရေးနှင့်ပါလက်စတိုင်းအတွက်အထူးဆုတောင်းပေးရန် ရဟန်းမင်းကြီးတိုက်တွန်း ရဟန်းမင်းကြီးဖရန်စစ်သည် ယမန်နေ့ (၂၇) ကြိမ်မြောက်သာမန်ကာလ တနဂ်နွေနေ့မွန်း တည့်ချိန် အန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုပူဇော်ချိန်၌ အီစ္စရေးနှင့်ပါလက်စတိုင်းတို့၏ငြိမ်းချမ်းရေးအ တွက်ဆုတောင်းပေးရန်ပန်ကြားခဲ့သည်။ လက်နက်ကိုအချင်းချင်းတိုက်ခိုက်သတ်ဖြတ်ရာ၌အသုံးမပြုကြရန်၊ ဤလုပ်ရပ်မျိုးသည် အပြစ်မဲ့သောလူ့အသက်သေကြေခြင်းနှင့်‌ေ၀ဒနာတိုးပွားရန်သာဖြစ်ပေမည်။ စစ်သည်အမြဲအရှုံးသာရှိသည်။ စစ်သည်အရှုံးကိုသာဖြစ်စေသည်။ အီစ္စရေး၌ဖြစ်ပျက်သွား သောသတင်းများကိုလိုက်လံကြည့်ရူနေရာ စစ်ဖြစ်ပွားမှုသည်လွန်စွာကြောက်ရွံ့ထိတ်လန့်စရာကောင်းနေ သည်။ လူရာနှင့်သေဆုံးခြင်းနှင့်ဒဏ်ရာရခြင်း၊ အလွှဲအမှားနှင့်‌ေ၀ဒနာများသာချန်ထားရစ်ခဲ့ပေမည်။ ရဟန်းမင်းကြီးက ပေါက်ကွဲမှုကြောင့်ကြောက်ရွံ့ထိတ်လန့်သွားကြသူများ၊ စိုးရိမ်နေကြသူ များနှင့်ပစ်ခတ်မှုများကြားသေဆုံးခဲ့ကြရသောသူတို့၏မိသားစု၀င်တို့အား၀မ်းနည်းကြောင်း၊ ဆုတောင်ပေးကြောင်း၊ အီစ္စရေးနှင့်ပါလက်စတိုင်းတို့၏ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးကြပါရန် ဘုရားဖူးဘာသာတူ များအားတောင်းခံခဲ့သည်။ ပြီးခဲ့သော စနေနေ့က ‘ဟားမတ်စ်’ အဖွဲ့မှအီစ္စရေးတို့အားချိန်ရွယ်ပစ်ခတ်ခဲ့သည်။ အမြောက်ဒုံးကျည်များစွာပစ်ခတ်ခဲ့သည်။ ထို့ကြောင့် ယေဇူးမြွေးဖွားရာသန့်ရှင်းရာမြေသည် သွေးစွန်းသွားခဲ့ပြီ။ မတည်မငြိမ်စတင်ဖြစ်ပွားနေပြီ။ အီစ္စရေး၏လေကြောင်းဖြင့်ပြန်လည်တိုက်ခိုက်ခြင်းကိုအလျင်စလိုတုန့်…

လူမိုက်ကိုအကြံမပေးပါနဲ့

ဒီနေ့လည်း ပုံပြင်လေး တစ်ပုဒ်ပြောပြပါဦးမယ် … ထုံးစံအတိုင်း ဟိုးရှေးရှေးတုန်းက ဆိုပါတော့ တောအုပ်ကြီးတစ်ခုရဲ့ သစ်ပင်ကြီးတစ်ပင်မှာ စာကလေး ဇနီးမောင်နှံဟာ အသိုက်ဆောက်ပြီး နေကြသတဲ့ … သူတို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ အသိုက်အမြုံမှာ ပျော်ပျော်ရွှင်ရွှင် နဲ့ နေလာကြတာပေါ့ … ဒီလိုနဲ့ တနေ့မှာတော့ လေတွေ တိုက်ပြီးတော့ မိုးတွေကလည်း အကြီးအကျယ် ရွာလာပါတယ် … အဲဒီအချိန်မှာ မျောက်တစ်ကောင်က တနေရာရာက ရောက်လာပြီးတော့ စာကလေး ဇနီးမောင်နှံ အသိုက်ဆောက်ထားတဲ့ သစ်ကိုင်းပေါ်မှာ ထိုင်နေပါတယ်။ မိုးကလည်း အကြီးအကျယ်ရွာတော့…