
မပျော်ရွှင်ခြင်းရဲ့အကြီးမားဆုံးအကြောင်းပြချက်
ငါ့ကို ဒီလူ မကြိုက်တော့ဘူးလား ငါ့ကို ဒီလူ စိတ်ဆိုးနေတာလား ငါ့ကို ဒီလူ ဘာလို့ စိမ်းကားနေတာလဲ ငါဘာများ လုပ်မိလို့လဲ အဲ့လို လူတွေနဲ့ ပတ်သက်ပြီး အတွေးလွန်တာမျိုးတွေ ကျွန်တော့်မှာ ရှိခဲ့ပါတယ်။ အများစုမှာလည်း ရှိကြပါလိမ့်မယ်။ လူ့လောကမှာ နေကြတာဆိုတော့ လူတွေနဲ့ ကိုယ်နဲ့ကြားက connection ပုံစံလေး နည်းနည်းပြောင်းသွားတာနဲ့ ခံစားမိကြတယ်။ ချစ်ရတဲ့သူတွေနဲ့ဆို ပိုဆိုး၊ အသေးအမွှားလေးကအစ ခံစားမိတာပေါ့။ ချစ်သူ ရည်းစားပဲ ဖြစ်ဖြစ် သူငယ်ချင်းပဲ ဖြစ်ဖြစ် မိသားစုဝင်ပဲ ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်ပဲ…









