rvamyanmar

rvamyanmar

နေ့ရက်တိုင်းမှာပျော်ရွှင်ပါ

ဒီရက်ပိုင်း social media ဖြစ်ဖြစ် ပတ်ဝန်းကျင်မှာဖြစ်ဖြစ် လူငယ်​တွေ မ​ပျော်ကြဘူးဆိုတဲ့အ​ကြောင်း​တွေကို ​တော်​​​တော်ကြားလာရပါတယ် ။ မ​ပျော်ရဘူးဆိုတာကလည်း ​အ​ခြေအ​နေအမျိုးမျိုး​ပေါ့​လေ ၊ ​ပညာ​ရေး​ရော ၊ ကျန်းမာ​ရေး​ရော ၊ စီးပွား​ရေး​ရော အစစအရာရာ ကျပ်တည်းလာကြတာကိုး ။ လူငယ်​တွေမှာ ရည်မှန်းချက်​တွေ​ပျောက် ၊ ဦးတည်ရာ​တွေ​ပျောက် ၊ ​လူတိုင်းပြော​နေကြသလို အိပ်မက်​တွေ​စျေးကြီးလာ​တော့ ဘယ်သူကများ လွတ်လွတ်လပ်လပ် ​ပျော်နိုင်ကြပါ​တော့မလဲ ။ ​​ရှေ့ဆက်ပြီးဘာ​ဆက်လုပ်ရမလဲဆိုတဲ့အ​တွေး​တွေ ဖိစီးလာတဲ့အခါ လူငယ်​တွေ လမ်း​ပျောက်ကုန်ကြရ​တာ​ပေါ့ ။ ဒါဆိုရင် ကျွန်​တော်တို့က မ​ပျော်ရ​​တော့ဘူးလား လို့…

အဆင့်မြင့်မြင့်ပြဿနာဖြေရှင်းခြင်း

“အဆင့်မြင့်မြင့် ပြဿနာဖြေရှင်းနည်း” ဒီနေရာမှာ အဆင့်မြင့်မြင့်ဆိုတာ စိတ်အရည်အသွေးမြင့်မြင့်ကို ဆိုလိုတာပါ။ ပြဿနာတစ်ခုခု၊ အငြင်းအခုန် တစ်ခုခုကို အဆင့်မြင့်မြင့်ဖြေရှင်းသူများဟာ၊ မိမိရဲ့ စိတ်လုပ်ရှားမှု ကို အရင်ဖြေရှင်းပါတယ်။ ပြီးမှ ပြဿနာကို ဆက်ဖြေရှင်းတာပါ။ ဆိုလိုတာက မိမိအတွင်းစိတ်ကို အရင်စီမံတယ်။ ပြီးခါကျမှ ပြဿနာကို စီမံတာပါ။ ဒီတော့ ပြဿနာတွေကို အဆင့်မြင့်မြင့် ဘယ်လိုဖြေရှင်းကြမလဲ? ကြည့်ကြရအောင်  နှုတ်ဆိတ်ပါ။ ပြဿနာတစ်ခုဖြစ်ပြီ၊အထင်လွှဲခံရပြီဆိုပါစို့။မငြင်းခုံပါနဲ့။အခြေအနေက ရှင်းပြလည်း အပိုဖြစ်နေတဲ့အချိန်မျိုးမှာ ထပ်ပြီးလည်း ရှင်းပြဖို့မကြိုးစားပါနဲ့။ အပြင်လူကိုလည်း ရှင်းမပြပါနဲ့။လူဆိုတာ လူတိုင်းက ကိုယ့်ကိုနားလည်ဖို့ မလိုအပ်ပါဘူး။အလျင်စလိုဖြေရှင်းလိုစိတ် ဖျောက်ပစ်လိုက်ပါ။အလျင်လိုလေ၊ရှင်းပြလေ၊…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၃၃) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၁၅၊ ၁၁၊ ၂၀၂၂

၁၅ နိုဝင်ဘာ ၂၀၂၂  ဇာခေးဦးက အခွန်ခံသူတွေရဲ့ အကြီးအကဲဖြစ်တယ်။ ချမ်းသာတယ်။ အပြစ်အရမ်းကြီးတဲ့သူအဖြစ် အသိုင်းအဝိုင်းက သတ်မှတ်ခံထားရတဲ့သူဖြစ်တယ်။ အရပ်ပု နေတော့ လူအုပ်ကြားထဲကနေ သခင်ယေဇူးကို မမြင်နိုင်တာကြောင့် အ‌ရှေ့ ကနေ အပင်တစ်ပင်ပေါ်တက်ပြီး ကြိုစောင့်နေတယ်။ သခင်ယေဇူးက သူ့ကို အမြန်ဆင်းခဲ့၊ ယနေ့ သင်အိမ်မှာ ငါတည် းမယ်လို့ မိန့်ဆိုတဲ့အခါ သူအရမ်းကိုဝမ်းသာသွားတယ်။ အပြစ်ရှိတဲ့သူရဲ့အိမ်မှာ ဝင်ပြီးစားသောက်လို့ဆိုပြီး လူတွေက အပြစ်တင်ကြတယ်။ ဤသူသည်လည်း အာဗြာဟံ၏သားဖြစ်သောကြောင့် ကယ်တင်ခြင်းသည် ယနေ့ဤအိမ်သို့ရောက် လာလေပြီလို့ ကိုယ်တော်မိန့်ဆိုတယ်။ ကိုယ်ကိုယ်တိုင်ရော၊ သူများတွေရောက…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၃၃) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၁၄၊ ၁၁၊ ၂၀၂၂

ဂျူးပုံပြင်တစ်ပုဒ်ရှိတယ်။  တစ်ခါက လူငယ်လေးတစ်ယောက်က ကြီးမြတ်တဲ့သန့်ရှင်းဖြူစင်ခြင်းကို ရယူလိုတဲ့ဆန္ဒပြင်းပြနေတယ်။ သူ့ဘာသာ ကိုယ်တိုင်အချိန်တစ်ခုကြာတဲ့အထိ ကြိုးစားခဲ့ပြီးနောက်မှာ ရာဗီတစ်ဦးဆီကိုသွားခဲ့တယ်။ “ကျွန်တော်သန့်ရှင်းခြင်းကို ရခဲ့ပြီဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုထင်တယ်” လို့ ရာဗီကို သူပြောလိုက်တယ်။ “ဘာလို့အဲဒီလိုထင်တာလဲ” လို့ရာဗီကပြန်မေးတယ်။ “ဒီလိုလေ။ ကျွန်တော် ပါရမီတွေ၊ ကျင့်ဝတ်တွေကို ကျင့်ကြံခဲ့တယ်။ အခုဆိုရင် ကျွန်တော် ပါရမီတွေမှာ တော်တော်လေးရင့်သန်နေပြီဖြစ်တယ်။ နံနက်နေထွက် တဲ့အချိန်ကနေ ညနေနေဝင်တဲ့အချိန်အထိ ကျွန်တော် ဘာအစာမှမစားဘူး၊ ရေမသောက်ဘူး။ တစ်နေကုန်လုံး မှာလဲ တစ်ခြားလူတွေအတွက် အလုပ်မျိုးစုံကြိုးစားပြီးလုပ်ပေးတယ်။ ကျေးဇူးတင်ခံရဖို့လဲ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ သွေးသားနှောက်ယှက်ခြင်းခံရတဲ့အချိန်…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၃၃) ကြိမ်မြောက် တနင်္ဂနွေနေ့ သြဝါဒ ၁၃၊ ၁၁၊ ၂၀၂၂

လူသားတွေအားလုံးတစ်ဦးတစ်ယောက်မကျန် ကယ်တင်ခြင်းရရှိဖို့က ဘုရားရှင်၏ အလိုတော်ဖြစ်ပါတယ်။ ဘုရားနဲ့အတူ ထာဝရကာလ အတူနေကြဖို့ဖြစ်တယ်။ ဒါပေမဲ့ဒီကမ္ဘာလောကကြီးမှာ အသက်ရှင်စဉ် ကိုယ်တော်ရှင်နဲ့ပေါင်းစပ်ဖို့ ဘယ်တုန်း ကမျှအချိန်မပေးခဲ့ဘူးဆိုရင် ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံမှာ ဘုရားနဲ့ထာဝရအဆုံးမရှိတဲ့ ကာလအထိနေနိုင်ကြမလဲ။ ကျဉ်း မြောင်းသောတံခါးမှ ဝင်ကြလော့။ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်တဲ့ တံခါးက ကျဉ်းမြောင်းတယ်။ အဲဒီလိုကျဉ်းမြောင်း အောင် ဘုရားကလုပ်ထားတာမဟုတ်ပါဘူး။ ကျွန်တော်တို့လူတွေအတွက် ခက်ခဲပြီး မလိုက်ကျင့်ချင်တဲ့အတွက် ကျဉ်းမြောင်း နေခြင်းဖြစ်တယ်။ တစ်ဖက်လူကို ခွင့်လွှတ်ပေးရခြင်းက ကျဉ်းမြောင်းတဲ့တံခါးဖြစ်တယ်။ လိုအပ်နေတဲ့သူတွေကိုငွေကြေးအား ဖြင့် ဖြစ်စေ မိမိရဲ့အချိန်ကိုပေးပြီးကူညီခြင်းက ကျဉ်းမြောင်းတဲ့တံခါးဖြစ်တယ်။ မိမိရဲ့အချိန်ဇယား…

ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) သာမန်ကာလ (၃၂) ကြိမ်မြောက် စနေနေ့ သြဝါဒ ၁၂၊ ၁၁၊ ၂၀၂၂

သာမန်ကာလ(၃၂) ကြိုမ်မြောက် စနေနေ့ (ရှင်လုကာ ၁၈း၁-၈  ခရစ်တော်၌ချစ်လုစွာသောဓမ္မမိတ်ဆွေအပေါင်းတို့ဒီနေ့ကြားနာရတဲ့ဧဝံဂေလိကျမ်းစာ (ရှင်လုကာ ၁၈း၁-၁၀) ကိုရှင်လုကာ ရေးနေချိန်မှာှေရှ့ဦးခရစ်ယာန်တွေတွေ့အဓိကတွေ့ကြုံနေရ တဲ့ပြသနာနှစ်ခရှိတယ်။ (၁)သူတို့မကြာခင်ရောက်လာတော့ မယ့်လိုမျှော်လင့်နေခဲ့တဲ့ ခရစ်တော်ရဲ့ဒုတိယအကြိမ်ကြွလာခြင်းဟာသူတို့မျှော်လင့်သလိုဖြစ်မလာသေး၊ (၂)ရှေ့ဦးခရစ်ယာန် များဟာခရစ်တော်ရဲ့နောက်လိုက်ခြင်းကြောင့် ဂျူးလူမျိုးများနှင့်ရောမလူမျိုးတို့၏ ညှင်းပမ်းနှိပ်စက်ခြင်းကိုခံနေရခြင်းတို့ ဖြစ်တယ်။ ဒါကြောင့်ရှေ့ဦးခရစ်ယာန်များဟာစိတ်ဓါတ်ကျပြီးသူတို့ရဲ့ယုံကြည်ခြင်းတဖြည်းဖြည်‌ပျောက်ဆုံစပြုလာကြတယ်။ ဘဝမှာခက်ခဲမူပြသနာများကြောင့် ယုံကြည်ခြင်းယိုမ်းယိုင်လာတဲ့သူတို့အတွက် ခရစ်တော်ဟာ ဒီနေ့ပုံဥပမာကိုပေးခဲ့ခြင်းဖြစ် တယ်။ ဥပမာထဲ့မှာအကျင့်ပျက်ချစားနေတဲ့တရားသူကြီးနဲ့ ဇွဲမလျောတဲ့ မုဆိုးမအကြောင်းဖြစ်တယ်။ ထိုခေတ်အချိန်အခါက တရားသူကြီးများဟာဘက်လိုက်တယ်၊ လဒ်စားတယ် တနည်းအားဖြင့်မတရားတဲ့တရားသူကြီးဖြစ်တယ်။ ဒါအပြင်းဘုရား ကိုတောင်မကြောက်ဘူးလို့ဆိုတယ်။ ဒီလိုပုဂ္ဂိုလ်ကိုတောင်မှခေါင်းညိမ်သွားအောင်၊ လက်လျော့အောင်လုပ်နိုင်သူဟာ ခေသူ မဟုတ်လို့ပြောရမယ်။ ဒါပေမယ့်အဲဒီလူဟာဩဇာပါဝါ၊ ဂုဏ်ပကာသနာပြည့်ဝတဲ့ပုဂ္ဂိုလ်မဟုတ်ပဲဆင်းရဲ့သားမုဆိုးမဖြစ်နေ…

ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) သာမန်ကာလ (၃၂) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၁၁၊ ၁၁၊ ၂၀၂၂

သာမန်ကာလ(၃၂) ကြိုမ်မြောက် သောကြာနေ့ (ရှင်လုကာ ၁၇း၂၆-၃၇) ခရစ်တော်၌ချစ်လုစွာသောဓမ္မမိတ်ဆွေအပေါင်းတို့တခါတရံအင်မတန်လုပတဲ့သဘာဝတရာတစ်ခုကကျွန်ုပ်တို့ကိုဖန်ဆင်း ရှင်ကိုမေ့လျော့စေတယ်။ အံ့ဩဖွယ်လှပတဲ့သဘာဝမြစ်ချေင်းအင်းအိုင်တောတောင်ပန်းမာ၊ သတ္တဝါတွေကိုကြည့်ပြီးသူတို့ရဲ အလှတရားမှာနစ်‌မျောရင်း သူတို့ကိုဖန်ဆင်းတဲ့ဘုရားသခင်ကိုသတိမရတတ်ကြတော့ဘူး။ ဒါဟာလည်းနှောက်ယှက်ခြင်း တစ်မျိုးဖြစ်တယ်။ အလှတရားရဲ့အလွန်တနည်းအားဖြင့်ဒီလောကရဲအလွန်ကိုကြည့်နိုင်ဖို့လိုအပ်ပါတယ်။ ဖန်ဆင်းခံအရာ တွေထဲ့မှာအကြီးမြတ်ဆုံဖြစ်တဲ့လူသားတွေကိုမြင့်တွေတဲ့အခါအဲဒီလူသားပေါ်ထားတဲ့ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ပြည်ဝပြီးထို့ သူအပေါ်မှာအာရုံစိုက်မိကြတယ်။ ဖြစ်ရမှာကထိုလူသားကိုဖန်ဆင်းတဲ့သူကိုသတိရအောင်းမေ့ရမယ်။ ဒီနေ့ပထမကျမ်းစာထဲ မှာရှင်ယောဟန်ကခရစ်ယာန်အချို့ဟာတစ်ဦးကိုတစ်ဦးဘုရားမျက်နှာထောက်ထားပြီးရိုးသာစွာချစ်ခင်ကြတာကိုတွေတဲ့အ တွက်ပျော်ရွင်တယ်လို့ဆိုပါတယ်။ ဒါဟာခရစ်ယာန် အသက်တာရဲ့ဘဝကျင့်စဉ်ဖြစ်တယ်။ အမြဲတမ်းဖန်ဆင်းခံအရာတွေ ရဲ့ နောက်ကွယ်ကဖန်ဆင်းရှင်ကိုသတိမူပြီးပြုမူဆက်ဆံရင် ခရစ်တော်ကြွလာရင်ကျွန်ုပ်တို့အစဉ်သင့်ဖြစ်နေလိပ်မယ်။ ဘဝကိုအ ပြည့်အဝစိတ်အားထက်သန်စွာအသက်ရှင်ရမယ်။ ထာဝရဘုရားသခင်ကိုအမြဲစိတ်ထဲ့အောင်းမေ့ရမယ်။ သတ္တဝါတိုင်း၊ လူတိုင်း ကိုတန်ဖိုးထာကြရမယ်။ မိမိလက်ရှိအ‌ခြေအနေအသက်တာ၌သာလျှင်နစ်မွန်းမနေပဲအားလုံးကိုဖန်ဆင်းအုပ်ချုပ်သူကျွန်ုပ်တို့အား လုံရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်သူထာဝရဘုရားသခင်ကိုအာရုံပြုပြီးရှင်သန်ကြရမယ်။ ဧဝဂေလိကျမ်းထဲ့မှာ နော်ဧလက်ထက်ကလူ တွေစားသောက်ပျော်ပါးပြီးအပြစ်နဲ့ပြည့်နက်နေတဲ့…