“ပိုမိုကြီးမားသော မေတ္တာဖြင့် ဘုရားသခင်၏ မြို့တော်ကို တည်ဆောက်ကြပါ”

ဘရာဇီးလ်နိုင်ငံ၊ ဖော်တာလီဇာမြို့တွင် ကျင်းပသည့် Halleluya Festival သို့ ပေးပို့သော စိတ်ဓာတ်ခွန်အားနိုးကြားစေသည့် ဗီဒီယိုသတင်းစကားတွင် ပုပ်ရဟန်းမင်းကြီး ပုပ်လီယို XIV (Pope Leo XIV) က လူငယ်ကက်သလစ်ဘာသာဝင်များအနေဖြင့် ၎င်းတို့၏ စွမ်းအင်များကို သာသနာပြုခြင်းဆိုင်ရာ အင်အားတစ်ရပ်အဖြစ် ပြောင်းလဲရန်နှင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို တည်ဆောက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်သည်။

ပုပ်ရဟန်းမင်းကြီး၏ လူငယ်များသို့ ပေးပို့သော သတင်းစကားမှ အဓိကအချက်များမှာ-

သာသနာပြုခြင်း၏ အင်အားတစ်ခု ဖြစ်ပါစေ
ပုပ်ရဟန်းမင်းကြီးက လူငယ်များအား မိမိတို့အတွင်း၌ ပိုမိုကြီးမားသော မေတ္တာတရားကို သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ပြန်လည်နိုးထစေရန်နှင့် ငြိမ်းချမ်းရေးမြို့တော် (ကျွန်ုပ်တို့ကမ္ဘာကြီးအတွင်းရှိ ဘုရားသခင်၏ မြို့တော်) ကို တည်ဆောက်ရာတွင် “အသက်ရှိသော ကျောက်ခဲများ” ဖြစ်လာကြရန် တိုက်တွန်းခဲ့သည်။
“ယနေ့အချိန်အထိ ယေဇူးသခင်သည် လူတိုင်း၏ အတွင်းစိတ်၌ အတောင့်တဆုံးသော ဆန္ဒများကို ဖြည့်ဆည်းပေးသည့်အပြင် လူတိုင်းအား မိမိတို့၏ အမှန်တရားကို ဖော်ထုတ်ပြသပေးသောသူ ဖြစ်ကြောင်း သိရှိရန် လိုအပ်နေသေးသည့် လူအများအပြား ရှိနေပါသေးသည်။”

ယုံကြည်ခြင်း၏ မီးရှူးတန်ဆောင်ကို စွဲမြဲစွာ လင်းလက်စေပါ
လူငယ်ဘာသာရေးပွဲတော်များမှ ရရှိသည့် တက်ကြွမှုများသည် အချိန်ကြာလာသည်နှင့်အမျှ လျော့ပါးသွားနိုင်ကြောင်းကို အသိအမှတ်ပြုလျက် ပုပ်ရဟန်းမင်းကြီး လီယိုက နေ့စဉ်ဆုတောင်းခြင်း၊ ခိုင်မာခြင်းနှင့် ဇွဲရှိခြင်းတို့၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့သည်။
“ခရစ်တော်ကို မကြောက်ကြပါနဲ့!” ဟု ရဟန်းမင်းကြီးက သတိပေးခဲ့သည်။ “ကိုယ်တော်သည် မည်သည့်အရာကိုမျှ လုယူသွားမည်မဟုတ်ဘဲ အရာအားလုံးကို ပေးသနားတော်မူ၏… ခရစ်တော်နှင့်အတူ ရှိ့ပါက အမြဲတမ်း အောင်ပွဲရရှိမည်ဖြစ်သည်။”
နည်းပညာနှင့် AI ကို ပညာရှိစွာ အသုံးပြုပါ
သူတော်စဥ် ကားလို အကူတစ်စ် (Carlo Acutis) ထံမှ စိတ်ကူးဉာဏ်ကွန်မြူနတီ ရယူရင်း ပုပ်ရဟန်းမင်းကြီးသည် လူမှုကွန်ရက်နှင့် အတုအယောင် ဉာဏ်ရည် (AI) တို့နှင့် ပတ်သက်၍ အချိန်ကိုက် အကြံပြုချက်ကို ပေးအပ်ခဲ့သည် -
ဤခေတ်မီ ကိရိယာများကို စည်းစနစ်တကျနှင့် အကန့်အသတ်ဖြင့် အသုံးပြုကြပါ။
ရေစုန်မျောသော အရာများ၊ ဟန်ပြမှုများနှင့် လှည့်ဖြားမှုများက အမှန်တကယ် စစ်မှန်သော တန်ဖိုးများကို အစားထိုးသွားသည့် “မစစ်မှန်သော ကမ္ဘာ” ထဲသို့ ဆွဲခေါ်သွားခြင်း မခံရစေဘဲ၊ အမှန်တကယ် အရေးကြီးသော အရာများပေါ်တွင်သာ အာရုံစိုက်ထားကြပါ။
ဘရာဇီးလ်နိုင်ငံနှင့် ကမ္ဘာတလွှားရှိ လူငယ်များ ရဲရဲဝံ့ဝံ့ သာသနာပြုနိုင်ကြပြီး ယုံကြည်ခြင်းမီးရှူးတန်ဆောင်ကို တောက်ပစွာ ထွန်းညှိထားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်!

Fr. Peter Kyi Maung
Photo Credit: Vatican News
https://www.vaticannews.va/en/pope/news/2026-07/pope-leo-brazil-young-people-halleluya-festival-music-catholic.html

rvamyanmar
rvamyanmar
Articles: 4105

Leave a Reply

Your email address will not be published. Required fields are marked *