“ငြိမ်းချမ်းရေးနှင့် ညီအစ်ကိုရင်းခြာစိတ်ရှိသော ကမ္ဘာကြီးအကြောင်း အိမ်မက်မက်ခြင်းကို ဘယ်တော့မှ မရပ်တန့်ပါနဲ့။”

ပေါ်တူဂီနိုင်ငံ၊ လာမေဂို (Lamego) မြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် “Rejoice – အမျိုးသား လူငယ်များနေ့” ပွဲတော်သို့ ပေးပို့သော ဗီဒီယိုသတင်းစကားတွင် ပုပ်ရဟန်းမင်းကြီး ပုပ်လီယို ၁၄ (Pope Leo XIV) က လူငယ်များအား မိမိတို့အတွင်းစိတ်၏ မတည်ငြိမ်မှုများကို ဘုရားသခင်ထံ ပိုမိုနီးကပ်စေမည့် လမ်းကြောင်းတစ်ခုအဖြစ် လက်ခံယုံကြည်ကြရန် ခွန်အားပေးတိုက်တွန်းလိုက်သည်။

ပေါ်တူဂီလူငယ်များသို့ ပေးပို့သော သန့်ရှင်းသော ပုပ်ရဟန်းမင်းကြီး ပုပ်လီယို ၁၄ ၏ သတင်းစကားမှ အဓိကအချက်များမှာ-

စိတ်၏ မတည်ငြိမ်မှုကို မျှော်လင့်ချက်အဖြစ်သို့ ပြောင်းလဲပါ

ပုပ်ရဟန်းမင်းကြီးက လူငယ်များအား မိမိတို့နှလုံးသားထဲရှိ မေးခွန်းများနှင့် တောင့်တမှုများကို မကြောက်ရွံ့ဘဲ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ တိုက်ရိုက်ယူဆောင်လာကြရန် တိုက်တွန်းခဲ့သည်။

“ယေဇူးသခင်၏ နှုတ်ကပတ်တော်၌ ခိုင်မာစွာ အမြစ်တွယ်၍ ဧဝံဂေလိကျမ်းစာကို နေ့စဉ်ဖတ်ရှုရင်း ငြိမ်းချမ်းရေးနှင့် ညီအစ်ကိုရင်းချာစိတ် ရှိသော ကမ္ဘာကြီးအကြောင်း အိပ်မက်မက်ခြင်းကို ဘယ်တော့မှ မရပ်တန့်ပါနှင့်။ ကမ္ဘာကြီးကို အံ့ဩမှင်သက်စွာ ကြည့်ရှုခြင်း သို့မဟုတ် အနာဂတ်ကို မျှော်လင့် ခြင်း အလင်းဖြင့် ရင်ဆိုင်ခြင်းတို့ကို မရပ်တန့်လိုက်ပါနှင့်… ချစ်လှစွာသော လူငယ်တို့၊ မည်သည့်အရာ သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သင်တို့၏ မျှော်လင့်ချက်ကို ခိုးယူခွင့် မပေးပါနှင့်!”

မိမိတို့၏ ခေါ်တော်မူခြင်းကို ရှာဖွေပါ၊ သန့်ရှင်းခြင်းကို ရှာဖွေပါ

လူငယ်များအနေဖြင့် အိမ်ထောင်ပြုခြင်း၊ ရဟန်းသိက္ခာခံယူခြင်း သို့မဟုတ် သာသနာပြုဘဝ စသည့် ဘဝ၏ အရေးကြီးသော မေးခွန်းများကို ဘုရားသခင်အား မေးမြန်းကြရန် ပုပ်ရဟန်းမင်းကြီးက ဖိတ် ခေါ်ခဲ့ပြီး လူတိုင်းသည် သန့်ရှင်းခြင်းသို့ ခေါ်တော်မူခြင်းခံရကြောင်း အောက်ပါအတိုင်း အမှတ်ရစေ ခဲ့ သည် -�“ခရစ်တော်ကဲ့သို့ပင် စစ်မှန်သော လူသားဆန်မှုကို ပြသပါ။ သို့ဆိုလျှင် သင်တို့သည် ဤကမ္ဘာ ကြီးကို ပိုမိုကောင်းမွန်အောင် ဧကန်မုချ ပြောင်းလဲနိုင်လိမ့်မည်။”�

မီးရှူးတန်ဆောင်ကို ဆက်လက်ထွန်းညှိထားပါ

၂၀၂၃ ခုနှစ် လစ္စဘုန်းမြို့၌ ကျင်းပခဲ့သော ကမ္ဘာ့လူငယ်များနေ့၏ စိတ်ဓာတ်ကို ဆက်လက်ရှင် သန်စေ လိုသည့် သူတို့၏ တက်ကြွမှုကို ချီးကျူးရင်း ပုပ်ရဟန်းမင်းကြီးက ခဏတာတန်ဖိုးများထက် အမှန် တရား၊ တရားမျှတမှုနှင့် မေတ္တာတရားတို့ကို ငတ်မွတ်သည့် သူတို့၏ စိတ်ဓာတ်ကို ချီးမွမ်းခဲ့သည်။�ခရစ်တော်သည် စစ်မှန်သော ဝမ်းမြောက်ခြင်းနှင့် ညီညွတ်ခြင်း၏ စမ်းရေဖြစ်ကြောင်း သတိပေးရင်း ရှင်ပေါလု၏ စာကို ကိုးကား၍ “ငါတို့သည် အများဖြစ်ကြသော်လည်း ခရစ်တော်၌ တစ်ကိုယ် တည်းဖြစ် ကြ၏” ဟု မိန့်ကြားခဲ့သည်။�ရှေ့အနာဂတ်ကို ဝမ်းမြောက်စွာ မျှော်လင့်ရင်း ပုပ်ရဟန်းမင်းကြီး ပုပ်လီယို XIV က “၂၀၂၇ ခုနှစ် ဩဂုတ်လမှာ ဆိုးလ်မြို့မှာ သင်တို့နဲ့ တွေ့ဆုံဖို့ မျှော်လင့်ပါတယ်!” ဟု လူငယ်များကို နှုတ်ဆက်စကားဆိုခဲ့သည်။

လူငယ်များအားလုံး မျှော်လင့်ချက်၌ ခိုင်မာစွာရပ်တည်နိုင်ကြပြီး မိမိတို့ဘဝအတွက် ဘုရားသခင်၏ ခေါ်တော်မူခြင်းကို ရဲရဲဝံ့ဝံ့ ရှာဖွေနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်!

Fr. Peter Kyi Maung

Photo Credit: Vatican News

Website: rvamyanmar.org

/ @rvamyanmar8152

https://www.vaticannews.va/en/pope/news/2026-07/poep-leo-xiv-portugal-young-people-fraternity-peace-christ.html

rvamyanmar
rvamyanmar
Articles: 4105

Leave a Reply

Your email address will not be published. Required fields are marked *