
တစ်ကြောင်းစွဲ
ဒီကနေ့အတွက် တစ်ကြောင်းစွဲဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဒီကနေ့အတွက် တစ်ကြောင်းစွဲဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့၊ ဗုဒ္ဓဟူးနေ့ ဒီနေ့ဧဝံဂေလိကျမ်းစာထဲမှာ ခရစ်တော်နဲ့ တပည့်တော်ကြီးတွေက ဘက်ဇိုင်းဒါးရွာကလေးကို ရောက်ရှိလာကြပါ တယ်။ မျက်မမြင်တစ်ဦးကို လူတချို့က ခရစ်တော်ထံ ခေါ်လာကြတယ်။ အရင်တုန်းက မျက်မမြင်ဆိုရင် ဒဏ်ခတ်ခံသလို မျိုး သတ်မှတ်ခဲ့ကြတယ်။ ဒီလိုမျက်မမြင်တစ်ဦးကို သူ့ရဲ့မိတ်ဆွေတွေက ယေဇူးဘုရားဆီ ခေါ်ဆောင်လာကြတယ်။ မိတ် ဆွေကောင်းတွေရဲ့ ယုံကြည်ခြင်း ကူညီခြင်းတွေက မျက်မမြင်တစ်ယောက်အတွက် ခရစ်တော်ရဲ့ ကုသခြင်းရရှိစေဖို့ အထောက်အပံ့ဖြစ်လာခဲ့တယ်။ မျက်မမြင်ကို ကုသပေးတဲ့နေရာမှာ ဗြုန်းစားကြီး ချက်ချင်းပျောက်သွားတာမဟုတ်ဘဲ တစ်ဆင့်ပြီးတစ်ဆင့် ကုသပျောက်ကင်းလာတာကို တွေ့ရတယ်။ မျက်မမြင်ရဲ့ မျက်လုံးတွေကို တို့ထိပြီး…

ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ ၊ အင်္ဂါနေ့ဒီနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ကတော့ မနေ့က ကြားနာခဲ့ရတဲ့ ကျမ်းစကားရဲ့ အဆက်ပဲဖြစ်ပါတယ်။ မနေ့က ဖာရီဇေဦး တွေက သံသယစိတ်တွေနဲ့ ခရစ်တော်ဆီက နိမိတ်လက္ခဏာကိုတောင်းခဲ့ပါတယ်။ ဒါကြောင့် ခရစ်တော်က ဒီနေ့မှာ အဲ့လို မယုံကြည်တဲ့ ဖာရီဇေဦးတွေရဲ့ တစေးနဲ့တူတဲ့ စိတ်သဘောထားမျိုးကို ရှောင်ကြဉ်ကြဖို့ သတိပေးဆုံးမတာ ကို တွေ့ရပါ တယ်။ တပည့်တော်ကြီးတွေက စားစရာ ယူလာဖို့မေ့သွားခဲ့ပါတယ်။ ရှိတဲ့ ပေါင်မုန့်လေးတစ်ခုကို သူတို့စားဖို့ ပေးရင်း ဖာရီဇေဦးတွေရဲ့ တစေးကို သတိထားပါလို့ မှာကြားတယ်။ သခင်ယေဇူး…

ဖေဖေါ်ဝါရီလ (၁၃) ရက်၊ တနင်္လာနေ့ဒီယနေ့ဖတ်ရှုကြားနာရတဲ့ ဧဝံဂေလိကျမ်းစာကတော့ ရှင်မာကုကျမ်း ၈း ၁၁ -၁၃ မှ ကောက်နှုတ်ထားပါတယ်။ ဖာရီဇေဦးတွေက ခရစ်တော်ဘုရားရှင်ကို နိမိတ်လက္ခဏာတောင်းဆိုတဲ့အကြောင်းကို ကြားရတယ်။ ခရစ်တော် ဘုရား မပေါ်မီ လူတွေ မျှော်လင့်ထားတာက ကယ်တင်ရှင်ဟာ ထူးထူးခြားခြား အံ့ဖွယ်တန်ခိုးတွေပြုပြီး ဘုန်း အရှိန်အဝါတွေနဲ့ တခမ်းတနားဆင်းကြွလာလိမ့်မယ်လို့ တွေးထင်ထားကြတယ်။ တကယ်တော့ ခရစ်တော်က တခမ်းတနား မကြွလာပေမဲ့ တထူးတခြား အံ့ဖွယ်လက္ခဏာတွေကို ပြုလုပ်နေခဲ့ပါတယ်။ လူနာတွေကုသပေး တယ်။ မျက်မမြင်က အလင်းပြန်ရတယ်။ ခြေမသန်စွမ်းသူက လမ်းပြန်လျှောက်နိုင်တယ်။…

သာမန်ကာလဆဌမသီတင်းပတ်တနင်္ဂနွေနေ့ (ရှင်မာတေဦး ၅း၁၇-၃၇) သခင်ယေဇူးဆင်းကြွလာတာကရှေ့ပညတ်တော်များကိုပယ်ဖျပ်ဖို့လာတာမဟုတ်ဘဲ့။ ပညတ်တော်များကိုပြည့်စုံ စေဖို့လာတာ ဖြစ်တယ်လို့မိန့်တော်မူပါတယ်။ သခင်ယေဇူးကိုယ်တော်တိုင်ကလည်းမိုးဇယ်မှာ တဆင့်ရရှိခဲ့တဲ့ပညတ်တော်(၁၀) ပါးကို အပြည့်အဝလိုက်နာခဲ့ပါတယ်။ ဒါကြောင့် အဲဒီဓမ္မဟာင်းကပညတ်တော်(၁၀)ပါးကို ယနေ့ကျနာ်တိုခေတ်ကလူတွကလည်း လိုက်နာရပါမယ်။ အဲဒီဓမ္မဟာင်းကပညတ်တော်ာ်တွေကိုပြည့်စုံစဖို့သခင်ယေဇူးကဆင်းကြွလာတာဖြစ်တယ်။ ပညတ်တော် တွေကို လူတွေကလိုက်နာကြတဲအခါဘာတွလိုအပ်နေလို့ ခင်ယေဇူးကပြည့်စုံစမှာလဲ။ ပြသာနာကတာ့လူတွကပညတ်တာ်တွ ကိုအပါ်ယံအပြုအမူနဲ့သာလိုက်နာကြပြီး စိတ်နှလုံးသာကတာ့ပညတ်တော်တွေကိုချိုးဖာက်ပြီးအပြစ်လုပ်နေကြလို့ပါပဲ။ ဥပမာ ပညတ်တော်ကလူအသက်ကိုမသတ်ရဆိုလိုသာလူသတ်တဲ့အပြုအမူကိုရှာင်တာပါ။ စိတ်ထဲကတော့သတ်ချင်နေ လောက်အောင် ဒေါသထွက်နနေတာပါဘဲ့။ ဒါဆိုရင်အက်ဒီလူက ဘုရားရဲ့ပညတ်တာ်ကို လိုက်နာရာမရောက်တာ့ပဲ လူသတ်မှုကြီးကိုကျူလွန်သလို အပြစ်ကြီးပြုတာပါအဲ့။ ဒါကြောင့် သခင်ယေဇူးက “လူသတ်တာ၊ မသတ်တာကို အသာ ထားအုံး လူတစ်ယောက်ကို့ကိုယ်စိတ်ထဲ့ကအဆမတန်…




