
“ခရစ်တော်သည် လူသားတို့၏ ငတ်မွတ်မှုကို အမှန်တကယ် ပြည့်ဝစေတော်မူ၏”

တနင်္ဂနွေနေ့ မွန်းတည့် အိန်ဂျလုစ် မေတ္တာရွတ်ဆိုခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ပါမုန့် ငါးလုံးနှင့် ငါး နှစ်ကောင် အံ့ဖွယ်တန်ခိုးပြတော်မူသည့် ဖြစ်စဉ်ကို ထောက်ရှုမျှဝေခဲ့ပြီး၊ ခရစ်တော်နှင့် တွေ့ဆုံခြင်းသည် မိမိတို့၏ အနက်ရှိုင်းဆုံး လိုအပ်ချက်များကို ပြည့်ဝစေသည့် ဝိညာဉ်ရေး အာဟာ ရဖြစ်ကြောင်း ဘာသာဝင်တို့အား သတိပေး မိန့်ကြားခဲ့ပါသည်။
ရှင်မာတေဦးခရစ်ဝင်ကျမ်းကို ကိုးကား၍ ရဟန်းမင်းကြီးက ယေဇူးခရစ်တော်၏ အံ့ဖွယ်တန်ခိုးများ (မကျန်းမာသူများကို ငြိမ်းချမ်းစေခြင်းမှစ၍ လူငါးထောင်ကျော်အား ကျွေးမွေးတော်မူခြင်းအထိ) သည် အံ့ဩဖွယ်ရာ သက်သက် မဟုတ်ဘဲ ဘုရားသခင်၏ မေတ္တာတော်နှင့် ဘုရားသခင်၏ နိုင်ငံတော် နီးကပ် လာခြင်းကို ဖော်ပြနေသည့် နိမိတ်များဖြစ်ကြောင်း အလေးပေး မိန့်ကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ အဓိက ထောက်ရှုချက်များ မှာ ကြွယ်ဝသော စောင့်ရှောက်မှု – ခရစ် တော်နှင့် တွေ့ဆုံခြင်းသည် သစ္စာတရားနှင့် အသက်ရှင်ခြင်းအတွက် လူသားတို့၏ ငတ်မွတ်မှုကို ပြည့်ဝ စေပါသည်။ အံ့ဖွယ်တန်ခိုးပြပြီးနောက် ကျန်ကျွင်းသောမုန်အကြိုးအပဲ ၁၂ တောင်း ကျန်ရှိခဲ့သကဲ့သို့ ဘုရားသခင်၏ စောင့်ရှောက်မှုသည် မည်သည့်အခါမျှ လျော့နည်းမသွားပါ။
လောဘကို သတိပြုရန် – ပုပ်ရ ဟန်းမင်းကြီးက ပစ္စည်းဥစ္စာ စုဆောင်းခြင်းနှင့် ဖြုန်းတီးခြင်း တည်းဟူ သော “ဝိညာဉ်ရေး ရောဂါ” ကို သတိပေးခဲ့ပြီး၊ ယင်းသည် စစ်ပွဲနှင့် မုန်းတီးမှုများကြားတွင် ငတ်မွတ် ခေါင်းပါးနေသူများ၏ ဒုက္ခကို မမြင်နိုင်အောင် စိတ်နှလုံးကို ထုံထိုင်းစေကြောင်း ထောက်ပြခဲ့သည်။ မင်္ဂလာစက္ကရမင်တူးနှင့် ချစ်ခြင်းမေတ္တာ – ယေဇူးသည် မုန့်ကို ကောင်းချီးပေး၍ ဖဲ့ပေးခဲ့သည့် လုပ် ဆောင်ချက် (နောက်ဆုံးညစာစားပွဲတွင် ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည့်) ကို ပြန်လည်အမှတ်ရစေလျက်၊ ကိုယ်တော်မြတ်စက္ကရမင်တူး၏ ကျေးဇူးတော်ကို လက်တွေ့ဘဝတွင် ကျင့်သုံးကြရန် ဖိတ်ခေါ်ခဲ့သည်။ မိသားစုများနှင့်အတူ အစားအစာများကို ကောင်းချီးပေးခြင်း၊ လိုအပ်နေသော အိမ်နီးချင်းများကို ကူညီ ခြင်းနှင့် အနားယူချိန်များတွင် ညီအစ်ကို မေတ္တာဖြင့် ငြိမ်းချမ်းမှုကို ဖန်တီးကြရန် တိုက်တွန်းခဲ့သည်။ မိမိတို့နေ့စဉ် မေတ္တာတရား၌ တိုးတက်ကြီးပွားနိုင်စေရန်အတွက် မယ်တော်မာရီယာထံ ဆုတောင်း မေတ္တာ ပို့သရင်း နိဂုံးချုပ်ခဲ့ပါသည်။
#PopeLeoXIV #Angelus #Gospel #Eucharist #CatholicChurch #Vatican
Fr. Peter Kyi Maung
Phto credit: Vatican News
https://www.vaticannews.va/en/pope/news/2026-08/pope-leo-xiv-at-angelus-2-august-2026-vatican.html

