
အိမ်ထောင်ရှင် ခင်ပွန်းတစ်ယောက်က သူ့ဇနီးအပေါ်မှာ မထင်မှတ်တဲ့ သာမန် အမှားလေးတွေ မှားတတ်တဲ့အကြောင်း
Mistakes ဒီနေ့မှာ အိမ်ထောင်ရှင် ခင်ပွန်းတစ်ယောက်က သူ့ဇနီးအပေါ်မှာ မထင်မှတ်တဲ့ သာမန် အမှားလေးတွေ မှားတတ်တဲ့အကြောင်း တင်ပြပေးသွားချင်ပါတယ်။ သာမန်အမှားလေးတွေဆိုပေမယ့်လည်း တစ်ခါတစ်ရံမှာ အိမ်ထောင်တစ်ခု relationship တစ်ခုက ပြိုကွဲသွားနိုင်ပါသေးတယ်။ ဒီသာမန်အမှားလေးတွေကို ကြိုတင်သိထားရင် အိမ်ထောင် တစ်ခု relationship တစ်ခုကို အထောက်အကူရလိမ့်မယ်လို့ ထင်ပါတယ်။ နားဆင်နေတဲ့ တချို့ အမျိုးသားတို့ကိုလည်း တဖက်သတ်ပြောတာမဟုတ်ပါဘူးဆိုတာကိုလည်း ကြိုတင်ပြီး နားလည်ပေး ပါလို့ ပြောချင်ပါတယ်။ အဲ့ဒီမှားတတ်တဲ့ အမှားတွေထဲက အမှားတစ်ခုကတော့ ဇနီးမယားကို လိမ်ညာတာပဲဖြစ်ပါ…









