
ဖာသာရ် Cyril Nay Myo Htet (SJ) ပါစကားကာလသတ္တမသီတင်းပတ် သောကြာနေ့ ဩဝါဒ ၁၇၊ ၅၊ ၂၀၂၄



ဒီနေ့မှာ ကြီးကောင်ဝင် adult အရွယ်ရောက်လာတဲ့ သားသမီးတွေက မိဘကို အဆက်ဖြတ် ချင်ကြတာ ဘာဖြစ်လို့လဲ။ မိဘနဲ့သားသမီးကြား ခိုင်မာတဲ့ မိသားစုချည်နှောင်မှုကို ပြန်လည်ပြီး ဘယ်လိုတည်ဆောက် ယူမလဲ ဆိုတဲ့အကြောင်း ကြားဖူးမြင်ဖူးခဲ့တာလေးတွေနဲ့ မျှဝေပေးချင်ပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင် သောတရှင်တို့ရဲ့ ပတ်ဝန်း ကျင်မှာ မိဘတွေရဲ့ ညည်းသံတွေကြားနေ ရသလို တချို့မိဘတွေလည်း ကိုယ်တိုင်ခံစားနေကြရမှာပါ။ ဒီကြီးကောင်ဝင်တဲ့ အရွယ်တွေက မိဘတွေလုပ်ပေးတာကို မကြိုက်ကြဘူး၊ အဲ့ဒီတော့ မိဘနဲ့ သားသမီး ကောင်း မွန်တဲ့ဆက်နွယ်မှု မရှိသလို ဖြစ်နေပါတယ်။ မိဘတစ်ဦးက…


ဒီတိုင်းပြည်ကို ဘယ်လိုစီမံကွပ်ကဲရမယ်ဆိုတာ သိတဲ့ လူအားလုံးက တက္ကစီမောင်း၊ ဆံပင်ညှပ်နဲ့ အလုပ်ရှုပ်နေကြတာ တော်တော် ဆိုးသဗျာ့။အမေရိကန်လူရွှင်တော်ကြီး ဂျော့ဂျ် ဘန်းစ် (၁၈၉၆ – ၁၉၉၆) ပြောခဲ့တဲ့ သရော်စကားတစ်ခွန်းပါ။ဘန်းစ်က စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။အသက် ၁၀၀ အရွယ်ရောက်မှ လူ့လောကကို စွန့်ခွာသွားခဲ့တဲ့ ဘန်းစ်ဟာသူ ကျင်လည်ခဲ့ရတဲ့ အနုပညာလောက (စာပေ၊ ရုပ်ရှင်၊ ဂီတ) ထဲ ထိတွေ့ပတ်သက်ခဲ့တဲ့ ‘ ပါလေရာလေအိုး ‘ တွေကို မြင်ပြင်းကတ်စိတ်နဲ့ သရော်ခဲ့ပုံရတယ်။ဒီဘက်ခေတ် ဆိုရှယ်မီဒီယာလောကကို မမီလိုက်လို့…




ရဟန်းမင်းကြီးဖရန်စစ်သည် ဖိုးဖွားထောင်ကျော်နှင့်၄င်းတို့၏မြေးများနှင့်ဗာတီကန်၌တွေ့ဆုံမည်ဟုကြေငြာခဲ့ ‘A Caress and a Smile’ (အတို့အထိတစ်ချက်၊ အပြုံးတစ်ချက်) ဟုလာမည့်စနေနေ့ (ဧပြီ ၂၇) ရက်နေ့၌ကျင်းပမည့်အစီအစဉ်၏အမည်ဖြစ်ပြီး ထိုအစီအစဉ်ကိုဗာတီကန်အတွင်းရှိ ရဟန်း မင်းကြီးပေါလ် (၆) ခမ်းမ၌ကျင်းပမည်ဖြစ်သည်ဟုကြိုတင်ကြေငြာခဲ့သည်။ ထိုနေ့၌ အီတလီတစ်နိုင်ငံလုံးရှိ သက်ကြီးရွယ်အိုများ၊ အဖိုးအဖွားများနှင့်၄င်းတို့၏မြေးမြစ်များနှင့်အတူရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံမည်ဖြစ်ကာ သက် ကြီးရွယ်အိုများ၊ အဖိုးအဖွားနှင့်၄င်းတို့၏မြေမြစ်များနှင့်တွေ့ဆုံမည်ဖြစ်သည်ဟုဆိုသည်။ သက်ကြီးရွယ်အိုများစောင့်ရှောက်ရေးဌာန၏တာ၀န်ခံဖြစ်သော ဂိုဏ်းချုပ် Vincenzo Paglia ၏ပြောကြားချက်အရ အီတလီနိုင်ငံသည် သက်ကြီးရွယ်အိုအများဆုံးရှိသောကမ္ဘာ့နိုင်ငံများအ နက် ဒုတိယအများဆုံးဖြစ်သည်။ ယခုကဲ့သို့စီစဉ်ကျင်းပရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ လက်ရှိ ၌မျိုးဆက်လေးဆက်အတူတကွယှဉ်တွဲနေထိုင်နေကြရသည့်ကာလတစ်ခုဖြစ်ပြီး ဤအခြေအနေမျိုး သည်လွန်စွာဖြစ်ခဲထူးခြားသည်။…

ပုပ်ဖရန်စစ်၏အီတလီနိုင်ငံ၊ ဗင်းနစ်မြို့သို့ကြွရောက်ခဲ့သောနေ့တစ်၀က်တမန်တော်ခရီးမှတ်တမ်းထွက်ရှိ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယခုလအစောပိုင်းကဗာတီကန်သတင်းပြန်ကြားရေးဌာနကထုတ်ပြန်ထားခဲ့သည့်အတိုင်း ဧပြီလ (၂၈) ရက်နေ့၊ ပါစကားကာလပဉ္စမပတ်တနင်္ဂနွေနေ့က အီတလီနိုင်ငံ ၏ အရှေ့မြောက်ဘက်ရှိအထင်ကရမြို့တစ်မြို့ဖြစ်သည့် ‘ဗင်းနစ်’ မြို့သို့ကြွရောက်ခဲ့သည်။ ပုပ်ဖရန်စစ်သည် ဗင်းနစ်မြို့ရှိ အမျိုးသမီးအကျဉ်းထောင်သို့ကြွရောက်ပြီး အမျိုးသမီးအကျဉ်းသူများ၊ ၀န်ထမ်းများ၊ လုပ်အားပေးများနှင့်တွေ့ဆုံခဲ့သည်။ ဤသို့အသီးသီးတွေ့ဆုံစဉ်၌ ၄င်းတို့ ပြောပြလာသောရင်တွင်းစကားများ၊ ရှင်းပြချက်များကိုနားစွင့်ထောင်ခဲ့သည်။ ထို့နောက်ရဟန်းမင်းကြီးမှ ၄င်းတို့ကိုအားပေးစကား၊ နှစ်သိမ့်စကားများနှင့်အမိမယ်တော်သူငယ်ယေဇူအားပွေ့ချီထားသောပုံတော်ကိုလက်ဆောင်အဖြစ်ပေးခဲ့သည်။ အကျဉ်းသူများကလည်း အကျဉ်းထောင်အတွင်း၄င်းတို့နေ့စဉ်လုပ်ကိုင်ရသည်များကိုလိုက်လံပြသခဲ့သည်။ ရဟန်းမင်းကြီးကအတူပေါင်းစည်းလုပ်ဆောင်ခြင်းဖြင့်အကျဉ်းသားဘ၀ ကိုကုစားကျော်ဖြတ်ခြင်းသည်အရေး ကြီးကြောင်းကိုမိန့်ကြားခဲ့သည်။ ပုပ်ဖရန်စစ်သည် ဗင်းနစ်မြို့၌ ကျင်းပသော ‘အနုပညာပြပွဲကြီး’ အခမ်းအနားသို့ လည်းတက်ရောက်ခဲ့ပြီး ယဉ်ကျေးမှုအားထွင်းထုသောအနုပညာ၏ကဏ္ဍနှင့်ဘ၀စိန်ခေါ်ချက်များကိုပျော်ရွှင်မှုနှင့်မျှော်လင့်ချက်များဖြင့်ကျော်ဖြတ်နိုင်ရန်တိုးမြှင့်လုပ် ဆောင်ကြရန်၊ မိမိတို့၏လက်ကိုင်ဖုန်းများဖြင့်သာတန်ဖိုးရှိသောအချိန်များကိုမကုန်ဆုံးစေဘဲ…