
ဖာသာရ် peter ကြည်မောင် (မန္တလေး) သာမန်ကာလ (၃၄) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၂၂၊ ၁၁၊ ၂၀၂၂

ဓမ္မိတ်ဆွေတို့ ဒီကနေ့ကြာနာရတဲ့ ရှင်လုကာ ဧဝံဂေလိကျမ်းမှာ လူတွေက ဂျေရူဇလင်ဗိမာန်တော်ကြီး လှပကြောင်းကိုပြော ဆိုနေကြတယ်။ သို့သော်လည်း အရာရာကိုသိမြင်တော်မူသော သခင်ခရစ်တော်ဘုရားက ဒီဗိမာန်တော်ရဲ့ ကျောက်တုံ းတွေဟာ တတုံးပေါ်တတုံး မတင်ကျန်ရစ်ရလေအောင် ဖြိုချ ဖြက်စီးချင်းကိုခံရလိမ့်မယ်။ သခင်ခရစ်တော်ရဲ့ နောက် လိုက်တပည်များက ဆရာသခင် ထိုအရာများဘယ်တော့ဖြစ်ပျက်မည်နည်း။ ထိုအရများမတိုင်မီ မည်ကဲ့သို့သောနမိတ် လက္ခဏာများပေါ်ပေါက်လာမည်နည် စသည့်မေးခွန်းများကိုမေးခဲ့ကြတာကိုကျွန်တော်တို့အကြးနာခဲ့ရတယ်။လှည့်ဖြားခြင်းမခံရအောင်သတိရှိစွာနေကြသော၊ ငါသည်ထိုသူပင်ဖြစ်သည်ဟုဆိုကာ ငါ၏နားမ၌များစွာလာကြလိမ့်မည်။ အချိန်ကျရောက်ခါနီးပြီ၊ ထိုသူတို့နောက်သို့လိုက်မသွားကြလေနှင့်။ ဒီကနေ့ကြးနာခဲ့ရတဲ့ကျမ်းစာက ဂျေရူဇလင် ဗိမာန် တော် အကြောင်းကိုပြောနေသော်လည်း။ တစ်ခြားတစ်ဖက်ကနေ ပြန်လည် ထောက်ရှု့ကြည့်မယ်ဆိုလျှင် ကျနော်တို့ရဲ့ ခန္ဒာနာကိုယ်ကြီးဟာလည်း သန့်ရှင်းသောဝိညာဉ်တော်ဘုရားကြိမ်းအောင်းရာ၊ ဘုရားရှင်၏မေတ္တာတော်များ၊ ကျေးဇူ းတော်များ၊…








