ကျွန်ုပ်တို့၏ အမှောင်မိုက်ဆုံး အခိုက်အတန့်များတွင်ပင် ယေဇူးသခင်သည် ကျွန်ုပ်တို့ကို စွန့်ပစ်မည် မဟုတ်ပါ။

စိန့်ပီတာ ရင်ပြင်တွင် စုဝေးရောက်ရှိနေကြသော ဘုရားဖူး ပရိသတ်များနှင့် (Angelus) မေတ္တာပို့ဆု တောင်းခြင်း မိန့်ခွန်းတွင် ပုပ်ရဟန်းမင်းကြီး လီယိုက “ယေဇူးသခင် ကျွနုပ်တို့ ၏ နှလုံးသားထဲးမှာ ကိန်းဝပ်စိမ့်ဝင်မှုသည် အရာအားလုံးကို ပြောင်းလဲစေသည်” ဟု မိန့်ကြားခဲ့သည်။

တနင်္ဂနွေနေ့ (Angelus) ဆုတောင်းခြင်းအတွက် စိန့်ပီတာ ရင်ပြင်တွင် စုဝေးရောက်ရှိနေကြသော ပရိ သတ်များအား မိန့်ခွန်းပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီး လီယိုသည် ယေဇူးသခင်က “မုန်တိုင်းထန် နေချိန်တွင် တပည့်တော်များထံ ရေပေါ်လမ်းလျှောက်၍ ရောက်ရှိလာပုံ” (ရှင်မာတေဦး ၁၄:၂၂-၃၃) ထိုနေ့ ၏ ဧဝံဂေလိကျမ်းစာကို ထောက်ရှုဝေမျှခဲ့ပါသည်။

“မကြောက်ကြနှင့်”

တပည့်တော်များကို စိတ်အေးချမ်းစေရန် ရည်ရွယ်သည့် ထိုမြင်ကွင်းသည် သူတို့ကို ပို၍ပင် ကြောက် လန့်စေခဲ့သည်။ ထိုသို့ စိုးရိမ်ထိတ်လန့်နေချိန်တွင် ခရစ်တော်က “အားယူကြပါ။ ငါပင်ဖြစ်သည်။ မကြောက်ကြနှင့်” ဟု မိန့်တော်မူခဲ့သည်။

“သခင်ဘုရား ရောက်ရှိလာတော်မူခြင်းသည် အရာအားလုံးကို ပြောင်းလဲစေသည်” ဟု ပုပ် ရဟန်း မင်းကြီး လီယိုက ရှင်းပြခဲ့သည်။ “ရှင်ပေထရုသည် သခင်ထံသို့ သွားရန် ရေလှိုင်းများပေါ်တွင် ခြေလှမ်း အနည်းငယ်မျှပင် လှမ်းနိုင်ခဲ့သည်။ ထို့နောက် မကြောက်မရွံ့ လှမ်းရင်း ရေထဲသို့ မြုပ်သွားခဲ့ရာ ယေဇူး သခင်က သူ့ကို ကယ်တင်ခဲ့သည်။” ထို့ကြောင့် ဤဧဝံဂေလိ ကျမ်းပိုဒ်သည် ကြောက်ရွံ့မှု မရှိကြရန်နှင့် ယေရှုထံမှ မျက်စိမလွှဲကြရန် လိုအပ်ကြောင်းကို ညွှန်းဆိုနေပါသည်။

ယုံကြည်ခြင်း၏ တန်ခိုး

ဤအတွေ့အကြုံသည် တပည့်တော်များ၏ ရင်ထဲမှ “အမှန်စင်စစ် ကိုယ်တော်သည် ဘုရားသခင်၏ သား တော်ဖြစ်တော်မူ၏” ဟူသော ယုံကြည်ခြင်း ဝန်ခံချက်ကို ထွက်ပေါ်လာစေကြောင်း၊ ဤယုံကြည်ခြင်း ဝန်ခံချက်ကို ရှင်မာတေဦးဧဝံဂေလိကျမ်းပါ အခြားသော အဖြစ်အပျက်တစ်ခုနှင့် ဆက်စပ်ပြခဲ့ရာ၊ ထို အဖြစ်အပျက်တွင် ယေရှုက “ငါအမှန်ဆိုသည်မှာ သင်တို့သည် သံသယမရှိဘဲ ယုံကြည်ခြင်းရှိလျှင် ဤတောင်ကို ‘နေရာမှဖယ်၍ ပင်လယ်ထဲသို့ ဆင်းလော့’ ဟု ဆိုပါက ထိုအတိုင်း ဖြစ်လိမ့်မည်” (ရှင်မာတေဦး၂၁:၂၁) ဟု မိန့်တော်မူခဲ့သည်။

ဒေါသထွက်နေသော ရေလှိုင်းများအလယ်တွင် ခရစ်တော်၏ ငြိမ်းချမ်းခြင်းသည် တပည့်တော်များထံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ရာ၊ ဤသည်မှာ တပည့်တော်များ အိုင်ပေါ်တွင် အမှန်တကယ် ကြုံတွေ့ခဲ့ရသည့် အရာ ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ထောက်ပြခဲ့သည်။

မိမိတို့ကိုယ်ကို မည်သည့်အခါမျှ အထင်ကြီးလွန်းခြင်း မရှိပါစေနှင့်

ပုပ်ရဟန်းမင်းကြီး လီယိုသည် ထိုတန်ခိုးတော်ပြခြင်းမှ သင်ခန်းစာ နှစ်ခုကို ထုတ်နှုတ်ပြခဲ့သည်။

ပထမမှာ “အောင်မြင်မှုနှင့် ရင်ဆိုင်ရသည့်အခါ ထာဝရ မာနမထောင်လွှားကြရန်” နှင့်

ဒုတိယမှာ “ပြဿနာများနှင့် ရင်ဆိုင်ရချိန်တွင် မိမိတို့၏ ကြိုးစားအားထုတ်မှုများ ရှိစေကာမူ ရှေ့သို့ မတက်ဘဲ နောက်သို့ ဆုတ်နေရသည်ဟု ခံစားရသည့် အမှောင်မိုက်ဆုံး အခိုက်အတန့်များ၌ပင် အမှန် တကယ် စိတ်ပျက်အားလျှော့ခြင်း မရှိကြရန်” ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက “မည်သို့သောအခြေအနေ အရပ်ရပ်မျိုးတွင်မဆို ယေဇူးသခင်သည် ကျွန်ုပ်တို့ကို စွန့်ပစ်မည် မဟုတ်ပါ။ ဆုတောင်းခြင်း၊ စက္ကရမင်တူးမင်္ဂလာများ ခံယူခြင်းနှင့် ကိုယ်တော်၏ နှုတ်ကပတ် တော်ကို နာခံခြင်းတို့ဖြင့် ကျွန်ုပ်တို့၏ ဘဝလှေငယ်ထဲသို့ ကိုယ်တော်အား နှိမ့်ချစွာ ကြိုဆိုလက်ခံပါက ကျွန်ုပ်တို့၏ ခရီးစဉ်အတွက် ငြိမ်းချမ်းခြင်း၊ အလင်းနှင့် ခွန်အားတို့ကို ကိုယ်တော်၌ တွေ့ရှိရလိမ့်မည်” ဟု မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက “သူမ၏ ယုံကြည်ခြင်းကြောင့် ကောင်းကြီးခံစားရသူဖြစ်သည့် အမိမယ်တော် မာရီယားသည် ဘုရားသခင်ထံ ယုံကြည်စိတ်ချစွာ ပုံအပ်၍ ကျွန်ုပ်တို့အား သူမဤ

စံနမူနာကိုနာယူ နေထိုင်နိုင်ရန် ကူညီပါစေ” ဟု ဆုတောင်းပေးရင်း မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။

Fr. Peter Kyi Maung

Credit to Vatican News

Website: rvamyanmar.org

https://www.youtube.com/@rvamyanmar8152/videos

https://www.vaticannews.va/…/pope-let-angelus-darkest…

See less

rvamyanmar
rvamyanmar
Articles: 4139

Leave a Reply

Your email address will not be published. Required fields are marked *