rvamyanmar

rvamyanmar

ယူကရိန်စစ်ကြောင့်ခိုကိုးရာမဲ့ဖြစ်နေသောကလေးများအားသာသနာမှကူညီရန်စတင်

ယူကရိန်စစ်ကြောင့်ခိုကိုးရာမဲ့ဖြစ်နေသောကလေးများအားသာသနာမှကူညီရန်စတင် ရုရှား၏ယူကရိန်းနိုင်ငံအားကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံသား (၁၄) သန်းခန့်နေရာစွန့်ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထက်၀က်ကျော်မှာနိုင်ငံကိုပင်စွန့်၍ထွက်ပြေးသွားခဲ့ကြသည်။ နိုင်ငံအတွင်းသောင်တင်ကျန်ရစ်နေသောတစ်ချို့တစ်၀က်မှာကလေးများဖြစ်ကြသည်။ ၄င်းတို့သည် လူသားချင်းကူညီပေးသောအသင်းအဖွဲ့တို့၏ပံ့ပိုးပေးမှုဖြင့်ဆက် လက်ရှင်သန်ရပ်တည်နေကြသည်။ အဆိုပါလူသားချင်းအကူအညီပေးသည့်အသင်းအဖွဲ့များအနက် နိုင်ငံတကရွေ့ပြောင်များအားကူညီပေးသော ကက်သ လစ်ကော်မရှင်အဖွဲ့သည်လည်းဒုက္ခသည်များအားကူညီပေးလျှက်ရှိသောအဖွဲ့တစ်ဖွဲ့ဖြစ် သည်။ အဆိုပါကော်မရှင်၏ အထွေထွေအတွင်းရေးမှုးမှာမွန်ဆီညှော် Robert Vitillo ဖြစ်ပြီး စစ်ကြောင့်ကလေးတို့၏ဘ၀ဖယိုမရဲဖြစ်နေသည်ကိုမြင်တွေ့ရသည်မှာလွန်ထိတ်လန့်တုန့်လှုပ်သွားရကြောင်းပြောပါ သည်။ သူ့အနေဖြင့် သာသနာကထောက်ပံ့ပေးထားသောစစ်ဘေးရှောင်နေရာများသို့ကိုယ်တိုင်သွားရောက်ခဲ့ကြောင်း၊ ကလေးများကိုယ်တိုင်၏ရင်နင့်ဖွယ်ကြောက်ရွံ့ထိတ်လန့်ခဲ့ရသည့်အဖြစ်ကိုပြန်လည်ပြောပြ သည်ကိုကြားခဲ့ရကြောင်း၊ ညသန်း ခေါင်ယံ၌လည်း ဗုံးသံ၊ ဗုံးဆံများကြောင့်လန့်နိုးလာပြီးအသက်လွတ်အောင်ထွက် ပြေးခဲ့ကြကြောင်း၊ အချို့သည့်၄င်းတို့၏ မျက်စိအောက်၌ပင် ထိမှန်သေဆုံးသွားခဲ့သည့်ဖြစ်အင်ကိုလည်းမြင်တွေ့ခဲ့ရကြောင်း၊ မည်သို့ပင်ဖြစ်စေ ၄င်းတို့၏ဘ၀အဆိုးဆုံးကား ၄င်းတို့၏ဇာတိချက်ကြွေမွေးရပ်မြေကိုစွန့်ထားခဲ့ရသည့်ခံစားချက်ဖြစ်ကြောင်း၊ ဌာနေသို့ပြန်ချင်ကြောင်း၊ ထိုသို့ပြန်ချင်သော်လည်း ၄င်းတို့၏အိမ်များသည်…

ကမ္ဘာလုံးဆိုင်ရာ မားဂျစ်(စ်) လူငယ်တွေ့ဆုံပွဲနှင့် (၃၇)ကြိမ်မြောက် ကမ္ဘာ့လူငယ်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ လူငယ်နှစ်ဦး၏ အတွေ့အကြုံများအားဝေမျှခြင်း

ကမ္ဘာလုံးဆိုင်ရာ မားဂျစ်(စ်) လူငယ်တွေ့ဆုံပွဲနှင့် (၃၇)ကြိမ်မြောက် ကမ္ဘာ့လူငယ်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ လူငယ်နှစ်ဦး၏ အတွေ့အကြုံများအားဝေမျှခြင်း Thursday, August 17, 2023 ကမ္ဘာလုံးဆိုင်ရာ မားဂျစ်(စ်) လူငယ်တွေ့ဆုံပွဲနှင့် (၃၇)ကြိမ်မြောက် ကမ္ဘာ့လူငယ်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမှ လူငယ်နှစ်ဦး၏ အတွေ့အကြုံများအားဝေမျှခြင်း ကမ္ဘာ့နိုင်ငံအသီးသီးမှ ( Magis 2023 ) မားဂျစ်(စ်) လူငယ်များတွေ့ဆုံပွဲ ကိုJuly (22-31) ရက်နေ့ထိပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ထိုတွေ့ဆုံပွဲသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ မားဂျစ်လူငယ်ပေါင်း(၂၀၀၀)ကျော်တက်ရောက်ခဲ့သည်။ မားဂျစ်(စ်)၏ အဓိက…

သားသမိးလေးတွေရဲ့ အကျင့်စာရိတ္တကို မိဘတွေက သင်ကြားပေးကြရအောင်

Disciplining           ဒီနေ့မှာ သားသမိးလေးတွေရဲ့ အကျင့်စာရိတ္တကို မိဘတွေက သင်ကြားပေးကြရအောင်ပါ ဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။           မိဘတွေက အကျင့်စာရိတ္တ ပြုပြင်လေ့ကျင့်ပေးတာက သာမန်လို့ပဲ ထင်ကြမှာပါပဲ အမြဲတမ်း ပဲသင်ပေးနေလို့လေ။ ဒါပေမယ့် စနစ်တကျရှိဖို့တော့လိုပါတယ်။ တချို့သော Point တွေမှာ သူတို့ ဘာသာပြုပြင်မယ့်အစား မိဘကိုယ်တိုင်က သားသမီးရဲ့ စွမ်းရည်နဲ့ မဖြစ်မနေသင်ပေးရမှာတွေရှိ ပါတယ် ။           အကျင့်စာရိတ္တကို ပြုပြင်လေ့ကျင့်ပေးတယ်ဆိုတာ အင်္ဂလိပ်လို Discipline ဆိုတဲ့ စကားလုံး ဖြစ်ပြီး Disciple ဆိုတဲ့…

ကိုယ့်အိမ်မက်တွေကိုကလေးတွေကိုဆက်မမက်ခိုင်းပါနဲ့

အတန်းထဲမှာ ကျောင်းသား ကျောင်းသူ အယောက်၆၀ရှိတယ်ဆို လိုက်မေးကြည့်ပါ ကြီးလာရင်ဘာလုပ်မှာလဲလို့ အယောက်၄၀လောက်က ဆရာဝန်ကြီး လုပ်မယ်လို့ဖြေကြပါတယ် ကျန်တဲ့၁၅ယောက်က အင်ဂျင်နီယာကြီးလုပ်မယ် စစ်ဗိုလ်ကြီးလုပ်မယ်လို့ ဖြေကြပါတယ် ၅ယောက်လောက်ကပဲ သား မသိဘူး သမီး မသိသေးဘူး ဆိုတဲ့ အဖြေကိုရိုးရိုးသားသား ဖြေတတ်ကြပါတယ် တကယ်တော့ ကျွန်မအပါအဝင်ဆရာဝန်ကြီးလုပ်မယ်လို့ ဖြေခဲ့တဲ့သူတွေရဲ့ တစ်ဝက်လောက်ဟာ ဆရာဝန်တကယ်ဖြစ်ချင်တဲ့သူတွေလည်း မဟုတိကြပြန်ပါဘူး ဒါပေမဲ့.. ကျွန်မ တို့တွေဟာ ဆရာဝန်ဖြစ်ချင်ရမယ်လို့ သင်ကြားခြင်းခံခဲ့ရသူများဖြစ်ပါတယ် ဘာဖြစ်လို့လဲ.. တက္ကသိုလ် ဝင်တန်းစာမေးပွဲမှာ အမှတ်အများဆုံးရမှ ဆေးတက္ကသိုလ်တက်လို့ရတာလေ.ဒီတော့ဆရာဝန်လောင်းတွေဟာ စာအတော်ဆုံး သူတွေပဲ. .…

ဖာသာရ် Rev. Fr. Augustine တင်မောင်ထွန်း (မန္တလေး) ၁၉ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၁၃၊ ၈၊ ၂၀၂၃

သာမန်ကာလ (၁၉)ကြိမ်မြောက်တနင်္ဂနေ့ရှင်မာတေဦး ၁၄း၂၂ – ၃၃ယေဇူးဘုရားရှင်ကို သင်က ဘယ်လောက်ယုံကြည်သလဲဆိုတာ နေ့တိုင်း စုံစမ်းခံနေရပါတယ်။ အလုပ်ပြုတ်တဲ့အခါ၊ကိုယ့်လုပ်ငန်း မအောင်မြင်တဲ့အခါ၊ ဖျားနာတဲ့အခါ ကျနော်တို့ အားငယ်ပြီး ဘုရားအပေါ် ယုံကြည်အားကိုးတဲ့စိတ်မရှိကြတော့ဘူး။ ယနေ့ ဖတ်ရတဲ့ ပထမကျမ်းစာမှာ ပရောဖက် ဧလိယက ထာဝရဘုရားသာလျှင် စစ်မှန်တဲ့ဘုရားဖြစ်ကြောင်းလူတွေကို သက်သေပြနိုင်တဲ့အခါ လူတွေက သူတို့အပေါ်မှာ မဟုတ်မမှန်တဲ့ နတ်ဘုရားနဲ့ လှည့်စားနေတဲ့ နတ်ဆရာတွေကိုသတ်လိုက်ကြတယ်။ ဒီအကြောင်းကို ကြားသိရတဲ့ မိဖရားကြီးက သူကိုးကွယ်နေတဲ့နတ်ဆရာတွေကို ပရောဖက်ဧလိယကသတ်ရမလားဆိုပြီး ပရောဖက်ဧလိယကို လိုက်သတ်ခိုင်းပါတယ်။ ဒါနဲ့ ပရောဖက်ဧလိယလည်း အသက်လုပြီးထွက်ပြေးရပါတော့တယ်။ပရောဖက်ဧလိယက…